Tuesday, May 19, 2020

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မုန်တိုင်းကြောင့် စိုးရိမ်နေရ

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
ကျော်လွင်ဦး
2020.05.19
ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ကုတုပါလောင်ဒုက္ခသည် စခန်းကို တွေ့ရစဉ်
Photo: U Aung Myine
 
■ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN) ဟာ နောက်နှစ်ရက်အတွင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံတွေ ကို ဖြတ်ကျော်တိုက်ခိုက်မယ်လို့ သတိပေးထားတာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။

လက်ရှိဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ဟာ မြန်မာနိုင်ငံ ပုသိမ်မြို့ အနောက်တောင်ဘက်၊ အိန္ဒိယနိုင်ငံ ပါရဒစ်ပ်မြို့တောင်ဘက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်ပူပါရာမြို့ တောင် ဘက်မှာ ဗဟိုပြုနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒက သတိပေးထားပါတယ်။

ဒီမုန်တိုင်းဟာ မြန်မာနိုင်ငံကို ဦးတည်တာမရှိဘဲ နောက် ၇၂ နာရီအတွင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရ်ှ ကမ်းရိုး တန်းကို အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်းတိုင်းအဖြစ်နဲ့ တိုက်ခတ်ဖို့ရှိတယ်လို့ မိုးဇလက ထုတ်ပြန် ထားတာပါ။

မုန်တိုင်းက မြန်မာနိုင်ငံကို ဦးမတည်ပေမယ့် မုန်တိုင်းဖြတ်မယ့်လမ်းကြောင်းမှာ လေတိုက်နှုန်း မိုင် ၁၀၀ ကျော်တာကြောင့် အန္တရာယ်ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောပါတယ်။

“အဓိကတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရ်ှကိုဝင်မှာ လောလောဆယ် သူက မိုင် ၁၀၀ ရှိတယ်၊ ဒီထက်အား  ကောင်းနိုင်ပြီး မုန်တိုင်းက မိုင် ၁၂၀၊ ၁၃၀ လောက်ထိဖြစ်လာနိုင်တဲ့ အနေအထားရှိတယ်ပေါ့နော်၊ သူ သွားတဲ့ လမ်းတလျှောက်တော့ အန္တရာယ်များနိုင်တယ်၊ ကျနော်တို့နိုင်ငံမှာတော့ သူရဲ့အရှိန်ကြောင့် ကမ်းရိုး တမ်း တလျှောက်မှာတော့ တစ်ခါတစ်လေ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တယ်”

မုန်တိုင်း တိုက်ခတ်မယ့်အကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဆက်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာလည်း စခန်းတာဝန်ရှိသူတွေက သတိပေးနေပါတယ်။

လက်ရှိ ပြိုပျက်လုနီးပါးဖြစ်တဲ့ တဲတွေမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ တဲတွေပြိုတာ၊ ရေ ကြီး တာ၊ မြေပြိုတာတွေဖြစ်မှာ စိုးရိမ်နေတာပါ။

“တကယ်လို့ မုန်တိုင်းကြီးလာမယ်ဆိုရင် ကျနော်တို့မှာ မြေပြိုသွားနိုင်တယ်၊ တဲတွေ၊ အိမ်တွေ ပြိုကျ သွား နိုင်တယ်၊ လူတွေလည်း ထိခိုက်နိုင်တယ်၊ တဲတွေက အများဆုံးပါသွားမယ်လို့ ကျနော်တို့ ထင်ပါ တယ်၊ အဲ လိုမျိုး အန္တရာယ်အများကြီးရှိပါတယ်”

ကုတုပါလောင်ဒုက္ခသည် စခန်းက ဦးအောင်မြိုင် ပြောသွားတာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်ကနေ ၂၀၁၇ ခုနစ်ကတည်းက ထွက်ပြေးခဲ့ကြတာဖြစ်လို့ သူတို့ နေ ထိုင်တဲ့ တဲတွေဟာ ၂ နှစ်ကျော်ကြာတဲ့အထိ မပြင်ဆင်ရသေးတာကြောင့် ပြိုပျက်လုနီးနီးဖြစ်နေ တယ် လို့ ဦးအောင်မြိုင်က ပြောပါတယ်။

လက်ရှိ ဒုက္ခသည်စခန်းမှာ မုန်တိုင်းဖြစ်ရင် ခိုလှုံရမယ့်နေရာ မရှိဘူးလို့ ရိုဟင်ဂျာလူငယ်အစည်းအရုံး ဒါရိုက် တာ ဦးခင်မောင် က ပြောပါတယ်။

“အစိုးရက ဆောက်လုပ်ထားတဲ့၊ NGO တွေက ဆောက်လုပ်ထားတဲ့ ရုံးတွေရှိတယ်၊ ကျောင်းတွေရှိ တယ်၊ အခိုင်အမာဆောက်ထားတာ၊ အဲမှာ တကယ်လို့ လူတွေ၊ တဲတွေ ပျက်စီးခဲ့မယ်ဆိုရင် လူတွေကို ယာယီ အနေနဲ့ အဲမှာခိုလှုံခွင့်ပေးတာရှိတယ်၊ ဒါပေမဲ့ ရာသီဥတုဒဏ်ခံဖို့ စီစဉ်ဆောက်လုပ်ထားတာ မရှိ ဘူး”

ဒုက္ခသည်တွေ နေထိုင်ရေး ကူညီမယ့်သူတွေကို အဆင်ပြေအောင် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ဆောင် ရွက်ပေးစေလိုတယ်လို့ ရိုဟင်ဂျာဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ ရန်ကုန်မြို့မှာ နေထိုင်သူ ဦးသာအေး က ပြောပါတယ်။

“Covid-19 ရယ်၊ မီးလောင်တဲ့ ကိစ္စရယ်၊ လာမယ့် မုန်တိုင်းကိစ္စရယ် ဒါတွေကိုအဓိကအားဖြင့် နိုင်ငံတ ကာ လူ့အဖွဲ့အစည်းတွေက ဒီဒုက္ခတွေကနေ လွတ်မြောက်အောင် ပိုပြီးတော့မှ ကူညီပေးဖို့လိုတာပေါ့၊ ဒုက္ခသည် စခန်းမှာလည်း ကူညီမယ့်သူတွေက အကန့်အသတ်နဲ့ ဝင်နေရတယ်လို့ ကြားနေရတယ်၊ ဒီ ကိစ္စတွကို တာ ဝန်ရှိသူတွေက ပြေလည်အောင်လုပ်ပေးဖို့တော့ လိုတာပေါ့”

၂၀၁၇ ခုနစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဆက်ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ရှိပါ တယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်မှာ ဒုက္ခသည်စခန်း နှစ်ခုသာရှိပြီး အဲဒီဒုက္ခသည် စခန်းတွေက ကုန်းတွင်းပိုင်းမှာဖြစ်တဲ့အတွက် မုန်တိုင်းကြောင့် စိုးရိမ်စရာမရှိဘူးလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စု များအ စည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။ ဒီဒုက္ခသည်စခန်းတွေမှာ ပြီးခဲ့တဲ့နှစ် မိုးရာ သီကလည်း ရေကြီးတာ၊ မြေပြိုတာတွေဖြစ်ခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
- Zawgyi

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */