10 မအောက်တိုဘာ 2019

ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက် သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့တဲ့အတွက် ဘာတွေဆောင်ရွက်နေတယ်ဆိုတာကို မသိရသေး ပါဘူး။
ပေါက်ကွဲမှု ဖြစ်စဉ် အသေးစိတ်နဲ့ ဘယ်အဖွဲ့အစည်း လက်ချက် ဆိုတာကိုတော့ အခုလောလောဆယ်မှာ သက်ဆိုင် ရာ အာဏာပိုင်တွေဘက်က အတည်ပြု သတင်းထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကို ဘူးသီးတောင်မြို့ပေါ်ကနေ အသံကြားလိုက်ရပြီး တပ်မကိုသွားတဲ့လမ်းမှာရှိတဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့အချုပ် NLD ပါတီရုံးအနီးမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကတော့ ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။
"တပ်ကိုသွားတဲ့လမ်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်၊ မနက် ၈ နာရီကျော်လောက်ရှိမယ်ထင်တယ်၊ ပေါက်ကွဲသံ ကိုတော့ ကြားလိုက်ရတယ်၊ နန်းရာကုန်း ရွာနားမှာ လမ်းမနားမှာပေါက်တာပါ၊ ထိခိုက်မှုတော့မရှိဘူး" လို့ ဦးအောင်သောင်း ရွှေကပြောပါတယ်။
အဲ့ဒီပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာအနီးမှာ နန်းရာကုန်း မွတ်ဆလင်ကျေးရွာရှိပြီး တစ်ဖက်မှာ ဘူးသီးတောင် မြို့ဖြစ်ကာ အဲ့ဒီလမ်းဟာ ဘူးသီးတောင်-ပုဏ္ဏားကျွန်း အဝေးပြေးလမ်းမ ဖြစ်တယ်လို့ သူကပြောပါတယ်။
နန်းရာကုန်း မွတ်ဆလင်ကျေးရွာအလွန်မှာတော့ ကြက်မောက်တောင်ရွာနဲ့ စစ်တပ်တို့ရှိပြီး အခုပေါက်ကွဲ ခဲ့တဲ့နေ ရာနဲ့ တပ်မနဲ့ နှစ်မိုင်ဝန်းကျင်လောက်ကွာဝေးတယ်လို့ ဒေသခံတွေကပြောပါတယ်။
- ယိုးတရုပ်ကူးတို့ဆိပ်မှာ မိုင်းခွဲတိုက်ခိုက်မှု ဖြစ်၊ ဒေသခံတွေ စိုးရိမ်နေကြရ
- ရခိုင်မြောက်ပိုင်း တိုက်ပွဲ ပြင်းထန်နေလို့ ရန်ကုန်-စစ်တွေလမ်းပိုင်းပိတ်
- ရခိုင်တိုက်ပွဲတွေမှာ အရပ်သားတွေကို တိုက်ခိုက်သူတွေကို အရေးယူဖို့ လူ့အခွင့်အရေး အစီရင်ခံ စာမှာထည့်ရေးမယ်
"ဒါကတော့ နိုင်ငံရေးအရလို့ပြောဖို့ထက် ပေါက်ကွဲမှုဟာ NLD ရုံးရှေ့လို့မဟုတ်ဘူး၊ ဘုန်းကြီးကျောင်းတွေ မှာလည်း ပေါက်နေတယ်၊ ဒါကို နိုင်ငံရေးအရ ပြောဖို့ခက်ပါတယ်၊ ဒါကတော့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ပဲ သုံး သပ် တယ်၊ ထောင်တဲ့နေရာမှာ ပေါက်တာပဲ" လို့ ဝန်ကြီးဦးဝင်းမြင့်က ပြောပါတယ်။
- ကားဂိတ်မှူးနဲ့ကျောက်သမားတွေပါဝင်နေတဲ့ မန္တလေးမှာဖမ်းမိတဲ့ အေအေ အဖွဲ့
- အပစ်ရပ်စာချုပ် အထမြောက်လာဖို့ အေအေ ဘယ်လောက် မျှော်လင့
လက်ရှိမှာတော့ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းဒေသမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် တို့ အ ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး ဒေသခံ ကျေးရွာ အများအပြားက ကျေးရွာသားတွေ ဟာ ဘူး သီးတောင် မြို့ပေါ်နဲ့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးခိုလှုံနေကြရပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန် အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းကလည်း ဘူးသီးတောင်မြို့နယ်ဆင်သေပြင်ကျေးရွာသား အသက် ၆၅ နှစ်အရွယ် မွတ်ဆလင်တစ်ဦးဟာ ကျေးရွာအနီးငါးရှာထွက်နေစဉ် တပ်မတော်စစ်ကြောင်းက ပစ်ခတ်မှုတွေအတွင်း ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ ပါသေး တယ်။
ဒါ့အပြင် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာလည်း အောက်တိုဘာ ၈ ရက်နေ့ညက တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး အသက် ၈၀ ဝန်းကျင် အဘွား တစ်ဦးနဲ့ အသက် ၁၇ နှစ်အရွယ် မသန်စွမ်းသူတစ်ဦးတို့ သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အခုလတ်တလော အောက်တိုဘာ ပထမအပတ်ကနေ စတဲ့ တိုက်ပွဲတွေအတွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ထောင်နဲ့ချီ ရှိနေပြီလို့ ဒေသခံ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ရခိုင် မြောက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်ဝန်းကျင်ကာလ အတွင်းမှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့ စစ်ဘေး ဒုက္ခသည် ဦးရေ ၇ သောင်းနီးပါးရှိလာနေပြီ ဖြစ်တဲ့အပြင် အရပ်သား ထိခိုက် သေဆုံးမှုတွေ တဖြည်းဖြည်းမြင့်တက်လာနေပြီး ဒဏ်ရာရရှိသူ ၁၃၀ ကျော်၊ သေဆုံးသူ ၈၀ ကျော် အထိ ရှိလာနေပြီလို့ အရပ်ဘက်အဖွဲ့ အစည်းတွေရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
ရခိုင်စစ်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေအတွက် ရခိုင်ပြည်နယ်လွှတ်တော်နဲ့ ရခိုင်နိုင်ငံရေးပါတီတွေက အစိုးရ၊ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တောင်းဆိုပန်ကြားမှုတွေ လုပ်ဆောင်ခဲ့ကြပေမယ့် လူနေ ဒေသတွေ အနီး တိုက်ပွဲတွေ ဖြစ်ပွားမှုနဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေက နေ့စဉ် ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment