တိုးဝေအောင်
ဇန်နဝါရီ ၈ ရက် နံနက်တွင် မင်းဘူးမြို့ဘက်မှ မကွေးမြို့သို့ မောင်းနှင်လာသော probox ယာဉ်တစ်စီးမှာ ဧရာဝတီတံတား (မကွေး) ဂိတ်သို့အရောက် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်များအား မြင်သည်နှင့် ပြန် လှည့်ကာ မောင်းနှင်ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့သည်။
ထို့နောက် တံတား ဂိတ်နှင့် (၂) ဖာလုံခန့်အကွာရှိ ထောက်ရှာပင်အုပ်စု၊ ကျွဲသိုးမြှောင်ကျေးရွာအနီး၌ မောင်း နှင်ထွက်ပြေးသည့် ယာဉ်က လိုက်ပါလာသူများကို ယာဉ်ပေါ်မှချကာ မောင်းနှင်သွားခဲ့သည်။
သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါယာဉ်ပေါ်မှ ချထားခဲ့သူများကို စစ်ဆေးရာ အထောက်အထားမဲ့ဝင်ရောက်လာသည့် ဘင်္ဂါလီ (၁၀) ဦးဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့သို့ ခေါ်ယူစစ်ဆေးရာ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ ရန်ကုန်မြို့သို့ လာ ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
မောင်းနှင်ထွက်ပြေးသည့် Probox အမျိုးအစား ကားနံပါတ်ကို စစ်ဆေးရာ နံပတ်အတုဖြစ်နေကြောင်း သိရသည်။
မင်းဘူးမြို့မရဲစခန်းက လဝက အက်ဥပဒေ ၆၂/၆၃အရ ဆက်လက် စစ်ဆေးလျက်ရှိသည်။
No comments:
Post a Comment