Monday, March 9, 2020

မက္ကာရွိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီဝတ်ကြောင်းတော်ကို ဆော်ဒီ က ပြန်လည်ဖွင့်လွစ်

MMEDIA
မတ် ၈၊ ၂၀၂၀
-
 စနေနေ့ကတွေ့ရသည့် မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု တားဆီးရေးအတွက် မက္ကာမြို့က မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို ပိုး သတ်သန့်ရှင်းမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း စနေနေ့မှာ ဆော်ဒီအာဏာပိုင်တွေက ပြန်ဖွင့်ပေးခဲ့ပေမယ့် ကန့်သတ်မှုတစ်ချို့ လုပ်ဆောင်ထားပါတယ်။

ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေ အွမ္မရာ ဘုရားဖူးခရီး လာရောက်မှုကို ဆော်ဒီက ပြီးခဲ့တဲ့တစ် ပတ် ကနေစပြီး တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ အဲဒီနောက် မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာဗလီ ဝတ်ကျောင်း တော်တွေ၊ ဇမ်ဇမ်ရေတွင်းတွေကို ပိုးသတ်သန့်ရှင်းမှုတွ ပြုလုပ်ခဲ့တာပါ။

မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို သာမန်လာရောက်လည်ပတ်သူတွေအတွက် မနေ့မှာ ပြန် လည်ဖွင့်လှစ်ပေးခဲ့ပေမယ့် ဗလီထဲက ကအ်ဘာကျောင်းတော်နေရာကို အနီးကပ်သွားရောက်ခွင့် မပြုသ လို၊ ထိတွေ့ကိုင်တွယ်ခွင့်လည်း ပြုမှာမဟုတ်ပါဘူး။

မတ်စ်ဂျစ်ဒ်ဟရမ် ဗလီနဲ့ မဒီနာက တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်တွေမှာ အီရှာ ညဉ့်ဦးယံဝတ်ပြု မှုနဲ့ ဖဂျရ် အာရုဏ်တက်ဝတ်ပြုမှုတွေအကြား ဗလီဝတ်ကျောင်းတော်ကို ပိတ်ထားမှာဖြစ်သလို၊ အစားအေ သာက်တွေကိုလည်း ဗလီထဲ ယူခွင့်ပြုမှာ မဟုတ်ပါဘူး။ ဗလီနှစ်လုံးစလုံးမှာရှိတဲ့ ဇမ်ဇမ်ရေ ပေးဝေရာနေ ရာတွေကိုလည်း ဆက်လက်ပိတ်ထားမှာ ဖြစ်ပါတယ်။

ဘုရားဖူးလာရောက်သူတွေ ဝတ်ပြုဆုတောင်းရာ ဆဖာရ်နဲ့ မရ်ဝါရ်တောင်ကို အွမ္မရာဘုရားဖူးခရီးစဉ် ပြန် လည် ခွင့်ပြုတဲ့အချိန်အထိ ဆက်ပိတ်ထားမယ်လို့ ဆော်ဒီအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်နေသူ ၁၁ ဦး ရှိနေပြီး ဗိုင်းရပ်စ် ထပ်မံပြန့်ပွားမှာကို စိုးရိမ်တဲ့အတွက် နိုင်ငံအရှေ့ပိုင်းက ကာတစ်ဖ်ပြည်နယ်ကို ဆော်ဒီအာဏာပိုင်တွေက တံခါးပိတ်ထား လိုက်ပါတယ်။

Ref: Middle East Eye
Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */