Friday, April 12, 2019

ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စ ခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင် တစ် ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလည်း စခန်းကို စွန့်ခွာသွားကြသည်ဟု နွားရုံတောင် ကျေးရွာသား တစ် ဦးက ပြောသည်။
“ မီးလောင်တာက ညနေ ၃ နာရီခွဲလောက်က မြင်တာပါ။ မီးခိုလုံးတွေတက်လာတယ်။ ရွာက လှမ်းကြည့်ရင် လှမ်းမြင်ရပါတယ်။ အဆောင် ၂ ဆောင် မီးလောင်တာကို မြင်ရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ကတော့ ဖုန်ညို လိပ်ကျေးရွာဘက်ကို ထွက်သွားကြတာ မြင်ရပါတယ်။ ရဲအင်အားက ၁၂၀ ကျော်လောက် ရှိမယ်ထင် ပါ တယ်။ ဘာကြောင့် ထွက်သွားတယ်။ ဘာကြောင့် မီးလောင်တယ် ဆိုတာကို ကျွန်တော်တို့လည်း မသိနိုင် ပါ” ဟု နွားရုံတောင်ရွာသား တစ်ဦးက ပြောသည်။

နွားရုံတောင်ကျေးရွာသည် အိမ်ခြေ ၁၇၀ ရှိပြီး ရွာသားအများအပြားမှာလည်း အနီးအနားရှိ စေတီတောင် စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေကြကြောင်း၊ ရွာစောင့်ရန် လူအနည်းငယ်သာ ရွာထဲတွင် ကျန်ရှိတော့ ကြောင်း ၎င်းက ပြောသည်။

“ အမှတ် ၅၅၁ တပ်ရင်းက လက်နက်ကြီးတွေ ပစ်ခတ်တစ်ချို့တော့ရှိပါတယ်။ ဒီကနေ့ နေ့လယ် ၁ နာရီ ကနေ ည နေ ၄ နာရီထိ ပစ်ပါတယ်။ တောင်တန်းတွေ၊ တောင်ကုန်းတွေကို လှမ်းပစ်တာပါ။ အသံတွေက ကြားရပါတယ်” ဟု ပြောကြားသည်။

ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက “ အတည်ပြုနိုင်တာက အဆောင်တစ်ချို့ မီးလောင်တာမှန်တယ်။ ရဲတွေလည်း စခန်းကနေ ထွက်သွားကြတယ်လို့ ပြောတယ်။ ဒါက ရွာသားတွေ ပေးပို့တဲ့ သတင်းအရ သိရတာပါ” ဟု ပြောကြားသည်။

နိရဉ္စရာ သတင်းဌာန အနေဖြင့် ဘူးသီးတောင်မြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသဖြင့် နွားရုံတောင် ကင်းစခန်းနှင့် ပတ်သက်ပြီး မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။
 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */