Friday, March 8, 2019

အမေရိကန်မှာ နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-08
“နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု” ရ နော်ကညောဖောကို အမေရိကန်သမ္မတကတော် Melania Trump (ယာ) နှင့် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo (ဝဲ)တို့ ဆုချီးမြင့်စဉ် 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂ဝ၁၉ ခုနှစ်အတွက် “နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု” ချီးမြင့်ရာမှာ မြန်မာနိုင်ငံက ကရင်အမျိုးသမီး နော်ကညောဖောလည်း ရရှိသွားပါတယ်။
ဒီဆုဟာ ကမ္ဘာတစ်ဝှမ်းမှာ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ ကျားမတန်းတူညီမျှရေး၊ အမျိုးသ မီးများ စွမ်းဆောင်ရည် မြှင့်တင်ရေးကဏ္ဍတွေမှာ အနစ်နာခံ ကြိုးပမ်းခဲ့တဲ့ အမျိုးသမီး ခေါင်းဆောင်တွေကို ရွေးချယ်ပေးအပ်တဲ့ဆု ဖြစ်ပါတယ်။
 
အခုနှစ်အတွက် “အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု” ကို နိုင်ငံပေါင်း ၆၅ နိုင်ငံက အမျိုးသမီးခေါင်းဆောင် ၁၂ဝ ထဲကနေ ၁ဝ ဦးကို ရွေးချယ်ချီးမြှင့်ခဲ့ပြီး၊ အဲ့ဒီအထဲမှာ နော်ကညောဖောအပြင် မြန်မာနိုင်ငံဖွား ဘင်္ဂလားဒေ့ရှ် နိုင်ငံသူ ရာဇီယာဆူလ်တာနာလည်း ပါဝင်ပါတယ်။

ဆုပေးပွဲအခမ်းအနားကို ဒီကနေ့- မတ်လ ၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပခဲ့ပြီး အမေရိကန်သမ္မတကတော် Melania Trump ကိုယ်တိုင် တက်ရောက်ပြီး ဆုချီးမြှင့်ခဲ့ပါတယ်။

အခု ဂုဏ်ပြုချီးမြင့်ခံရတဲ့ အမျိုးသမီးတွေဟာ ရဲစွမ်းသတ္တိရဲ့ သင်္ကေတဖြစ်ပြီး၊ အမျိုးသမီးတွေအနေနဲ့ ကမ္ဘာ ကြီးမှာ နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်ပြီး လွှမ်းမိုးသွားမယ်လို့ Melania Trump က ပြောဆိုသွားပါတယ်။

ဆုရှင်တစ်ဦးဖြစ်တဲ့ နော်ကညောဖောက… မြန်မာပြည်မှာ ရဲစွမ်းသတ္တိရှိတဲ့ အမျိုးသမီးများစွာရှိကြောင်းနဲ့၊ အမျိုး သမီးတွေအနေနဲ့ ကြောက်ရွံ့မှုမရှိဘဲ အတူလက်တွဲ လုပ်ဆောင်ကြမယ်ဆိုရင် အရာရာကို စွမ်းဆောင် နိုင်မှာဖြစ်တဲ့အကြောင်း ဆုပေးပွဲမှာပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ နော်ကညော်ဖောဟာ မြန်မာနိုင်ငံမှာ ကျားမတန်းတူညီမျှမှုနဲ့ တိုင်းရင်းသူအမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် လုပ်ဆောင်နေတဲ့ ကရင်အမျိုးသမီးအဖွဲ့ချုပ် (KWO) အထွေ ထွေအတွင်းရေးမှူးလည်း ဖြစ်ပါတယ်။

နော်ကညောဖောဟာ ၁၉၉၈ ခုနှစ်မှာ ထိုင်းမြန်မာနယ်စပ်က မယ်ရာမိုး ဒုက္ခသည်စခန်းက စာသင်ကျောင်း မှာ ပညာသင်ကြားခဲ့ပြီးနောက်၊ ပြည်တွင်းစစ်ကြောင့် ဘေးဒုက္ခကြုံနေရတဲ့ တိုင်းရင်းသားတွေအရေး အ တွက် စတင် လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်း အမျိုးသမီးတွေအပေါ် ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုတွေကို ၂ဝဝ၄ ခုနှစ်က စပြီး လေ့လာမှတ်တမ်းတင်ခဲ့သူလည်း ဖြစ်ပါတယ်။

နော်ကညောဖောဦးဆောင်တဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဟာ ၂ဝ၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေ အပေါ် မြန်မာစစ်တပ်ကကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ပါဝင်ရှုတ်ချခဲ့တဲ့ ပထမဆုံး မြန်မာအရပ် ဘက် အဖွဲ့အစည်း ဖြစ်ပါတယ်။

လက်ရှိမှာ နော်ကညောဖောဟာ သက်တမ်း ၃၃ နှစ်ရှိပြီဖြစ်တဲ့ ကရင်အမျိုးသမီး အစည်းအရုံးကို ဦးဆောင် ရင်း၊ ကရင်ပြည်နယ်က ပဋိပက္ခဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ ဘဝအခြေအနေ တိုးတက် ရေး အတွက် ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လင့္ ၊ 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */