Thursday, May 16, 2019

ဒဂုံမြို့သစ် ရပ်ကွက်တခုမှာ မွတ်စလင်တွေဝတ်ပြုခွင့် ပိတ်ပင်ခံရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-15
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၀၆ ရပ်ကွက်က ပိတ်ထားတဲ့ အစ္စလာမ်ဝတ်ပြုဆောင်အတွင်းကို ၂၀၁၉ မေ ၁၆ ရက်နေ့ကတွေ့ရစဉ်Photo: Kyaw Zaw Win/RFA 

  ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း၊ အမှတ်၂၆ ရပ်ကွက်မှာ အစ္စလမ်ဘာသာဝင်တွေကို ဥပုသ်လအတွင်း ဝတ်ပြုဖို့ အတွက် ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုထားတဲ့ နေရာတခုကို မနေ့ညပိုင်းမှာ အမျိုးသားရေးညီအစ် ကိုမောင်နှမများဆိုတဲ့ လူအုပ်စုတစုက လာရောက် တားမြစ်ခဲ့ပြီးနောက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး မှူးက ပိတ်ပင်လိုက်တယ်လို့ သတင်းရရှိပါတယ်။

အဲဒီနေရာကို လာရောက်ပိတ်ပင်သူ နှစ်ရာဝန်းကျင်လောက်ရှိပြီး၊ အဲဒီလူစုက ကားတစ်စီးကို ခဲနဲဝိုင်းပြီးထုခဲ့ သလို အဲဒီကား အတင်းမောင်းပြီး ထွက်ပြေးသွားတာကို တွေ့လိုက်ရတယ်လို့ မျက်မြင်သက်သေတဦးက RFA ကို ပြောပြပါတယ်။ ည ၁ နာရီကျော်အထိ ရဲတပ်ဖွဲ့က လာရောက် လုံခြုံရေးယူတာ မရှိသေးဘူးလို့ လည်း ပြောပါတယ်။

မြန်မာနိုင်ငံ အစ္စလာမ်ဘာသာရေးအဖွဲ့က ဦးဇော်မင်းလတ်က တောင်ဒဂုံမြို့နယ်မှာ အစ္စလာမ်ဘာ သာဝင် တွေရဲ့ ဥပုသ်လအတွင်း ဝတ်ပြုဖို့်အတွက် နေရာ ၁၆ နေရာကို ခွင့်ပြုချက်ပေးဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို လျှောက်ထားခဲ့ရာမှာ ၃ နေရာ ခွင့်ပြုချက်ရခဲ့ပြီး အဲဒီနေရာတွေထဲက အမှတ် ၂၆ ရပ်ကွက်က ယောက်ကော် ဝတ်ပြု အဆောက် အအုံကို ဘယ်ကမှန်း မသိရတဲ့ လူ ၂ဝဝ လောက် ရောက်လာပြီး ပိတ်ပစ်ဖို့ တောင်းဆိုပြီး နောက်မှာ ရပ်ကွက် ဥက္ကဋ္ဌက နှုတ်မိန့်နဲ့ ဝတ်ပြုခွင့်ကို ပိတ်လိုက်တာဖြစ်ကြောင်း ခေတ်သစ်မီဒီယာကို ပြောဆိုတယ်လို့ သိရပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */