The Hindu
May 16, 2025
ရိုဟင်ဂျာဒုက္ခသည်များကို အိန္ဒိယရေတပ်သင်္ဘောတစင်းက ကပ္ပလီပင်လယ်ထဲ၌ နှင်ထုတ်စွန့်ပစ်ထားခဲ့သည် ဆိုသည့် သတင်းများ ထွက်ပေါ်ပြီးနောက် ထိုကိစ္စအပေါ် ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမှုတရပ် လုပ်ဆောင်နေ သည်။
“လွန်လွန်ကဲကဲဖြစ်ပြီး လက်သင့်ခံနိုင်ဖွယ်ရာ မရှိသည့် လုပ်ရပ်တို့” အပေါ် စုံစမ်းစစ်ဆေးမှုလုပ် ဆောင်ရန် ကုလကျွမ်းကျင်သူတဦးကို ခန့်ထားကြောင်း ကုလသမဂ္ဂက ကြေညာပြီး တချိန်တည်းမှာပင် ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာနိုင်ငံရှိ အန္တရာယ်များသည့် အခြေအနေများအောက်သို့ ပြန်ပို့ခြင်း အပါအဝင် ဒုက္ခသည်များအပေါ် လူမဆန်၊ အသက်အန္တရာယ်ခြိမ်းခြောက်သည့် ဆက်ဆံခြင်းမျိုးမှ ရှောင်ကြဉ်ရန် အိန္ဒိယအစိုးရကို တိုက် တွန်းသည်။
“ရေတပ်သင်္ဘောတွေပေါ်ကနေ ရိုဟင်ဂျာဒုက္ခသည်တွေကို ပင်လယ်ထဲ စွန့်ပစ်တဲ့ စိတ်ကူးက လက်ခံနိုင်စရာကို မရှိပါဘူး။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ နောက်ထပ် သတင်းအချက်အလက်တွေနဲ့ သက် သေခံထွက်ဆိုချက်တွေကို ကျွန်တော် ရှာနေပါတယ်။ ဖြစ်ခဲ့တာတွေနဲ့ပတ်သက်လို့ အပြည့်အဝ ဖြေ ရှင်းချက်ပေးဖို့ အိန္ဒိယအစိုးရကို ပန်ကြားချင်တယ်” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ တွန် အန်ဒရူးစ်၏ ထုတ်ပြန်ချက်တခုတွင် ပြော သည်။
ဒုက္ခသည်များကို မြန်မာနိုင်ငံဆီ အတင်းအကျပ် ပြန်ခိုင်းသည်ဆိုသည့် ပြောဆိုချက်များနှင့်အတူ မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များ အပါအဝင် ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ များကို အတင်းအကျပ်၊ အကန့်အသတ်မရှိ ထိန်းသိမ်းမှုများနှင့် ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ရင်း အိန္ဒိယအစိုးရထံ မတ်လ ၃ ရက်တွင် အကြောင်းကြားချက်တခု ပေးပို့ထားကြောင်း မစ္စတာ အန်ဒရူးစ်က ပြောသည်။ မြန်မာနိုင်ငံမှ ဒုက္ခ သည်များကို စိတ်ထင်တိုင်း မတရား ထိန်းသိမ်းဖမ်းဆီးမှုကို ရပ်တန့်ရန်နှင့် ထိန်းသိမ်းထားသည့် နေရာများထံ ဝင်ရောက်ခွင့်ပေးရန် အကြောင်း ကြားချက်တွင် အိန္ဒိယအစိုးရကို ပန်ကြားထားသည်။
“အိန္ဒိယအစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် လွန်လွန်ကဲကဲဖြစ်တဲ့ လုပ်ဆောင်ချက်တွေကို ချက်ချင်း၊ ပြတ်ပြတ်သားသား စွန့်လွှတ်ရပါလိမ့်မယ်။ မြန်မာနိုင်ငံဆီ နှင်ထုတ်မှုအားလုံးကို ရပ်တန့်ရပါလိမ့်မယ်။ အိန္ဒိယရဲ့ နိုင်ငံတကာ တာဝန်ဝတ္တရားတွေအပေါ် ဒီလို ဗြောင်ကျကျ ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေ တာဝန်ယူ၊ တာဝန်ခံမှု ရှိစေအောင် အသေအချာလုပ်ရပါလိမ့်မယ်” ဟု မစ္စတာအန်ဒရူးစ်က ပြောသည်။
(The Hindu မှ UN launches an enquiry into Rohingya refugees being cast into the sea by Indian naval vessels အား ကိုလူအေး ဘာသာပြန်သည်)
May 16, 2025
(ဓာတ်ပုံ- ၂၀၂၂ ၊ အောက်တိုဘာ ၂၆ ရက်က နယူးဒေလီမြို့၊ Kalindi Kunj အရပ်ရှိ ရိုဟင်ဂျာစခန်း မြင်ကွင်းတခုကို တွေ့ရစဉ်) (Sushil Kumar Verma)

Link : Here
No comments:
Post a Comment