ဧရာဝတီ
24 December 2024
24 December 2024
၂၀၁၇ ခုနှစ်အတွင်း မြန်မာဘက်ခြမ်းမှ နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံလာသူများ/AFP
မြန်မာတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲများ ပြင်းထန်နေချိန် လွန်ခဲ့သော နှစ်လအတွင်း ရိုဟင်ဂျာ ၆ သောင်း ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်လာကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိတဦးက ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အရှေ့တောင်ပိုင်း ကောက်ဘဇားခရိုင်တွင် ရိုဟင်ဂျာ ၁ ဒသမ ၂ သန်း လက်ခံထားသည်။ ရိုဟင်ဂျာအများစုသည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လက နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးတွင် မြန်မာမှ ထွက်ပြေးလာခြင်း ဖြစ်သည်။
ရိုဟင်ဂျာများ စိမ့်ဝင်ခြင်းမှာ လူအချို့က ရိုဟင်ဂျာများ နယ်စပ်ဖြတ်ကျော်ရန် ငွေယူပြီး ကူညီသလို ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တွင် အဂတိလိုက်စားခြင်းကြောင့် ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေး မစ္စတာ မိုဟာမက် သော်ဟစ် ဟော့စိန်က ဘန်ကောက်သို့ သွားရောက်သည့် ခရီးစဉ်အကြောင်း သတင်းထောက်များကို ပြောရင်း ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က လာအို၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ခြောက်နိုင်ငံ အလွတ်သဘောဆွေးနွေးပွဲ ကျင်းပသည်။
“ကျနော်တို့ရဲ့ သဘောထားက နောက်ထပ် ရိုဟင်ဂျာတွေ ဝင်လာတာကို မူအားဖြင့် ခွင့်မပြုဖို့ပဲ။ ဒါပေမယ့် အခြေအနေက ဆိုးလာတော့ ကျနော်တို့ ဘာမှမတတ်နိုင်ဘူး။ ဒါကြောင့် ရိုဟင်ဂျာ ၆ သောင်း ဝင်လာဖို့ ခွင့်ပြုရတယ်။ ကျနော်တို့က သူတို့ တရားဝင် လာရောက်ခွင့်ပေးတာ မဟုတ်ဘူး။ လမ်းကြောင်းအမျိုးမျိုးကနေ သူတို့ ဝင်လာကြတာ” ဟု မစ္စတာ ဟော့စိန်က ဒါကာမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
သို့သော် နောက်ထပ် ရိုဟင်ဂျာဝင်ရောက်မှု ရှိမည်မဟုတ်ဟု ယုံကြည်ကြောင်း ၎င်းကပြောသည်။ “ဒါပေမယ့် အဲဒီလှိုင်း ရပ်တန့်ဖို့ အစီအစဉ်တွေကို နိုင်ငံတကာအသိုက်အဝန်းနဲ့အတူ ကျနော်တို့ လုပ်ရမယ်” ဟု ပြောသည်။
အထက်ပါ အစည်းအဝေးကို လွန်ခဲ့သော ဒီဇင်ဘာလ ၁၉ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးမစ္စတာ မာရစ် ဆန်ဂျီယမ်ပွန်ဆာက ဥက္ကဋ္ဌအဖြစ် ကြီးမှူးကျင်းပသည်။ မြန်မာ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်သည်။
မြန်မာနိုင်ငံ ယခင်အခြေအနေသို့ ပြန်ရောက်မည့် ဖြစ်နိုင်ခြေကို အိမ်နီးချင်းနိုင်ငံများက မမြင်ကြောင်း မစ္စတာ ဟော့စိန် ပြောပြီး ပြည်တွင်းပြဿနာများကို သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အစည်းအဝေး တက်ရောက်သည့် နိုင်ငံအားလုံးက မြန်မာကို တိုက်တွန်းသည်ဟု ပြောသည်။
AA သည် ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်တွင် နယ်မြေများ ပိုမို ထိန်းချုပ်လာသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နယ်မြေများ ပိုမိုထိန်းချုပ်လာသူများနှင့် တရားဝင်ဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
ဦးသန်းဆွေပါဝင်သော ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး “မြန်မာနယ်စပ်က သူတို့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူးလို့ (ဦးသန်းဆွေကို) ကျနော်ပြောတယ်။ နယ်စပ်ကို နိုင်ငံတော်အဆင့် မဟုတ်တဲ့လူတွေက ထိန်းချုပ်ထားကြောင်း ကျနော် ပြောတယ်။ နိုင်ငံတော်တခုအနေနဲ့ ကျနော်တို့က နိုင်ငံတော်အဆင့် မဟုတ်သူတွေနဲ့ မတွေ့နိုင်ဘူး။ ဒါကြောင့် သူတို့ (စစ်ကောင်စီ) က နယ်စပ်နဲ့ ရိုဟင်ဂျာပြဿနာ ဘယ်လိုဖြေရှင်းမလဲ နည်းလမ်းရှာရမယ်” ဟု မစ္စတာ ဟော့စိန်က ပြောသည်။
ကိုးကား ။ ။ Anadolu Agency သတင်း 60,000 more Rohingya flee Bangladesh amid escalating conflict in Myanmar
You may also like these stories:

- ရှင်သန်ရေးအတွက် ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာစစ်တပ်ထဲ ဝင်တိုက်နေ
- AA ၏ “အားလုံးအကျုံးဝင် အုပ်ချုပ်ရေး” အစီအစဉ် ရိုဟင်ဂျာများအကြား သဘောထား ကွဲလွဲနေ
- ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း အကြမ်းဖက်မှုများကို မေ့မထားရန် လိုအပ်နေ
- ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ
No comments:
Post a Comment