" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 22, 2021

အင်ဒိုနီးရှားနိုင်ငံ အကြောင်း သိကောင်းစရာ

ရေးသားသူ – ကောင်းစည်သူ(သုတအလင်းမဂ္ဂဇင်း)


 

 

 

 

 

 

 

 

အင်ဒိုနီးရှားသမ္မတနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအကြား၊ အရှေ့တောင်အာရှတွင် တည်ရှိ သည့် အချုပ်အခြာ အာဏာပိုင်ဆိုင်သော နိုင်ငံတစ်ခုဖြစ်ကာ ကျွန်းပေါင်း ၁၃၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာ့အကြီးဆုံးသော ကျွန်းနိုင်ငံဖြစ်သည်။ ဧရိယာ ၇၃၅၃၅၈ စတုရန်းမိုင်ကျယ်ဝန်းသဖြင့် အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် ၁၄ ခုမြောက် ကုန်းမြေအကြီးဆုံး နှင့် သတ္တမမြောက် ပင်လယ်နှင့်ကုန်းမြေပူးပေါင်းဧရိယာ အ ကျယ်ဆုံးနိုင်ငံလည်းဖြစ်သည်။
















ကမ္ဘာပေါ်တွင် စတုတ္ထမြောက်လူဦးရေ အများဆုံးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၁၇ ခုနှစ်သန်ခေါင် စာရင်း အရ လူဦးရေ ၂၃၇ ဒသမ ၆သန်းနေထိုင်ကာ လူဦးရေ ၅၈ ရာခိုင်နှုန်းသည် ဂျာဗားကျွန်းတွင် နေထိုင်ကြသည်။ အင်ဒိုနီးရှားနိုင်ငံ၏ တစ်စတုရန်းမိုင်အတွင်း ပျမ်းမျှ လူဦးရေသိပ်သည်းဆသည် ၃၅၇ ဦးဖြစ်သော်လည်း ဂျာ ဗာကျွန်း၏ လူဦး ရေသိပ်သည်းဆသည် ၂၄၃၅ ဦးဖြစ်သည်။မြို့တော် ဂျာကာတာသည် ကမ္ဘာပေါ်တွင် ဒုတိယ လူဦးရေအထူထပ်ဆုံးမြို့တော် တစ်ခုဖြစ်သည်။

ပြည်နယ် ၃၄ ခု စုပေါင်းထားသည့် အင်ဒိုနီးရှားသည်ရွေးကောက်ခံ လွှတ်တော်နှင့် သမ္မတ စနစ်ကိုကျင့်သုံး သည်။ ပါပွားနယူးဂီနီ၊ အရှေ့တီမော၊ မလေးရှားနိုင်ငံ အရှေ့ပိုင်းတို့နှင့် ကုန်းမြေချင်းဆက်စပ်နေပြီး စင်္ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သြစတြေလျ၊ပလာယူနှင့် နီကိုဘာကျွန်းတို့သည် အင်ဒိုနီးရှားနိုင်ငံနှင့် ပင်လယ်ရေပြင် ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံ များဖြစ်ကြသည်။ ရေနံ၊ သဘာဝဓာတ်ငွေ့၊သံဖြူ၊ ကြေးနီနှင့် ရွှေအပါအဝင် သယံဇာတများပေါကြွယ်ဝသည့် အင်ဒိုနီးရှားနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များစွာကိုပြည်ပသို့ တင်ပို့ရောင်း ချပြီး တရုတ် ၊ အမေရိကန်၊ ဂျပန်၊ စင်္ကာပူ၊ အိန္ဒိယတို့နှင့် အဓိက ကုန်သွယ်လျက်ရှိသည်။ အင်ဒိုနီးရှားနိုင်ငံ သည် ကမ္ဘာပေါ်တွင် စီးပွားရေးတိုးတက်ကောင်းမွန်မှုအဆင့် ၁၆ တွင်ရှိနေပြီး ကုလသမဂ္ဂအပါအဝင် အဖွဲ့အ စည်း များစွာတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားလျက်ရှိနေပေသည်။











အင်ဒိုနီးရှားအမည်နှင့် သမိုင်းနောက်ခံ

အင်ဒိုနီးရှားဟူသည့် ဝေါဟာရသည် ဂရိဘာသာစကား အင်ဒိုစ်(Indos) နှင့် နီစို့စ်(Nesos) တို့မှဆင်းသက်လာ ကာ အိန္ဒိယကျွန်းများဟု အဓိပ္ပာယ်ရသည်။ယင်းအမည်ကို အင်ဒိုနီးရှားနိုင်ငံလွတ်လပ်ရေးမရမီ ၁၈ ရာစုတွင် စတင် သုံးစွဲခဲ့သည်။ ၁၈၅၀ ပြည့်နှစ်တွင် အင်္ဂလိပ်လူမျိုး လူမျိုးစုဗေဒပညာရှင် George Windsor Earl သည် မလေးကျွန်းဆွယ်သို့မဟုတ် အိန္ဒိယ ကျွန်းဆွယ်တွင် နေထိုင်ကြသူများကို အင်ဒိုနီးရှားများဟု အမည်ပေးရန် အဆိုပြုခဲ့သည်။

ထို့ကြောင့် သူ၏တပည့်တစ်ဦးဖြစ်သူ ဂျိမ်စ် ရစ်ချတ်ဆန်ကိုဂန်သည် Indian Archipelago စာအုပ်တွင် Indonesia ဟူသည့် အသုံးအနှုန်း ကို ပထမဆုံး သုံးစွဲခဲ့သော်လည်း ဒတ်ချ် ပညာရှင်များက အင်ဒိုနီးရှားဟု သုံး စွဲရန် လက်တွန့်နေခဲ့ကြ သည်။၁၉၀၀ ပြည့်နှစ်တွင် ပညာရေးအသိုင်းအဝိုင်းနှင့် ဒေသခံ လူမျိုးစုများအကြား တွင် အင်ဒိုနီးရှားဟူသည့် အမည်သည် အသုံးတွင်ကျယ်လာခဲ့သည်။ဘာလင်တက္ကသိုလ်မှ Adolf Bastian သည် Indonesien oder die Inseln des Malayischen Archipels, 1884–1894 စာအုပ်ကို ရေးသားထုတ်ဝေခဲ့ ချိန် တွင် အင်ဒိုနီးရှားဟူသည့် အမည်သည်ပိုမိုလူသိများထင်ရှားခဲ့သည်။


၁၉၁၃ ခုနှစ်တွင် အင်ဒိုနီးရှားဒေသခံ Ki Hajar Sewantara သည် နယ်သာလန်နိုင်ငံတွင် စာနယ်ဇင်းဗျူရို (Indonesisch Pers-bureau ) တည်ထောင်ဖွင့်လှစ်ချိန်တွင် အင်ဒိုနီးရှားဟူသည့် အမည်ကို သုံးစွဲခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ တည်ရှိနေသည့် နေရာတွင် တွေ့ရှိခဲ့သည့် ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် လက်နက်ကိရိယာ အကြွင်း အကျန် အထောက်အထားများအရ အင်ဒိုနီးရှားကျွန်းစုများတွင် ဂျာဗားလူ ခေါ် မတ်ရပ်ရှေးဦးလူသား (Homo erectus) များ သည် လွန်ခဲ့သည့် နှစ် တစ်သန်းခွဲနှင့် နှစ် ၃၅၀၀၀ အကြားတွင် နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။

သြစထရို အာရှန် များသည် အရှေ့တောင်အာရှ နယ်မြေများသို့ ယခု တိုင်ဝမ်ကျွန်းတည်ရှိသည့်နေရာမှ လွန် သော နှစ် ၄၀၀၀ က ဝင်ရောက်ခဲ့ကြသည်။ ယင်းတို့သည် ကျွန်းစုများအတွင်း ပြန့်နှံ့နေထိုင်ခဲ့ကြကာ အရှေ့ ဘက် အဖျားမှ တိုင်းရင်းမျိုးနွယ် Melanesian များဖြစ်လာခဲ့ သည်။ လက်ရှိ အချိန်တွင် အင်ဒိုနီးရှားနိုင်ငံ၌ မျိုး နွယ်စု ၃၀၀ ရှိသည်။ ခရစ်တော်မပေါ်မီ ရှစ်ရာစု အစောပိုင်းတွင် စပါးစိုက်ပျိုးရေးလုပ်ငန်းကို ကျွမ်းကျင်လာ ခဲ့ပြီးနောက် ကျေးရွာများ၊ မြို့ပြ များပေါ်ပေါက်လာခဲ့သည်။အင်ဒိုနီးရှားကျွန်းစုများ၏ ပင်လယ်ပြင်အနေ အ ထားကြောင့် တရုတ်နှင့်အိန္ဒိယတို့နှင့် ကုန်သွယ်နိုင်ခဲ့ ကာကုန်သွယ်ရေးလုပ်ငန်းက အင်ဒိုနီးရှားနိုင်ငံကို ပုံ ပေါ်လာစေခဲ့ပေသည်။











ကုန်သွယ်မှု ကောင်းမွန်ခဲ့သဖြင့် အေဒီ ခုနစ်ရာစုတွင် အင်အားကြီးမားသော သီရိဝိဇယ မင်းဆက်ပေါ်ထွန်းခဲ့၍ အင်ဒိုနီးရှားဒေသတွင် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာများသည် ရှစ်ရာစုနှင့် ၁၀ ရာစုအကြားတွင်အားကောင်းလာ ခဲ့ကြ သည်။ Borobudur ၊ Sewu ၊ Prembanan စသည့် ဘာသာရေးအဆောက်အအုံများကို တည်ဆောက်ခဲ့ကြသည်။ ယင်းအချိန်သည် ဂျာဗားကျွန်း တွင် ဟိန္ဒူ နှင့် ဗုဒ္ဓ အနုပညာများ ထွန်းသစ်ခဲ့သည့် ကာလဖြစ်ခဲ့သည်။

၁၀ ရာစုအစောပိုင်းတွင် နိုင်ငံ၏ ဗဟိုအချက်အချာကို ဂျာဗားကျွန်းအလယ်သို့ ရွှေ့ပြောင်းခဲ့ကာ Isyana မင်း ဆက်ကို ထူထောင်ခဲ့သည်။ဟိန္ဒူနှင့် ဗုဒ္ဓဘာသာတို့သည် မြင့်လိုက်နိမ့်လိုက်ဖြစ်ခဲ့ကြကာ အေဒီ ၁၀၃၀ ပြည့် နှစ်တွင် ဂျာဗားကျွန်း အနောက် ပိုင်း၌ Sunda မင်းဆက်ကို ထူထောင်ခဲ့ပြီး ကျွန်းအနောက်ပိုင်းတွင် Majapahit မင်းဆက်သည် ၁၃ ရာစုအထိတည် ရှိနေခဲ့သည်။ဘာလီကျွန်းတွင်လည်း Warmadewas မင်းဆက်ကို ထူ ထောင်ခဲ့သည်။

အစ္စလာမ်ဘာသာကိုးကွယ်ကြသူများသည် ၁၃ ရာစုတွင် ဆူမာထြာကျွန်းမြောက်ပိုင်းတွင် စတင် နေထိုင်ခဲ့ကြ ပြီး အစ္စလာမ်ဘာသာသည် အခြားကျွန်းစုများသို့ ရောက်ရှိခဲ့သွားသည်။၁၆ ရာစု အကုန်တွင် ဂျာဗားနှင့် စူမာ ထြာတွင် အစ္စလာမ် ဘာသာ ကြီးစိုးလာခဲ့ကာ ဂျာဗားကျွန်းသည် အစ္စလာမ်ဘာကိုးကွယ်သူများနေထိုင်သည့် အဓိကနေရာဖြစ်လာခဲ့သည်။

ကိုလိုနီခေတ် အင်ဒိုနီးရှား

အင်ဒိုနီးရှားကျွန်းစုများတွင်နေထိုင်ကြသူများသည် ၁၅၁၂ ခုနှစ်မှစတင်၍ ဥရောပတိုက်နှင့် ပထမဆုံးပုံမှန် ဆက် သွယ် မှုများပြုလုပ်ခဲ့ကြသည်။Francisco Serrão ဦးဆောင်သည့် ပေါ်တူဂီကုန်သည်များသည် ဇာတိပ္ဖိုလ် သီး၊လေးညှင်းနှင့် ငြုတ် ကောင်း ကုန်သွယ်မှုများကို လက်ဝါးကြီးအုပ်ရန် ကြံရွယ်ခဲ့ကြသည်။ဒတ်ချ်နှင့် ဗြိတိသျှကုန် သည်များကလည်း ပေါ်တူဂီတို့ လမ်းကိုလိုက်ခဲ့ကြပြီး ၁၆၀၂ ခုနှစ်တွင် ဒတ်ချ် အရှေ့အိန္ဒိယကုမ္ပဏီကို ထူ ထောင်ခဲ့သည်။ယင်းကုမ္ပဏီသည် အင်ဒိုနီးရှားကျွန်း စုများကို နှစ် ၂၀၀ နီးပါးအုပ်စိုးထားခဲ့ပြီး ၁၈၀၀ ပြည့် နှစ် တွင် ကုမ္ပဏီကို ဖျက်သိမ်းခဲ့သည်။ထိုအချိန်တွင် နယ်သာလန်က ဒတ်ချ် အရှေ့ အင်ဒီကို ထူထောင်၍ကိုလို နီပြုခဲ့ရာ ၁၉ ရာစု တစ်လျှောက်လုံးနီးပါး အင်ဒိုနီးရှားကျွန်းစုများကို သြဇာလွှမ်းမိုးခဲ့သည်။














နယ်သာလန်တို့သည် ၁၉၀၁ ခုနှစ်တွင် ဒေသနေပြည်သူများ၏ လူနေမှု ဘဝများ အဆင့်မြှင့်တင်ရန်၊ ပညာများ ပိုမို သင်ကြားပေးရန် ရည်ရွယ်လျက် Dutch Ethical Polilcy ကိုချမှတ်ခဲ့ကာ ဒတ်ချ်တို့ချုပ်ကိုင်မှုဖြင့် ကိုယ်ပိုင် အစိုးရတစ်ရပ်ဖွဲ့ စည်းရန် ကြံစည်ခဲ့သည်။သို့သော် ယင်းမူဝါဒသည် နယ်သာလန်တို့မျှော်မှန်း သကဲ့သို့ဖြစ်မ လာဘဲ အင်ဒိုနီးရှားပြည်သူများကို အမျိုးသားရေးစိတ်ဓာတ်များနိုးထစေခဲ့ကာ လွတ်လပ်ရေး ကြိုးပမ်းမှုများကို ဖြစ်ပေါ်လာခဲ့သည်။

၁၉၄၂ ခုနှစ်တွင် ဂျပန်တို့က အင်ဒိုနီးရှားကျွန်းများသို့ ကျူးကျော်ဝင်ရောက်လာခဲ့ချိန်တွင် ဒတ်ချ်တို့ အုပ်ချုပ် ထားမှု အဆုံးသတ်ခဲ့သည်။ဂျပန်တို့သည် တစ်ချိန်က ဖိနှိပ်ခံခဲ့ရသည့် အင်ဒိုနီးရှားတို့၏ လွတ်လပ်ရေးကြိုး ပမ်း မှုကို အားပေးခဲ့သည်။ သို့သော် ကုလသမဂ္ဂအစီရင်ခံစာအရ ဂျပန်တို့ အုပ်စိုးခဲ့စဉ် အင်ဒိုနီးရှားနိုင်ငံတွင် ငတ် မွတ်မှုနှင့် အဓမ္မခိုင်းစေမှု များကြောင့် လူ လေးသန်း အသက်ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။ ဒုတိယ ကမ္ဘာစစ် အ တွင်း ဂျပန်တို့ လက်နက်ချခဲ့ပြီး နှစ်ရက်အကြာ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၇ ရက်တွင် အင်ဒိုနီးရှား နိုင်ငံ လွတ် လပ်ရေး ကို ကြေညာခဲ့ကာ ပထမဆုံး သမ္မတနှင့် ဒုတိယ သမ္မတကို ရွေးချယ်ခဲ့သည်။နယ်သာလန်တို့သည် အင်ဒိုနီး ရှားကို ပြန်လည် အုပ်စိုးရန် ကြိုးပမ်းခဲ့သေးသော်လည်း နိုင်ငံတကာ ဖိအားပေးမှုများကြောင့် ၁၉၄၉ ခုနှစ် ဒီဇင်ဘာလတွင် အင်ဒို နီးရှားနိုင်ငံကို တရားဝင် အသိအမှတ် ပြုခဲ့သည်။











လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း 

၁၉၅၀ ပြည့်နှစ်နောက်ပိုင်းတွင် ဆူကာနိုသည် အင်ဒိုနီးရှားနိုင်ငံကို ဒီမိုကရေစီစနစ်မှ အာဏာရှင်စနစ်သို့ ကူး ပြောင်းခဲ့ ကာ စစ်တပ်နှင့် အင်ဒိုနီးရှား ကွန်မြူနစ်ပါတီကို ချိန်ခွင်ညှာမျှတစေ၍ မိမိ၏ အာဏာကို ထိန်းသိမ်း ထားခဲ့သည်။သို့သော် ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပေါ် ခဲ့သည်။ ယင်းအာဏာသိမ်းမှုကို PKI အပေါ် ပြစ်တင်ခဲ့ပြီး နှိမ်နင်းခဲ့ရာ လူသုံးသန်းအထိ သေဆုံးခဲ့သည်ဟု စွပ်စွဲခံခဲ့ရ သည်။

ဗိုလ်ချုပ်ကြီး ဆူဟာတိုသည် ၁၉၆၈ ခုနှစ် မတ်လတွင် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတဖြစ်လာခဲ့ကာသူ၏ အုပ်ချုပ်မှု ကို ကမ္ဘာ့ကုလသမဂ္ဂက ထောက်ခံခဲ့သည်။နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုၤ(FDI) များကို အားပေးခဲ့သဖြင့် ဆယ်စုနှစ် သုံးခု အတွင်းအင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးသည် သိသိသာသာ တိုးတက်လာခဲ့သည်။သို့သော် သူ ၏ အစိုးရသည် လာဘ်ပေး လာဘ်ယူကိစ္စများ၊ အတိုက် အခံပါတီများကို ဖိနှိပ်မှုများရှိနေကြောင်း ကျယ်ပြန့်စွာ စွပ်စွဲခံခဲ့ရသည်။

၁၉၉၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အာဆီယံစီးပွားရေး အကျပ်အတည်းသည် အင်ဒိုနီးရှားနိုင်ငံကို အပြင်းထန်ဆုံး ထိ ခိုက်ခဲ့ကာ လူထုမကျေနပ်မှုများနှင့် ဆန္ဒပြမှုများဖြစ်ပေါ်လာခဲ့သည်။ထို့ကြောင့် ဆူဟာတိုသည် ၁၉၉၈ ခုနှစ် မေလ ၂၁ ရက် တွင်သမ္မတရာထူးမှ နှုတ်ထွက်ခဲ့ရပြီးနောက် ၁၉၉၉ ခုနှစ်တွင် အရှေ့တီမောသည် အင်ဒိုနီးရှား မှ ခွဲထွက်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ပြည်သူများက သမ္မတကို တိုက်ရိုက်ရွေးချယ်သည့် ပထမဆုံးသောရွေးကောက် ပွဲကို ပြုလုပ်ခဲ့ကာ နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများ လျော့ကျခဲ့ပြီး စီးပွားရေး ပြန်လည်ကောင်း မွန်လာ ခဲ့သည်။










ပထဝီဝင်နှင့် ရာသီဥတု
အင်ဒိုနီးရှားသည် ကမ္ဘာတွင်အကြီးဆုံးသော ကျွန်းစုနိုင်ငံဖြစ်ကာ အရှေ့မှအနောက်သို့ ၃၁၈၁ မိုင်၊တောင်မှ မြောက် သို့ ၁၀၉၄ မိုင်ရှည်လျားသည်။အမျိုးသားမြေပုံအေဂျင်စီ၏ ဆန်းစစ်ချက်များအရ အင်ဒိုနီးရှားတွင်ကျွန်း ပေါင်း ၁၃၄၆၆ ရှိသည့် အနက် ကျွန်း ၆၀၀၀ ပေါ်တွင်လူများနေထိုင်ကြရာ ဂျာဗား၊ ဆူမာထြာ နှင့် ဘော်နီယိုတို့ သည် အကြီးဆုံးကျွန်းများဖြစ်ကြသည်။

အင်ဒိုနီးရှားနိုင်ငံသည် ဘော်နီယိုကျွန်းပေါ်တွင် မလေးရှားနိုင်ငံနှင့်လည်းကောင်း နယူးဂီနီကျွန်းပေါ်တွင် ပါပွား နယူးဂီနီ နိုင်ငံနှင့်လည်းကောင်း တီမောကျွန်းပေါ်တွင်အရှေ့တီမောနိုင်ငံနှင့်လည်းကောင်း မြေသားနယ်နိမိတ် ထိ ဆက်နေသည်။ပင်လယ် ရေပြင်နယ်နိမိတ်တွင် စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ဖိလစ်ပိုင် ၊သြစတြေလျနိုင်ငံ တို့နှင့် ဆက်စပ်လျက်ရှိသည်။၁၆၀၂၄ ပေမြင့် သည့် ပန်ကတ်ဂျာရာ(Puncak Jaya) သည် အင်ဒိုနီးရှားနိုင်ငံ၏ အမြင့်ဆုံး တောင်ထိပ်ဖြစ်ကာ ၄၄၂ စတုရန်း မိုင်ကျယ် ဝန်း သည့် တိုဘာသည် အကြီးဆုံးရေအိုင်ဖြစ်သည်။


 










အီကွေတာမျဉ်းအနီးတွင်တည်ရှိနေသည့် အင်ဒိုနီးရှားသည် ဧပြီလမှအောက်တိုဘာလအထိ ကြာမြင့်သည့် ခြောက်သွေ့ ရာသီနှင့် နိုဝင်ဘာလမှ မတ်လအထိ ကြာမြင့်သော စိုစွတ်ရာသီ ဟူ၍ ဥတုနှစ်ခုသာ ရှိသည်။ သို့သော် အေးမြသော ရာသီ ဥတု သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၃၀၀ မှ ၄၉၀၀ အကြားမြင့်သည့် တောင်ပေါ်ဒေသများတွင်ရှိသည်။များမြောင် သော ကျွန်းများရှိသဖြင့် ရာသီဥတုများသည် ကွဲပြားခြားနားမှု များရှိနေပေသည်။

ကျွန်းများပေါ်တွင် မီးတောင် ၃၀၀ ကျော်ရှိသည့်အနက် ၁၃၀ သည် ယခုတိုင် အသက်ဝင်နေဆဲဖြစ်ကာ မြေင လျင် လှုပ်ခတ်မှုများသည် မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၁၉၇၂ ခုနှစ်မှ ၁၉၉၁ ခုနှစ်အကြား၌ မီးတောင်ပေါက် ကွဲမှု ၂၉ ကြိမ်ဖြစ်ပွားခဲ့ သည်။

အင်ဒိုနီးရှားနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းကို သစ်တောများဖုံးလွှမ်းနေကာ ဆူမထြာကျား၊ ရေမြင်း၊အော်ရန်ဂူတန် မျောက်၊  အာရှဆင်နှင့် ကျားသစ်များ အများအပြား ရှင်သန်ကျက်စားနေကြသည်။မိုင် ငါးသောင်းကျော်ရှည် လျားသည့် ကမ်းရိုးတန်း တစ်လျောက် ကမ်းခြေများ၊ ဒီရေတောများ၊ သန္တာကျောက်တန်းများတည်ရှိနေသည်။










အစိုးရနှင့် နိုင်ငံရေးစနစ်

အင်ဒိုနီးရှားနိုင်ငံကို ပြည်နယ် ၃၄ ခုဖြင့် ဖွဲ့စည်းထားရာ ပြည်နယ်တစ်ခုစီတွင် ဥပဒေပြုအာဏာနှင့် အစိုးရအ ဖွဲ့များရှိ သည်။ပြည်ထောင်စု သမ္မတစနစ်ကို ကျင့်သုံးသည့် အင်ဒိုနီးရှားနိုင်ငံသည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေး အာ ဏာ သုံးရပ်ကို ခွဲဝေကျင့်သုံးလျက်ရှိရာ သမ္မတသည် နိုင်ငံအကြီးအကဲ၊ အစိုးရအ ဖွဲ့ အကြီးအကဲနှင့် ကာကွယ်ရေးဦးစီးချုပ် ဖြစ်သည်။သမ္မတက ဝန်ကြီးအဖွဲ့ကိုဖွဲ့စည်းပြီး ဝန်ကြီးများသည် လွှတ် တော်အမတ်ဖြစ်ရမည်ဟု ကန့်သတ်ချက်မရှိချေ။ သမ္မတ သည် ငါးနှစ်သက်တမ်း အများဆုံးနှစ်ကြိမ် ရွေးချယ်ခံ ခွင့်ရှိသည်။

ပြည်သူ့ အတိုင်ပင်ခံ လွှတ်တော်(MPR)ကို ကိုယ်စားလှယ် ၅၆၀ ရှိသည့် ပြည်သူ့ကိုယ်စားလှယ် ကောင်စီ (DPR) နှင့် ကိုယ်စားလှယ် ၁၃၂ ဦး ရှိသည့် ဒေသဆိုင်ရာ ကိုယ်စားလှယ်ကောင်စီ(DPD)တို့ဖြင့် ဖွဲ့စည်းကာ DPR က ဥပဒေများက ပြဋ္ဌာန်း ၍ DPD က ဒေသဆိုင်ရာ စီမံခန့်ခွဲမှုများကို တာဝန်ယူဆောင်ရွက်သည်။ တရား စီရင် ရေးတာဝန်ကို ပြည်နယ်တရားရုံးနှင့် တရားရုံး အဆင့်ဆင့်က တာဝန်ယူ၍ ဗဟို တရားရုံးသည် တရားစီရင် ရေး ဆိုင်ရာ အမြင့်ဆုံး အာဏာပိုင်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ လက်ရှိသမ္မတသည် ဂျိုကိုဝီဒိုဒိုဖြစ်၍ သတ္တမ မြောက်သမ္မတဖြစ်သည်။ဒုတိယသမ္မတသည် ယူစွပ် ကာလာဖြစ်သည်။၁၉၉၉ ခုနှစ်တွင ်ပါတီစုံစနစ်ကို ကျင့် သုံးခဲ့သည့် အင်ဒိုနီးရှားနိုင်ငံတွင် မည်သည့် ပါတီကမှ မဲအပြတ်အသတ် အနိုင် ရရှိခဲ့ခြင်း မရှိချေ။


 










အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံ ၁၃၂ ခုနှင့် သံတမန်ဆက်သွယ်ထားကာ သံရုံး ၉၅ ရုံး ဖွင့်လှစ်ထားသည်။လွတ် လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးသည့် အင်ဒိုနီးရှားနိုင်ငံသည် ဒေသတွင်း အရေးကိစ္စများ တွင် ဦးဆောင်နိုင်ရန် ကြိုးပမ်းနေသော်လည်း အခြားနိုင်ငံများ၏ အရေးကိစ္စများတွင်ပါဝင်ပတ်သက်ခြင်းကို ရှောင်ရှားလေ့ရှိသည်။အာဆီယံအဖွဲ့ကို ထူထောင်ခဲ့သည့် ကနဦးနိုင်ငံများတွင် အပါအဝင်ဖြစ်သည့် အင်ဒိုနီး ရှားသည် အိမ်နီးချင်းနီးချင်းနိုင်ငံများနှင့် နီးကပ်စွာ ဆက်ဆံ သကဲ့သို့ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင်တရုတ်နိုင် ငံနှင့် ပြန်လည် ဆက်ဆံခဲ့သည်။ အစ္စလာမ်နိုင်ငံဖြစ်သဖြင့် အစ္စရေးနှင့် သံတမန်ဆက်သွယ်မှုမရှိဘဲ ပါလက်စ    တိုင်း  နိုင်ငံကို အပြည့်အ၀ ထောက်ခံသည့် အင်ဒိုနီးရှားသည် ကုလသမဂ္ဂအဖွဲ့အပါအဝင် ကမ္ဘာ့ အဖွဲ့စည်းများ စွာ တွင် ပါဝင် လှုပ်ရှားလျက်ရှိနေပေသည်။

အထွေထွေ

ကြည်းတပ်၊ရေတပ်၊ လေတပ်တို့ဖြင့် ဖွဲ့စည်းထားသည့် အင်ဒိုနီးရှားတပ်မတော်သည် စစ်သည်အင်အား လေး သိန်းရှိ ကာ GDP ၏ သုည ဒသမ ကိုးရာခိုင်နှုန်းကို ကာကွယ်ရေး တွင်သုံးစွဲသည်။အရှေ့တောင်အာရှတွင် စီးပွားရေး အင်အား အကြီး ဆုံး ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇၄ ထရီလီယံဖြစ်ကာ လူတစ်ဦးချင်းဝင်ငွေသည် အမေ ရိ ကန်ဒေါ်လာ ၁၃၁၂၀ ဖြစ်သည်။











သယ်ယူပို့ဆောင်ရေးစနစ်တွင် လမ်းမိုင် ၃၂၅၅၈၂ မိုင်ရှိကာ မီးရထားနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေး စနစ် သည် ဂျာဗားကျွန်းတွင်သာ အများဆုံးရှိသည်။အကြီးဆုံးလေယာဉ်ကွင်းဖြစ်သည့် ဆူကာနိုဟာတာတွင် ၂၀၁၇ ခုနှစ်တွင် ခရီး သည် ၆၃ သန်း ဝင်ထွက်သွားလာခဲ့ကာ အင်ဒိုနီးရှားနိုင်ငံ၏ အလုပ်အများဆုံး လေယာဉ် ကွင်းဖြစ်သည်။၁၉၄၉ ခုနှစ်တွင် ထူ ထောင်ခဲ့သည့် Garuda သည် ကမ္ဘာတွင် ထင်ရှားသည့် လေကြောင်းလိုင်း တစ်ခုဖြစ်ကာ Tanjung Priok ဆိပ်ကမ်းသည် အင်ဒိုနီးရှားနိုင်ငံ၏ ကုန်စည်ပို့ဆောင်မှု ၅၀ ရာခိုင်နှုန်းကို ဆောင် ရွက်ပေးလျက်ရှိသည်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် စွမ်းအင် BTU ၁၃ ဒသမ ၂ ကွာဒရီလီယံ ထုတ်လုပ်ခဲ့သဖြင့် ကမ္ဘာပေါ် တွင် နဝမမြောက်အများဆုံးဖြစ်ခဲ့သည်။ယင်းထုတ်လုပ်မှုမှ BTU ၆ ဒသမ ၈ ကွာဒရီလီယံ သုံးစွဲခဲ့ရာ ကမ္ဘာတွင် သုံးစွဲမှု အများဆုံး အဆင့် ၁၅ ဖြစ်သည်။စွမ်းအင်အရင်းအမြစ် ကြီးမားစွာရှိနေသည့်သည့် အင်ဒိုနီးရှားနိုင်ငံ သည် သဘာဝရင်းမြစ် ရေနံစိမ်းစည် ၂၂ ဘီလီယံ၊ရေနံစိမ်းစည် ရှစ် ဘီလီယံနှင့်ညီမျှသည့် မီသိန်းဓာတ်ငွေ့၊ ကျောက် မီးသွေးတန်ချိန် ၂၈ ဘီလီယံကိုပိုင်ဆိုင်ထား သည်။ ပြည့်ဖြိုးမြဲ စွမ်းအင်များအပြင် ရေအားလျှပ်စစ်စွမ်း အင် သည်လည်း အင်ဒိုနီးရှားနိုင်ငံ၏ အဓိက စွမ်းအင်တစ်ရပ်ဖြစ်သည်။သယ်ယူပို့ဆောင်ရေးစနစ်တွင် လမ်းမိုင် ၃၂၅၅၈၂ မိုင်ရှိကာ မီးရထားနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေး စနစ် သည် ဂျာဗားကျွန်းတွင်သာ အများ ဆုံးရှိသည်။အကြီးဆုံးလေယာဉ်ကွင်းဖြစ်သည့် ဆူကာနိုဟာတာတွင် ၂၀၁၇ ခုနှစ်တွင် ခရီး သည် ၆၃ သန်း ဝင် ထွက်သွားလာခဲ့ကာ အင်ဒိုနီးရှားနိုင်ငံ၏ အလုပ်အများဆုံး လေယာဉ်ကွင်းဖြစ်သည်။၁၉၄၉ ခုနှစ်တွင် ထူ ထောင်ခဲ့သည့် Garuda သည် ကမ္ဘာတွင် ထင်ရှားသည့် လေကြောင်းလိုင်း တစ်ခုဖြစ်ကာ Tanjung Priok ဆိပ် ကမ်းသည် အင်ဒိုနီးရှားနိုင်ငံ၏ ကုန်စည်ပို့ဆောင်မှု ၅၀ ရာခိုင်နှုန်းကို ဆောင်ရွက်ပေးလျက်ရှိသည်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် စွမ်းအင် BTU ၁၃ ဒသမ ၂ ကွာဒရီလီယံ ထုတ်လုပ်ခဲ့သဖြင့် ကမ္ဘာပေါ် တွင် နဝမမြောက်အများဆုံးဖြစ်ခဲ့သည်။ယင်းထုတ်လုပ်မှုမှ BTU ၆ ဒသမ ၈ ကွာဒရီလီယံ သုံးစွဲခဲ့ရာ ကမ္ဘာတွင် သုံးစွဲမှု အများဆုံး အဆင့် ၁၅ ဖြစ်သည်။စွမ်းအင်အရင်းအမြစ် ကြီးမားစွာရှိနေသည့်သည့် အင်ဒိုနီးရှားနိုင်ငံ သည် သဘာဝရင်းမြစ် ရေနံစိမ်းစည် ၂၂ ဘီလီယံ၊ရေနံစိမ်းစည် ရှစ် ဘီလီယံနှင့်ညီမျှသည့် မီသိန်းဓာတ်ငွေ့၊ ကျောက် မီးသွေးတန်ချိန် ၂၈ ဘီလီယံကိုပိုင်ဆိုင်ထား သည်။ ပြည့်ဖြိုးမြဲ စွမ်းအင်များအပြင် ရေအားလျှပ်စစ် စွမ်းအင် သည်လည်း အင်ဒိုနီးရှားနိုင်ငံ၏ အဓိက စွမ်းအင်တစ်ရပ်ဖြစ်သည်။












အင်ဒိုနီးရှားနိုင်ငံတွင် ယူနက်စ်ကိုအဖွဲ့က အသိအမှတ်ပြု ထားသည့် ကမ္ဘာ့ အမွေအနှစ်နေရာ ကိုးခု တည်ရှိ သည်။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံတစ်ခုဖြစ်သည့် ဗောရောဗုဓော သည် ပြည်ပခရီး သွား များ အများဆုံးလာရောက်လေ့ရှိသည့် နေရာတစ်ခုဖြစ်ကာ ၂၀၁၇ ခုနှစ်တွင် အင်ဒိုနီး ရှားနိုင် ငံသို့ခရီးသည် ၁၄ သန်းလာရောက် ခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန် ဒေါ် လာ ၂၈ ဒသမ ၂ ဘီလီယံ ရရှိခဲ့သည်။ခရီးသည် တစ်ဦးချင်းသည် အင်ဒိုနီးရှား နိုင်ငံတွင် ပျမ်းမျှ အမေရိကန် ဒေါ်လာ ၂၀၀၉ ဒေါ်လာ သုံးစွဲခဲ့ကြပြီး တရုတ်၊ စင်္ကာပူ၊ မလေးရှား၊သြစတြေလျနှင့် ဂျပန်နိုင်ငံ တို့မှ ခရီးသွားများ အများဆုံး လာရောက်ကြသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ရိုးရာ ယုံကြည်မှုများအပါအဝင် လွတ်လပ်စွာကိုးကွယ်မှုကို ခွင့်ပြုထားကာ အစ္စလာမ်၊ ပရိုတက် စတင့်၊ ရိုမန်ကက်သလစ်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာနှင့် ကွန်ဖျူးရှပ်ဘာသာတို့ကို အသိအမှတ်ပြုသည်။ လူဦးရေအများဆုံးကိုးကွယ် သည် အစ္စလာမ်ဘာသာတွင် ဆွန်နီ ဘာသာဝင်များက ၉၉ ရာခိုင်နှုန်းဖြစ်သည်။ အစ္စလမ်ဘာသာဝင် ၈၇.၂% ၊ ခရစ်ယာန်ဘာသာဝင် ၉.၉% ၊ ဟိန္ဒူဘာသာဝင် ၁.၇% ၊ ဗုဒ္ဓဘာသာဝင် ဝ.၇% ၊ ကွန်ဖျူးရှပ်ဘာသာဝင် ဝ.၂% နှင့် အခြားဘာသာဝင် အနည်းငယ်ရှိသည်။











အင်ဒိုနီးရှားနိုင်ငံ၏ မသင်မနေရ ပညာရေးစနစ်သည် ၁၂ နှစ်ကြာ အခြေခံပညာရေးဖြစ်သည်။ ကျောင်းသား ကျောင်း သူများသည် အစိုးရကျောင်း၊ ပုဂ္ဂလိ ကကျောင်းနှင့် ဘာသာရေးကျောင်းတို့တွင် တက်ရောက် ပညာ သင်ယူနိုင်ကြသည်။ အခြေခံပညာပြီးဆုံးချိန်တွင် ဆက်လက်ပညာသင်ယူနိုင်ရန် တက္ကသိုလ် ၁၁၈ ခု ဖွင့်လှစ် ထားသည်။အင်ဒိုနီးရှားနိုင်ငံသည် ပြည်သူအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည့်တိုင် မိခင်နှင့် ကလေးကျန်းမာရေး၊ အာဟာရချို့တဲ့မှု၊ ဆေး လိပ်သောက်သုံးမှုနှုန်းမြင့် တက်မှု အစရှိသဖြင့် ကျန်းမာရေးြ့ပ သနာများစွာကို ရင်ဆိုင်နေရသည်။ မည်သို့ပင်ဖြစ်စေ၊ ကျွန်းပေါင်း ၁၃၄၆၆ ပေါ်တွင် လူမျိုးစု ၃၀၀ ကျော်နေ ထိုင်ကာ ဘာသာစကား ၇၀၀ ကျော်ကို ပြောဆိုကြသည့် အင်ဒိုနီးရှားသည် များပြားသော လူ့စွမ်းအင်အရင်း အမြစ်များနှင့် အတူ ခေတ်မီတိုးတက် အေးချမ်းသော နိုင်ငံတစ်ခုအဖြစ် အရှေ့တောင်အာရှဒေသတွင် ခိုင်ခိုင် မာမာ ရပ်တည်လျက်ရှိနေပေသည်။










ကိုးကား
Republic of Indonesia

ကောင်းစည်သူ (သုတအလင်းမဂ္ဂဇင်း)

၂၀၁၉ ခုနှစ် ဇန်နဝါရီလထုတ် သုတအလင်းမဂ္ဂဇင်းမှ

Link : Here

---------------------------------------------------------------------------------------------------------------

အင်ဒိုနီးရှားနိုင်ငံအကြောင်း ခြုံငုံသုံးသပ်ချက်

နယ်မြေ ဩစတြေးလျတိုက်နဲ့ အာရှတိုက်ကြား အီကွေတာကို ခွလျက်တည်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့ အကြီးဆုံးကျွန်းစုနိုင်ငံ ဖြစ်ပါတယ်။ ကျွန်းပေါင်း ၁၇,၅၀၀ ကျော်ရှိပြီး ကျောက်သားထူထပ်တဲ့တောင်တန်းတွေ၊ အပူပိုင်းသစ်တောကြီးတွေ ရှိတယ်။ မီးတောင်ရှင် ၁၀၀ ကျော်ရှိပြီး ကမ္ဘာပေါ်မှာ မီးတောင်ရှင်အများဆုံးဒေသ ဖြစ်တယ်။

လူမျိုး (တရုတ်၊ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုပြီးရင်) ကမ္ဘာပေါ်မှာ စတုတ္ထမြောက် လူဦးရေအများဆုံးနိုင် ငံပါ။ လူမျိုးစုပေါင်း ၃၀၀ ကျော်ရှိပြီး လူဦးရေတစ်ဝက်ကျော်လောက်က ဂျာဗားနဲ့ဆွန်ဒါလူမျိုးစု ဖြစ်တယ်။

ဘာသာရေး ၉၀ ရာခိုင်နှုန်းလောက်က အစ္စလာမ်ဘာသာ ကိုးကွယ်ကြတယ်။ ဟိန္ဒူ၊ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာ ကိုးကွယ်သူတွေလည်း ရှိတယ်။ အများစုက မိရိုးဖလာဓလေ့ထုံးစံတွေကို လိုက်ကြတယ်။

ဘာသာစကား ဘာသာစကား ၇၀၀ ကျော် ပြောဆိုတယ်။ အများသုံးစကားကတော့ မလေးစကားကနေ ဆင်း သက်လာတဲ့ အင်ဒိုနီးရှားစကားဖြစ်ပြီး အိမ်မှာတော့ ဒေသသုံးဘာသာစကားကို ပြောကြတယ်။

အသက်မွေးဝမ်းကျောင်း အသေးစားလယ်ယာလုပ်ငန်း၊ အသေးစားအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင် ကြ တယ်။ သစ်၊ ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့ နဲ့ တွင်းထွက်ပစ္စည်း အများဆုံးထွက်ပြီး ရာဘာနဲ့ စားအုန်းဆီက အဓိကပို့ကုန်ဖြစ်တယ်။

အစားအစာ ဆန်က အဓိကအစားအစာပါ။ လူကြိုက်များတဲ့ အစားအစာတွေထဲမှာ နာဆီဂေါရန်း (အသီးအရွက် နဲ့ ကြက်ဥထမင်းကြော်)၊ ဆာတေး (အသားတုတ်ထိုးကင်)၊ ဂါဒို-ဂါဒို (မြေပဲဆော့စ်နဲ့ အရွက်သုပ်) တို့ပါတယ်။

ရာသီဥတု ပူအိုက်စိုစွတ်တယ်။ မုတ်သုံလေကြောင့် ခြောက်သွေ့ရာသီနဲ့ စိုစွတ်ရာသီ နှစ်မျိုးရှိပြီး မုန်တိုင်းကျေ လ့ရှိတယ်။

နယ်မြေ (စတုရန်းမိုင်) - ၇၃၇,၈၁၅
လူဦးရေ - ၂၅၆,၀၀၀,၀၀၀
၂၀၁၅ ကြေညာသူအရေအတွက် -၂၆,၂၄၆
ကြေညာသူတစ်ယောက်နဲ့ လူဦးရေအချိုး - ၉,၇၅၄
၂၀၁၅ အောက်မေ့ရာပွဲ တက်ရောက်သူ- ၅၅,၈၆၄






ဟင်းခတ်အမွှေးအကြိုင် ကုန်သွယ်ရေး

ဒီနေ့ခေတ်မှာ ရေနံကုန်သွယ်ရေးက ကမ္ဘာ့စီးပွားရေးကို ထိန်းချုပ်ထားသလို ၁၆ ရာစုမှာ ဟင်းခတ်အမွှေး အ ကြိုင် ကုန်သွယ်ရေးကလည်း အဓိကစီးပွားရေးဖြစ်တယ်။ နာမည်ကျော်ဟင်းခတ်အမွှေးအကြိုင် ကျွန်းတွေ (အခုခေတ် အင်ဒိုနီးရှားနိုင်ငံ မာလုကူကျွန်းနဲ့ မြောက်မာလုကူကျွန်း) ကနေထွက်တဲ့ ဇာတိပ္ဖိုလ်သီးနဲ့လေးညှင်း ပွင့်စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေဟာ ဥရောပမှာ ဈေးကောင်းကောင်းရတယ်။

စူးစမ်းရှာဖွေသူတွေဖြစ်တဲ့ ခရစ္စတိုဖာ ကိုလံဘတ်စ်၊ ဗာစကို ဒဂါးမား၊ ဖာဒီနန် မက်ဂျာလန်၊ ဆမ်မြူရယ် ဒါရှမ်ပ လိမ်း၊ ဟင်နရီ ဟာဒ်စန်တို့ဟာ ဟင်းခတ်အမွှေးအကြိုင်ကျွန်းတွေဆီသွားဖို့ လမ်းကြောင်းရှာဖွေခဲ့ကြတယ်။ အင်ဒိုနီးရှား ဟင်းခတ်အမွှေးအကြိုင်ရှာပုံတော်ကြောင့် လူတွေဟာ ကမ္ဘာ့ပထဝီအနေအထားကို ကောင်း ကောင်း သိလာကြတယ်။






                               ဂျာဗားကျွန်း၊ ဆမာရမ်မြို့က သက်သေခံများ (၁၉၃၇ ခုနှစ်ခန့်)

ကျွန်တော် ဒီနေရာကနေ စချင်တယ်

ဩစတြေးလျ ဌာနခွဲအမှုထမ်း အလက်ဇန္ဒား မက်ဂီလာဗရေးဟာ ကိစ္စတစ်ခုကိုစဉ်းစားရင်း ရုံးခန်းထဲမှာ ခေါက် တုံ့ခေါက်ပြန် လျှောက်နေတယ်။ အဲဒီကိစ္စကြောင့် ဦးနှောက်ခြောက်နေတာ ရက်အတော်ကြာပြီ။ နောက်ဆုံး တော့ အဖြေတွေ့သွားတယ်။ အခု ညီအစ်ကိုဖရန့် ရိုက်စ်နဲ့ စကားပြောရတော့မယ်။


 








အသက် ၂၈ နှစ်ရှိတဲ့ ဖရန့်ဟာ ကော်လ်ပေါ်တာ (ရှေ့ဆောင်) ဖြစ်ပြီး ဌာနခွဲရုံးကိုရောက်နေတာ အပတ် အေ တာ်ကြာပြီ။ ဆယ်ကျော်သက်အရွယ်မှာ အမှန်တရားသိလာပြီး မကြာခင်မှာ ကော်လ်ပေါ်တာ စလုပ်ခဲ့တယ်။ မြင်း၊ စက်ဘီး၊ မော်တော်ဆိုင်ကယ်၊ နောက်တွဲယာဉ်တွေနဲ့ ဩစတြေးလျတစ်ခွင် ခရီးလှည့်လည်ပြီး ၁၀ နှစ် ကျော် ဟောပြောခဲ့တယ်။ အခု ဌာနခွဲရုံးမှာ ခဏနားပြီး နောက်တာဝန်အသစ်အတွက် အဆင်သင့်ဖြစ်နေပြီ။

ညီအစ်ကို မက်ဂီလာဗရေးက ဖရန့်ကို ရုံးခန်းထဲခေါ်ပြီး ဩစတြေးလျမြောက်ပိုင်းက ကျွန်းတွေရဲ့မြေပုံကို ပြ တယ်။ ပြီးတော့ “ဒီနေရာမှာ ဟောပြောခြင်းလုပ်ငန်းကို စလုပ်ရမယ်။ ခင်ဗျား ဘယ်လိုသဘောရသလဲ။ ဒီ ကျွန်းတွေမှာ သက်သေခံတစ်ယောက်မှ မရှိသေးဘူး” လို့ပြောတယ်။

ဖရန့်က အိန္ဒိယသမုဒ္ဒရာထဲမှာ ပုလဲလုံးတွေလိုတောက်ပနေတဲ့ နယ်သာလန်အရှေ့အင်ဒီးစ် (အခု အင်ဒိုနီးရှား) * ကျွန်းစုတန်းကို စိတ်ဝင်တစားကြည့်နေတယ်။ ဒီကျွန်းတွေမှာ နိုင်ငံတော်သတင်းကောင်း မကြားရသေးသူ သန်းပေါင်းများစွာ ရှိနေတာ။ ဖရန့်က မြို့တော်ဘာတာဗီးယား (အခု ဂျကာတာ) ကိုထောက်ပြပြီး “ကျွန်တော် ဒီနေရာကနေ စချင်တယ်” လို့ပြောလိုက်တယ်။
ဂျာဗားကျွန်းမှာ ဟောပြောခြင်း

၁၉၃၁ ခုနှစ်မှာ ဖရန့်ဟာ ဂျာဗားကျွန်းရဲ့ လူစည်ကားတဲ့မြို့တော် ဂျကာတာကို ရောက်လာတယ်။ မြို့လယ် ကောင်နားမှာ အိမ်ခန်းငှားပြီး စာအုပ်ပုံးတွေ အပြည့်ထည့်ထားတော့ အိမ်ရှင်အမျိုးသမီးလည်း အံ့သြနေတာ ပေါ့။

                                                          ဂျကာတာမြို့မှာ ဖရန့် ရိုက်စ်နဲ့ ကလယ်မ် ဒေးရှမ်

ဖရန့် ဒီလိုပြောပြတယ်– “အစမှာတော့ အိမ်ကိုသိပ်လွမ်းတယ်။ တခြား သူတွေက အဖြူရောင်ချည်သားဝတ်စုံနဲ့ ဖော့ဦးထုပ်ဆောင်းပြီး ပေါ့ပေါ့ပါး ပါးသွားလာနေချိန်မှာ ကျွန်တော်ကတော့ ပူအိုက်တဲ့ ဩစတြေးလျ ဝတ်စုံ ကြီး နဲ့လေ။ ဒတ်ခ်ျစကားလည်းမတတ်၊ အင်ဒိုနီးရှားစကားလည်းမတတ်။ ဒါနဲ့ ယေဟောဝါဆီ ဆုတောင်းပြီး စီး ပွား ရေးရပ်ကွက်ကိုသွားဖို့ ဆုံးဖြတ် လိုက် တယ်။ အဲဒီမှာ အင်္ဂလိပ်စကားပြောတတ်တဲ့သူ တစ်ယောက်ယောက် တော့ ရှိမှာပဲ။ အဲဒီနေရာကနေ စဟောလိုက်တာ အခုဆို ဒီနိုင်ငံ မှာ သီးပွင့် ဖြစ်ထွန်းနေပြီ။”

ဒေသခံတွေက ဒတ်ခ်ျစကားပြောတော့ သူလည်း ဒတ်ခ်ျစကားသင်ယူပြီး တစ်အိမ်တက်ဆင်း စဟောတယ်။ အင်ဒိုနီးရှားစကားကိုလည်း တဖြည်း ဖြည်း သင်ယူခဲ့တယ်။ သူဒီလိုပြောပြတယ်– “အဓိကပြဿနာက အင်ဒိုနီး ရှားစကားနဲ့ စာပေတွေမရှိတာပဲ။ ဒါပေမဲ့ ယေဟောဝါရဲ့လမ်းညွှန်မှုကြောင့် အမှန်တရားစိတ်ဝင်စားတဲ့ အင်ဒိုနီး ရှားကျောင်းဆရာတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူက သေဆုံးသွားတဲ့သူတွေ ဘယ်နေရာမှာရှိနေကြသလဲ စာ အုပ်ငယ်ကို ဘာသာပြန်ပေးတယ်။ နောက်ပိုင်း တခြားစာအုပ်ငယ်တွေကိုလည်း ဘာသာပြန်ပေးတယ်ဒါကြောင့် အင်ဒိုနီးရှားစကားပြောသူတွေ အမှန်တရားကို စိတ်ဝင်စားလာကြတယ်။”

၁၉၃၁၊ နိုဝင်ဘာလမှာ ဩစတြေးလျက ရှေ့ဆောင်နှစ်ယောက်ဖြစ်တဲ့ ၂၅ နှစ်အရွယ် ကလယ်မ် ဒေးရှမ်နဲ့ ၁၉ နှစ်အရွယ် ဘီလ် ဟမ်တာတို့ ဂျကာတာမြို့ကို ရောက်လာတယ်။ သူတို့နဲ့အတူ နောက်တွဲယာဉ်တစ်စီးလည်း ပါ လာတယ်။ ဒါဟာ အင်ဒိုနီးရှားမှာတော့ ဦးဆုံးနောက်တွဲယာဉ်ပဲ။ ဒတ်ခ်ျစကားနည်းနည်း သင်ယူပြီးတာနဲ့ ဂျာ ဗားကျွန်းပေါ်က မြို့ကြီးတွေမှာ သူတို့ စဟောတော့တယ်။
ကလယ်မ်နဲ့ ဘီလ်တို့ရောက်လာပြီး မကြာခင် ဩစတြေးလျက ထက်သန်တဲ့ရှေ့ဆောင် ချားလ်ဟားရစ္စရောက် လာတယ်။ ၁၉၃၅ ခုနှစ်ကစပြီး ချားလ်ဟာ စက်ဘီးနဲ့နောက်တွဲယာဉ်သုံးပြီး ဂျာဗားကျွန်းအနှံ့ ဟောတယ်။ အာ ရ ဘီ၊ တရုတ်၊ ဒတ်ခ်ျ၊ အင်္ဂလိပ်၊ အင်ဒိုနီးရှားဘာသာစကားနဲ့ စာပေတွေ ဝေငှတယ်။ တချို့နှစ်တွေမှာ စာပေ ၁၇,၀၀၀ လောက် ဝေငှတယ်။

ချားလ် ဝေငှတဲ့စာပေတွေ များလွန်းလို့ လူတွေသတိ ထားမိ လာတယ်။ တစ်ကြိမ်မှာ ဂျကာတာမြို့ ကအရာ ရှိတစ် ယောက်က ကလယ်မ် ဒေးရှမ်ကို “အရှေ့ဂျာဗားမှာ မင်းတို့လူတွေ ဘယ် နှစ်ယောက်ရှိလဲ” လို့မေးတယ်။

“တစ်ယောက်တည်းပါ” လို့ပြန်ဖြေတော့ အရာရှိက “ငါမယုံဘူး။ နေရာတကာမှာ မင်းတို့စာပေတွေ ရောက်နေ တာကိုကြည့်ရင် အဖွဲ့ဝင်တွေအများကြီးရှိရမယ်” လို့ ဒေါသ တ ကြီးပြောတယ်။

ရှေ့ဆောင်တွေဟာ လူများနိုင်သမျှ များများဆီရောက်ဖို့ မနားတမ်းလုပ်ဆောင်ခဲ့ကြတယ်။ “ကျွန်းရဲ့တစ်ဖက် စွန်း ကနေ နောက်တစ်ဖက်စွန်းအထိ ဟောကြတယ်။ တစ်ယောက်ယောက်ကို နှစ်ခါဟောတာမျိုးတောင် မရှိ သလောက်ပဲ” လို့ ဘီလ် ဟမ်တာပြောတယ်။ လမ်းတစ်လျှောက် သူတို့ကြဲခဲ့တဲ့ အမှန်တရားမျိုးစေ့တွေဟာ နောက်ပိုင်းမှာ အကြီးအကျယ် သီးပွင့်ဖြစ်ထွန်းလာတယ်။—ဒေ. ၁၁:၆; ၁ ကော. ၃:၆။ဆူမားတြားကျွန်း မှာ သတင်းကောင်းကြားရ

၁၉၃၆ ခုနှစ်လောက်မှာ ဂျာဗားကျွန်းကရှေ့ဆောင်တွေဟာ ဆူမားတြားကျွန်းမှာ လုပ်ငန်းတိုးချဲ့ဖို့ ဆွေးနွေးကြ တယ်။ ဆူမားတြားကျွန်းဟာ ကမ္ဘာပေါ်မှာ ခြောက်ခုမြောက်အကြီးဆုံးကျွန်းပါ။ ကျောက်ဆောင်ပေါများပြီး အီ ကွေတာမျဉ်းကို ခွလျက်တည်ရှိတယ်။ မြို့ကြီးတွေ၊ ဥယျာဉ်ခြံတွေ၊ စိမ့်တောကြီးတွေနဲ့ မိုးသစ်တောကြီးတွေ ရှိတယ်။

ရှေ့ဆောင်တွေက ညီအစ်ကိုဖရန့်ကိုသွားခိုင်းဖို့ ဆုံးဖြတ်လိုက်ပြီး သူတို့ရဲ့ ရှိစုမဲ့စုငွေကို လမ်းစရိတ်သုံးဖို့ ပေး လိုက်ကြ တယ်။ ဖရန့်လည်း အမှုဆောင်အိတ်နှစ်လုံး၊ စာအုပ်ပုံး ၄၀၊ ငွေနည်းနည်းနဲ့ ဆူမားတြားမြောက်ပိုင်း မီဒမ်မြို့ကိုရောက်လာတယ်။ သူက ယုံကြည်ခြင်းခိုင်ခံ့တဲ့သူပါ။ ဒီတာဝန်ကိုလုပ်ဆောင်နိုင်ဖို့ လိုအပ်တာတွေ ကို ယေဟောဝါ ပြင်ဆင်ပေးမယ်ဆိုတာ ယုံကြည်ပြီး ချက်ချင်းစဟောတော့တယ်။—မ. ၆:၃၃။

မီဒမ်မြို့မှာဟောပြောတဲ့ နောက်ဆုံးအပတ်အတွင်း ဖော်ရွေတဲ့ ဒတ်ခ်ျလူကြီးတစ်ယောက်နဲ့တွေ့တယ်။ သူနဲ့ အတူ ကော်ဖီသောက်ရင်း တစ်ကျွန်းလုံးမှာ သတင်းကောင်းဟောဖို့ ကားတစ်စီးလိုတဲ့အကြောင်း ဖရန့်ပြော ပြတယ်။ အဲဒီလူက ခြံထဲမှာရှိတဲ့ကားပျက်ကိုပြပြီး “ဒီကားကို ခင်ဗျားပြင်နိုင်ရင် ဂိလ်ဒါ ၁၀၀ * နဲ့ယူသွား” လို့ပြောတယ်။

“ကျွန်တော့်မှာ ဂိလ်ဒါ ၁၀၀ မရှိဘူး” လို့ ဖရန့်ပြောလိုက်တယ်။

အဲဒီလူက ဖရန့်ကို စိုက်ကြည့်ပြီး “ဆူမားတြားတစ်ကျွန်းလုံးမှာ ခင်ဗျားတကယ်ဟောချင်တာလား” လို့မေးတယ်။

“ဟောချင်တာပေါ့” လို့ဖြေတော့

“ဒါဆို ဒီလိုလုပ်၊ ကားကိုပြင်နိုင်ရင် ယူသွားဗျာ။ ပိုက်ဆံကတော့ နောက်အဆင်ပြေမှပေး” လို့ပြောတယ်။

ဖရန့်လည်း ကားကိုပြင်လိုက်တော့ ကောင်းကောင်းမောင်းလို့ရသွားတာ ပေါ့။ “ဒါနဲ့ ကားထဲမှာ စာပေအပြည့်၊ ဆီအပြည့်ထည့်ပြီး ယုံကြည်ခြင်းအပြည့်နဲ့ ဆူမားတြားကျွန်းသားတွေကို ဟောဖို့ထွက်လာတယ်” လို့သူရေးခဲ့ တယ်။








ဆူမားတြားမှာ ဟင်နရီ ကတ်ခ်မန်း၊ ကလယ်မ် ဒေးရှမ်နဲ့ ဂျန်၊ ၁၉၄၀ ပြည့်နှစ်

တစ်နှစ်အကြာမှာ တစ်ကျွန်းလုံးကို ဟောပြီးသွားလို့ ဂျကာတာမြို့ကို ပြန်လာတယ်။ ကားကို ဂိလ်ဒါ ၁၀၀ နဲ့ရောင်းပြီး မီဒမ်မြို့က ဒတ်ခ်ျလူကြီးဆီ ငွေပို့ပေးလိုက်တယ်။

အပတ်အနည်းငယ်ကြာတော့ ဩစတြေးလျက စာတစ်စောင် ရောက်လာတယ်။ ဖရန့်ကို တာဝန်အသစ် ခန့်အပ် တဲ့စာပေါ့။ သူလည်း ချက်ချင်းအထုပ်အပိုးပြင်ပြီး အင်ဒိုချိုင်းနား (အခု ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်) မှာ လုပ်ငန်းစဖို့ ထွက်သွားတယ်။









အစောပိုင်း ဟောပြောခြင်းနည်းလမ်းများ
ရေဒီယိုအသံလွှင့်ခြင်း
ရေဒီယိုအသံလွှင့် ဧရိယာတိုင်

၁၉၃၃ ခုနှစ်မှာ ဂျကာတာမြို့ ရေဒီယိုအသံလွှင့်ရုံကနေ ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ ဟောပြောချက်တွေကို ထုတ် လွှင့်တယ်။ ဒတ်ခ်ျလိုဟောတဲ့ ဟောပြောချက် တွေကိုတော့ စိတ်ဝင်စားသူ တစ် ယောက်က ရေဒီယိုကနေ ဖတ် ပြတယ်။ ဒီထုတ် လွှင့်မှုကြောင့် လူတွေ ပိုစိတ် ဝင် စားလာပြီး စာပေအများကြီး ဝေငှနိုင်ခဲ့တယ်။

ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ “ငြိမ်းချမ်းရေးနဲ့ ကြီးပွားတိုးတက်ရေးအပေါ် သန့်ရှင်း ရာ နှစ်ရဲ့ အကျိုးသက်ရောက်မှု” ဟောပြောချက်ကို ထုတ်လွှင့်တဲ့အခါ ကက်သ လစ် ဘုန်းကြီးတွေ အရမ်းဒေါသထွက်ကြတယ်။ * ဒါကြောင့် ဒီအသံသွင်း ဟော ပြော ချက်တွေကို ယူလာပေးတဲ့ ညီအစ်ကို ဒီရှူမာကာကို “အသရေဖျက်မှု၊ လှောင် ပြောင် သရော်မှု၊ မလိုမုန်းထားမှု” နဲ့ တရားစွဲကြတယ်။ ညီအစ်ကိုက ခိုင်ခိုင်မာမာ ထုချေပြောဆိုပေမဲ့ ၂၅ ဂိလ်ဒါ * ဒဏ်ရိုက်ခံရပြီး တရားရုံးစရိတ်အားလုံးလည်း ပေး ရတယ်။ အမှုစစ်ဆေး တဲ့ အကြောင်းကို အဓိကသတင်းစာ သုံးစောင်မှာ ဖော်ပြခဲ့လို့ ပိုကောင်းတဲ့သက်သေခံ ချက် ဖြစ်သွားတယ်။

အလင်းဆောင်သူ

ကင်းမျှော်စင်အသင်းရဲ့ ၅၂ ပေရှည်တဲ့ အလင်းဆောင်သူ ရွက်သင်္ဘောဟာ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ က နေ ခြောက်လကြာ ဟောပြောခြင်းခရီးစဉ်ကို ရွက်လွှင့်ပြီးနောက် ၁၉၃၅၊ ဇူလိုင် ၁၅ ရက်မှာ ဂျကာတာမြို့ကို ရောက်လာတယ်။ သင်္ဘောမှာ ဇွဲထက်သန်တဲ့ ရှေ့ဆောင်ခုနစ်ယောက်ပါပြီး အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား နိုင်ငံအနှံ့ သတင်းကောင်းဟောပြောဖို့ ဆုံးဖြတ်ထားကြတယ်။

ရှေ့ဆောင်တွေရဲ့ အလင်းဆောင်သူ ရွက်သင်္ဘောဟာ နှစ်နှစ်ကျော်အတွင်း အင်ဒိုနီးရှားနိုင်ငံရဲ့ ဆိပ်ကမ်းကြီး ငယ်မရွေး သွားပြီး ကျမ်းစာစာပေတွေ ဝေငှခဲ့တယ်။ ဆိပ်ကမ်းငယ်တွေကို ရောက်တာနဲ့ “ကင်းမျှော်စင်အသင်း ဥက္ကဋ္ဌ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်ရဲ့ဟောပြောချက်ကို ဓာတ်ပြားစက်နဲ့ ဖွင့်ပြတယ်။ သီးခြားဖြစ်နေတဲ့ မလေးရွာ သားတွေက သင်္ဘောအကြီးကြီး ဆိုက်ကပ်တာ မြင်တဲ့အခါ၊ လေထဲကနေ အသံအကျယ်ကြီး ထွက်လာတာကို ကြားတဲ့အခါ ဘယ်လောက်အံ့သြကြမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ပန်းကန်ပြားပျံကြီးကို မြင်လိုက်ရသလို စိတ် လှုပ်ရှားနေကြတယ်” လို့ ညီအစ်မ ဂျန် ဒေးရှမ် ပြောပြတယ်။

ညီအစ်ကိုတွေ ရဲရဲဝံ့ဝံ့ဟောပြောတာကြောင့် ဘုန်းကြီးတွေ ဒေါသထွက်ပြီး အင်ဒိုနီးရှားဆိပ်ကမ်း အတော်များ များကို ဝင်ခွင့်မပေးဖို့ အာဏာပိုင်တွေကို ဖိအားပေးတယ်။ ဒါကြောင့် ၁၉၃၇၊ ဒီဇင်ဘာလမှာ အလင်းဆောင်သူ ရွက်သင်္ဘောဟာ ဩစတြေးလျနိုင်ငံကို ပြန်သွားတယ်။ အင်ဒိုနီးရှားမှာ ထူးခြားတဲ့ ဟောပြောခြင်းလုပ်ငန်း မှတ် တမ်းပါပဲ။









အလင်းဆောင်သူ ရွက်သင်္ဘောပေါ်က ညီအစ်ကိုတွေ

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */