" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, January 19, 2020

တရုတ်လွှမ်းမိုးမှုအောက်ကနေ မြန်မာနိုင်ငံ လွတ်နိုင်ပါ့မ လား

VOA
ဗြီအိုုေအ (ျမန္မာဌာန)
ကိုဉာဏ်ဝင်းအောင်
တရုတ်သမ္မတ Xi Jinping နှင့် တွေ့ဆုံဆွေးနွေးနေသည့် မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်။ (ဇန်နဝါရီ ၁၇၊ ၂၀၂၀)

မြန်မာနိုင်ငံဟာ လာမယ့် နှစ်ကာလ အတော်များများအထိ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုအောက်ကနေလွတ်မြောက် နိုင်ဖို့ မလွယ်သေးဘူးလို့ မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံမှာ တ ရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အကူအညီတွေ အပါအဝင် လက်နက် ကိုင်ပဋိပက္ခ အရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတာ၊ နိုင်ငံတကာ မျက်နှာစာမှာပါ အခိုင်အမာ အကာကွယ် ပေးနေတဲ့ အချက်တွေကို ထောက်ပြပြီး အဲဒီလို ပြောဆိုကြတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
တရုတ်သမ္မတ Xi Jinping ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အလုပ်သဘောပါတဲ့ နှစ်နိုင်ငံ အပြန် အ လှန်နားလည်မှု စာချွန်လွှာပေါင်း ၃၀ ကျော် လက်မှတ်ရေးထိုးခဲ့ကြတာပါ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံတွင်းမှာ အရင်စစ်အစိုးရလက်ထက်ကနေ ရင်းနှီးမြှုပ်နှံမှု အများဆုံး တောက်လျှောက်လုပ်လာတာကြောင့် တရုတ်ရဲ့ သြ ဇာလွှမ်းမိုးမှုအောက်က လွတ်မြောက်ဖို့ မလွယ်သေးဘူးလို့ သုံးသပ်သူက အမေရိကန် အင်ဒီ ယားနားပြည်နယ် က မြန်မာ့အရေးလေ့လာသူ ဒေါက်တာတင့်ဆွေ ဖြစ်ပါတယ်။

“စစ်အစိုးရတက်ပြီးတဲ့နောက် ဆယ်နှစ် ဆယ့်ငါးနှစ်လောက် ကြာတဲ့အခါမှာ အုပ်ချုပ်နေတဲ့ စစ်အစိုးရကိုယ် တိုင် က တရုတ်ရဲ့ လွှမ်းမိုးမှု၊ ကြီးစိုးမှု လွန်ပြီဆိုတာကို သူတို့ သိလာခဲ့တယ်။ သို့သော်လည်း အဲဒီကာလတွေမှာ ချုပ် ဆို ထားတဲ့ စာချုပ်တွေ၊ သဘောတူညီမှုတွေဟာ တရားဝင်ဖြစ်တော့ ဦးသိန်းစိန် တက်တယ်၊ NLD တက်တယ်၊ ဒါတွေက ဆက်ရှိတယ်။ အဲတော့ တရုတ်လွှမ်းမိုးမှုတွေကို ကျော်လွှားဖို့ အင်မတန်ခက်တယ်။ နောက်တခုက ကျ နော်တို့နိုင်ငံမှာ နိုင်ငံကသေးတယ်၊ အားကလည်းသေး၊ ပြည်တွင်းမှာလည်း မညီမညွတ်၊ နိုင်ငံရေးကလည်းတည် ငြိမ်မှုမရှိတဲ့ အခြေအနေမှာ အဲဒီလောက် ကြီးမားတဲ့ လွှမ်းမိုးမှုကို ပြည်သူလူထုတွေ က ဘယ်လိုနည်းနဲ့ဖြစ်ပါစေ၊ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု၊ စွက်ဖက်မှု၊ ကြီးစိုးမှုအောက်ကနေ မြန်မာနိုင်ငံက ရုန်းထွက်ဖို့ အလားအလာမမြင်သေး ဘူးလို့ပဲ မြင်ပါတယ်။”

တရုတ်အစိုးရက အစပျိုးထားတဲ့ ရပ်ဝန်းနဲ့ လမ်းကြောင်းစီမံကိန်းမှာ မြန်မာနိုင်ငံကို တစိတ်တပိုင်း ထည့် သွင်း ထားတာကိုကြည့်ရင် အင်အားချည့်နဲ့နေတဲ့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ် သိမ်းသွင်းရာ ရောက်တယ်လို့ လန်ဒန်မြို့နေ သမိုင်းပညာရှင် ဒေါက်တာအောင်ခင်က ထောက်ပြပါတယ်။

“များသောအားဖြင့်တော့ နိုင်ငံခြားအရင်းအနှီးပေါ့၊ တရုတ်က အများဆုံးပေါ့။ လွယ်လွယ်နဲ့ ပြောရရင်တော့ မြန် မာပြည်က စစ်အာဏာရှင်စနစ်မှာ နှစ်ပေါင်းငါးဆယ်ကျော် နေလာတဲ့ လူမမာကြီးက အခုမှပြန်ပြီး နာ လန် ထပဲ ရှိသေးတယ်။ ဒီ နာလန်ထ လူမမာကြီးနဲ့ အင်မတန် အားကောင်းတဲ့ တရုတ်နဲ့ သွားပြီး လက်တွဲ လုပ်တဲ့အခါ ကြ ရင် တရုတ်က စီးပွားရေးရော အတတ်ပညာရော မြန်မာထက် အဆပေါင်းများစွာ ကြီးမား တော့ သူကပဲ လွှမ်းမိုး သွားမှာပဲ။ နောက်တခုကတော့ အခု ရပ်ဝန်းလမ်းကြောင်းကလည်း တရုတ်ရဲ့ နယ်ချဲ့ ဝါဒ၊ တရုတ်ရဲ့ Imperialism ပါပဲ။ တရုတ်ကို မှီခိုလာရတာလည်း အများကြီးပေါ့။ အခု တရုတ်နဲ့ကုန် သွယ် ရေး ကို တရုတ်ကို အားကိုးလာရတဲ့အတွက် ကျန်တဲ့လူတွေကို မလုပ်နိုင်ဘူး။ တရုတ်နဲ့ အိန္ဒိယကြားမှာ ရှိ ပေမယ့် အိန္ဒိယက အင် မတန် အားနည်းတယ်။ တရုတ်က အင်မတန် အားကောင်းတယ်။ အဲတော့ ကြာလေ ကြာလေ အားကောင်း တဲ့ ဘက် မှီခိုတဲ့ဘက်ကို ရောက်သွားတာပဲ။”

အခုလို တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုအောက်က ရုန်းထွက်ဖို့ဆိုရင် တခြားအင်အားကြီးနိုင်ငံတွေ၊ နိုင်ငံတကာ မဟာ မိတ်အုပ်စုတွေနဲ့ လက်တွဲ လုပ်သွားနိုင်ဖို့ လိုမယ်လို့ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“အဲတော့ ဗမာနိုင်ငံ အခြေအနေမှာ အမေရိကန်ပြည်ထောင်စုကို အားကိုးလို့ ရမလားဆိုတဲ့ အချက်ကတ ချက်၊ ကျနော်တို့ တစုံတရာပဲရတယ်။ နောက်တခါ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ နောက်တခါ အာဆီယံပေါ့။ ဒီအုပ်စုတွေကို စဉ်းစားပြီးတော့ ဗမာနိုင်ငံက နိုင်ငံတကာ အရေးအခင်းတွေ၊ ပြည်တွင်းကိစ္စတွေမှာ မဟာ မိတ်ပြုဖို့ ကြိုးစားခဲ့ပါ တယ်။ ကြိုးစားလည်း ကြိုးစားနေတယ်။ သို့သော်လည်း အိန္ဒိယပဲဖြစ်ဖြစ်၊ အာဆီယံ ပဲဖြစ်ဖြစ်ဟာ အထောက်အ ကူရတဲ့ မဟာမိတ်ထက် မပိုဘဲနဲ့ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို ချေဖျက်ဖို့မှာ အင် အားတော့ သေးတယ်။ သို့သော် လည်းပဲ ဖြစ်နိုင်စွမ်းရှိတဲ့ မဟာမိတ်ပြုမှုတွေကို ထိထိရောက်ရောက် အသုံး ပြု ရင်တော့ ပိုပြီးတော့ မြန်လည်း မြန် နိုင်တယ်၊ ဖြစ်လည်း ဖြစ်နိုင်တယ်လို့ ယူဆတယ်။”

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ယိုယွင်းနိမ့်ကျလာခဲ့တဲ့ လူသားအရင်းအမြစ် ကဏ္ဍကို မတည်ဆောက်နိုင်သရွေ့ နိုင်ငံကြီးတွေရဲ့ လွှမ်းမိုးမှုအရိပ်က လွတ်ဖို့မလွယ်ဘူးလို့ ဒေါက်တာအောင်ခင်က ပြောပါတယ်။

“ဗမာက လူမမာကြီးဗျ။ လူမမာကြီးက ကိုယ့်ဟာနဲ့ကိုယ် မရပ်နိုင်ဘူး။ ဗီယက်နမ်တို့ ဘာတို့က လူမမာမ ဟုတ် ဘူး။ သူတို့က တရုတ်နဲ့ ကပ်နေပေမယ့် ကိုယ့်ဟာကို ရပ်နိုင်တယ်။ လူမမာနိုင်ငံတွေက တရုတ်သြ ဇာခံ ဖြစ်သွား တာပေါ့ဗျာ။ အဲဒါက မြန်မာနိုင်ငံသားတွေမှာ လူသားရင်းမြစ် အားကောင်းဖို့လိုတယ်။ Human Capital ပေါ့ဗျာ။ ကျန်းမာရေး၊ ပညာရေးနဲ့ ကျွမ်းကျင်မှု အားကောင်းတဲ့နိုင်ငံက အားရှိတာပဲ။ ပြည်သူတွေ ပြည်သူတွေ ဆိုပြီး တော့ ကျန်းမာရေးမှာလည်း ပိုက်ဆံမသုံးဘူး။ ပညာရေးမှာလည်း မသုံးဘူး။ သုံးတဲ့ ပညာ ရေးကလည်း အသုံးမ ကျ ဘူး။ ဆိုတော့ နောက်ဆုံးပိတ်မှာ ကျွမ်းကျင်မှုလည်း မရှိဘူး။ အလုပ်သမားတွေ ကြည့်လိုက်တော့လည်း အ ဆင့်အတန်း မရှိဘူးဆိုတော့ ဘယ်လိုလုပ်ပြီးတော့ သူများနဲ့ ပြိုင်နိုင်မှာလဲ။”

သမ္မတ Xi ရဲ့ ခရီးစဉ်အပြီး နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ တရုတ်အစိုးရရဲ့ “ရပ်ဝန်းနဲ့လမ်း ကြောင်း” စီမံကိန်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းရဲ့ အဓိကမဏ္ဍိုင် ၃ ခုဖြစ်တဲ့ ကျောက်ဖြူ စီးပွား ရေး ဇုန် စီမံကိန်း၊ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးဇုန်နဲ့ ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေး စီမံကိန်းသစ်တို့ကို အကောင်အထည်ဖော်ရေး သဘောတူခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို တရုတ်နိုင်ငံ လာရောက်လည်ပတ်ဖို့ သမ္မတ Xi Jinping က ဖိတ်ကြား သွားခဲ့ပြီး နှစ်ဖက်အဆင်ပြေမယ့်အချိန်မှာ သွားရောက်လည်ပတ်မယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ် ပြန် ထားပါ တယ်။
 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */