" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, January 19, 2020

ရခိုင်အရေး အကူအညီဆက်ပေးမယ်လို့ တရုတ်ကတိပြု

VOA
ဗွီအိုအေ (မြန်မာဌာန)

နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာလ ၂၊ ၂၀၁၇)

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေးအတွက် တတ် နိုင် သလောက် ဆက်လက် ကူညီသွားမယ်လို့ တရုတ်ဘက်က ကတိပြုလိုက်သလို ဘင်္ဂလားဒေရှ့်ဘက် ရောက်နေတဲ့ မြန်မာနိုင်ငံက လူတွေကို ပြန်လည်လက်ခံမယ်လို့ မြန်မာဘက်က ထပ်ပြီး ကတိပြုလိုက်ပါ တယ်။
                                                                             


တရုတ်သမ္မတ Xi Jinping ရဲ့ မြန်မာနိုင်ငံ ၂ ရက်ကြာ ခရီးစဉ်အပြီး နှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာ အခုလို ဖော် ပြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေးခဲ့ရ တာဖြစ်ပြီး အခုအချိန်ထိ ဌာနေပြန်ရေး အကောင်အထည် မဖော်နိုင်သေးပါဘူး။

မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဒါပေမယ့် ဒီလူတွေကို စိစစ်ပြီး ပြန် လည်လက်ခံမယ်လို့ တစိုက်မတ်မတ် ပြောဆိုနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်တွင်းမှာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်နေပါတယ်။

တရုတ်နိုင်ငံ အနေနဲ့တော့ ရခိုင်ပြည်နယ်တွင်းက အသိုက်အဝန်း အားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ တည် ငြိမ်ရေး၊ ငြိမ်းချမ်းရေး မြှင့်တင်ဖို့၊ နောက် လူသားချင်း စာနာထောက်ကူမှုဆိုင်ရာ ကိစ္စတွေမှာ မြန်မာရဲ့ ကြိုး ပမ်းမှုတွေကို ထောက်ခံအားပေးသွားမယ်လို့လည်း နှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

ရခိုင်အရေး တရုတ်ရဲ့ နားလည် ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ကြောင်းလည်း မြန်မာအစိုးရက ပြော ဆိုထားပါတယ်။

တချိန်တည်းမှာပဲ မြန်မာဘက်ကလည်း တရုတ် တနိုင်ငံတည်း မူဝါဒကို အခိုင်အမာ ထောက်ခံကြောင်း၊ ထိုင်ဝမ် တိဘက် ရှန်ကျန်းဒေသတွေအရေး တရုတ်ရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံအားပေးကြောင်း မြန်မာဘက်က ကတိပြုခဲ့ပါတယ်။

ရိုဟင်ဂျာ ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ နိုင်ငံတကာ တရားရုံးမှာ တရားရင်ဆိုင်နေရသလို နိုင်ငံ တကာ အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ တရုတ်အစိုးရရဲ့ ရှင်ကျန်းဒေသမှာ ပညာပေး မွမ်းမံစခန်းတွေလို့ ဆိုပြီး အဲဒီစခန်းတွေမှာ မွတ်စလင်တွေကို ထိန်းသိမ်းထားတဲ့အပေါ် နိုင်ငံတကာက ဝေဖန်ရှုတ်ချခံနေရတာလည်း ဖြစ်ပါတယ်။

မြန်မာသမ္မတ ဦးဝင်းမြင့် တရုတ်နိုင်ငံကို လာရောက်လည်ပတ်ဖို့လည်း တရုတ်သမ္မတ Xi Jinping က ဖိတ် ခေါ်ခဲ့ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */