" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, September 30, 2019

(၇၄) ကြိမ်မြောက် ကုလအထွေထွေညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက် မိန့်ခွန်း ပြောကြား

မြန်မာ့အလင်း
နေပြည်တော်
စက်တင်ဘာ ၂၉
(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲသို့ ပြည်ထောင် စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက် မိန့်ခွန်းပြောကြားသည်။မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ခိုင်မာစွာအမြစ် တွယ်စေဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အပြုသဘောနည်းလမ်းဖြင့် လက်တွဲဆောင် ရွက်သွားကြဖို့ဖိတ်ခေါ်။

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ၏ ပဉမနေ့အစည်း အဝေး ကို စက်တင်ဘာ ၂၈ ရက်တွင် နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်၌ကျင်းပရာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရာက်၍ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အရည်အသွေးမြင့် ပညာရေးဖော်ဆောင်မှု၊ ရာသီဥတု ပြောင်း လဲမှုတိုက်ဖျက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်း ရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အခြေအနေများအား ဖြေရှင်းရေးတို့အတွက် အစိုးရ ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို အသိပေးပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂအနေဖြင့် နိုင်ငံများ ၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာ ပိုမိုကောင်းမွန် ပြီး အရည်အသွေးပြည့်ဝသော လုပ်ငန်းများကို အတူတကွ ပူးပေါင်းလုပ်ဆောင် သင့်ပါကြောင်း နှင့် စံနှုန်းနှစ်မျိုး ကျင့်သုံး မှုနှင့် ခြွင်းချက်ထားသည့်မူဝါဒ (exceptionalism) ကို သမာသမတ်ရှိစွာ ရှောင်ရှားရန်လိုအပ်ပါ ကြောင်း ပြောကြား ခဲ့သည်။ ထို့နောက် အိမ်နီးချင်းနိုင်ငံများအကြား ဖြစ်ပေါ်သည့် အရေးကိစ္စများကို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဖြင့်သာ ဖြေရှင်းနိုင်မည်၊ ဖြေရှင်းရမည်ဟု မြန်မာနိုင်ငံအနေဖြင့် အခိုင်အ မာ ယုံကြည်ကြောင်း ထပ်လောင်းပြောကြား ခဲ့ပြီး နှစ်နိုင်ငံ သဘောတူညီချက်ကို တိတိကျကျလိုက်နာ အ ကောင်အထည်ဖော်ရန် ဘင်္ဂလားဒေ့ရှ်အား တိုက်တွန်း ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေ ရေးအဖွဲ့ (FFM) ၏ အစီရင်ခံစာများ (ဒါရူစမင်၏ အစီရင် ခံ စာများ)၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIM) အား ဖွဲ့စည်းမှု၊ ရခိုင်ပြည်နယ်အရေးကိစ္စ အပေါ် အပြည်ပြည် ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) မှ တရားစီရင်ရေးနှင့် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ ပါဝင်ဆောင်ရွက်မှုနှင့် စပ်လျဉ်းသော ရိုဆင်သယ်၏ အစီရင်ခံစာတို့အပေါ် မြန်မာ နိုင်ငံ၏ ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် လူ့အခွင့်အရေးနှင့်အခြေခံ လွတ်လပ်ခွင့်များကို လေးစားလိုက်နာ၍ ပြည်သူများ အားလုံး ငြိမ်းချမ်းသာယာဝပြောပြီး အကြောက်တရားများ ကင်းဝေးသည့် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် တည်ဆောက် ရေးသန္နိဋ္ဌာန်ချထားမှုကိုလည်း ပြောကြားခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြောကြားခဲ့ သည့် အလွတ်သဘော မြန်မာဘာသာပြန်ဆိုချက် မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

သဘာပတိကြီးနှင့် ဧည့်သည်တော်များ ခင်ဗျား၊
(၇၄) ကြိမ်မြောက် အထွေထွေညီလာခံ သဘာပတိ အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့အတွက် အဆွေ တော်ကို လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။ အဆွေတော်ရဲ့ဦးဆောင်မှုအောက် မှာ ယ ခုညီလာခံကြီးက အကျိုးရလဒ်ကောင်းတွေ ဖော်ဆောင် ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ (၇၃) ကြိမ် မြောက် အထွေ ထွေညီလာခံကို ဦးဆောင်ခဲ့တဲ့ အီကွေဒေါနိုင်ငံမှ အဆွေတော် Maria Fernanda Espinosa ကိုလည်း အလေးအနက် ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုပါတယ်။

ယခုနှစ် အထွေထွေညီလာခံရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ''ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး၊ အရည်အသွေးမြင့်ပညာရေး ၊ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရေးနှင့် အားလုံးပါဝင် စေရေးတို့အတွက် နိုင်ငံစုံ ကြိုးပမ်းအားထုတ်မှုများ ကို လှုံ့ ဆော်ရေး''ဟာ အချိန်အခါအခြေအနေနဲ့ ကိုက်ညီမှု ရှိတယ်လို့ မြန်မာနိုင်ငံအနေနဲ့ မှတ်ယူပါတယ်။ ဒီကိစ္စရပ် တွေ ဟာ ယနေ့ကမ္ဘာ ပေါ်မှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုများထဲမှာ အပါအဝင်ဖြစ်တဲ့ အတွက် နိုင်ငံ တကာ အသိုက်အဝန်းတစ်ခုလုံးရဲ့ ဝိုင်းဝန်းဆောင်ရွက်မှုနဲ့သာ ရင်ဆိုင်ကျော်လွှားနိုင်မှာပဲ ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး
သဘာပတိကြီးခင်ဗျား၊
ဆင်းရဲနွမ်းပါးမှု ပုံစံအားလုံး ပပျောက်ရေးဟာ ကမ္ဘာ့ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု အ တွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာ နိုင်ငံအနေနဲ့ ဆင်းရဲမှုကို ဖြေရှင်းဖို့ အခိုင်အမာ ဆုံးဖြတ်ထား သည့်အားလျော်စွာ တစ်ဖက်မှာ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသလို အခြား တစ်ဖက်မှာလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရေရှည် တည်တံ့ရေးတို့ကို အလေးဂရုပြုပြီး ချိန်ညှိဆောင်ရွက်နေ ပါတယ်။ စီးပွားရေးတိုးတက်မှု ရရှိစေဖို့သာမက ယင်းထက် ပိုမျှော် မှန်းချက်ထားတဲ့ မဟာဗျူဟာများစွာကိုလည်း ချမှတ် ဖော်ဆောင်လျက်ရှိပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ ဆင်းရဲ မှုဟာ ၂၀၀၅ ခုနှစ်က ၄၈ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်မှာ ၂၄ ဒသမ ၈ ရာခိုင်နှုန်းသို့ ထက်ဝက်ကျဆင်းခဲ့တဲ့ အတွက် ကျွန် တော်တို့ရဲ့ ကြိုးပမ်းမှုများ အကျိုးရလဒ်ကောင်း တွေ ထွက်ပေါ်နေပြီဆို တာကို ပြောကြားလိုပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေနဲ့ မြန်မာအစိုးရဟာ ၂၀၃၀ အာဂျင်ဒါ အကောင်အထည်ဖော်ရေးအတွက် ကတိကဝတ်ပြုကြောင်း ထပ်လောင်းပြောကြားလို ပါတယ်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ အောင်မြင်နိုင် ရေးအတွက်MSDP လို့ ခေါ်တဲ့ လူမှုရေး၊ စီးပွားရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဘက်စုံပြုပြင် ပြောင်းလဲမှု မူဝါဒတစ်ရပ် အဖြစ် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းကို မြန်မာနိုင်ငံတွင် ချမှတ်ခဲ့ပြီးဖြစ်ပါ တယ်။ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ လျင်မြန်တဲ့ စီးပွားရေးတိုးတက်မှု ရှိခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ်များမှာ နှစ်စဉ် စီးပွားရေးတိုးတက်နှုန်း ၆ ဒသမ ၅ ရာ ခိုင်နှုန်းရှိခဲ့ပြီး စီးပွားရေး လျင်မြန်စွာ တိုး တက်မှုအရှိဆုံး ဒေသတွင်းနိုင်ငံများထဲမှာ တစ်ခုအပါအဝင် ဖြစ်လာ ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးကို ဖွင့်ပေးခဲ့တဲ့အတွက် ရင်းနှီးမြှုပ်နှံ မှုနဲ့ ကုန်သွယ်မှုတွေ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ဒီလိုတိုးတက်မှုတွေ ဆက်လက်ရရှိနိုင်ဖို့ ကုန်သွယ်မှုနဲ့ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ မူဝါဒ တွေကို ပြည်တွင်းနဲ့ က္ဘာလုံးဆိုင်ရာ ကတိကဝတ်တွေ၊ လွတ်လပ်မှုရှိပြီး အားလုံးပါဝင်တဲ့မူတွေနဲ့ ကိုက်ညီ အောင် ဆက်လက်ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။

အရည်အသွေးမြင့် ပညာရေး
သဘာပတိကြီးခင်ဗျား၊
အရည်အသွေးမြင့် ပညာရေးကို သင်ယူနိုင်ဖို့ သာတူညီမျှ အခွင့်အလမ်းရှိခြင်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက် မှု အတွက် အခြေခံဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံအနေနဲ့ အပြည့်အဝ လက်ခံပါတယ်။ ကျောင်းသား ကျောင်းသူများ၊ အရွယ်ရောက်ပြီးသူများနဲ့ လူငယ်များရဲ့ ဘဝတစ်သက်တာ ပညာရေးနဲ့ အသက်မွေးဝမ်း ကျောင်း ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုရင် လာမယ့်နှစ်များမှာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို အဓိကပြုပြင်ပြောင်းလဲမှုတွေ မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ကြောင်းကို ကျွန်တော်တို့ရဲ့ အမျိုးသား ပညာ ရေး မဟာဗျူဟာစီမံကိန်း(NESP) မှာ အသိအမှတ်ပြု ဖော်ပြထားပါတယ်။

ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရေးနှင့် သဘာဝပတ်ဝန်းကျင်
သဘာပတိကြီးခင်ဗျား၊
ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများအပေါ်မှာ အ ဟန့် အတားများ သိသိသာသာဖြစ်ပေါ်စေပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု အောင်မြင်ရေးအတွက်ကျွန်တော်တို့ အနေနဲ့ ခက်ခက်ခဲခဲ ရရှိထားတဲ့ တိုးတက်မှုတွေကို ခြိမ်းခြောက်လျက်ရှိပါတယ်။ အမှန်စင်စစ် ရာသီဥတု ပြောင်း လဲမှုဟာ လက်ရှိအချိန်ကာလမှာ အဆုံးအဖြတ်ပေးတဲ့ အရေးကိစ္စတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ စဉ်ဆက်မ ပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်များ အောင်မြင်ဖို့အတွက် အခွင့်အရေးတစ်ရပ် ရရှိနိုင်ဖို့ဆိုရင် ပတ်ဝန်း ကျင်ယိုယွင်းမှုတွေ ကို ရပ်တန့်ဖို့နဲ့ ပြောင်းလဲပစ်ဖို့ အရေးတကြီးလုပ်ဆောင်မှုတွေ လိုအပ်ပါတယ်။ ကျွန် တော့်အနေနဲ့ ရာသီဥတုပြောင်းလဲမှု တုံ့ပြန်ရေးဆိုင်ရာ ညီလာခံ ကျင်းပခြင်းကို ကြိုဆိုပါတယ်။ ရာသီဥတု ပြောင်းလဲမှုကို အရေးတကြီး တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်ပြီး ပါရီသဘော တူညီချက်နဲ့ ကျိုတိုပရိုတိုကောလ် တို့ ကို အကောင်အထည်ဖော်ဖို့ အရေးကြီးကြောင်းကိုလည်း အလေးထားပြောကြားလိုပါတယ်။


ကျွန်တော်တို့နိုင်ငံရဲ့ အလားအလာတွေကို အပြည့်အဝ ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံရဲ့ သဘာဝပတ် ဝန်း ကျင်ကို ကာကွယ်ထိန်းသိမ်းပြီး စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံဟာ ရာသီဥတုဒဏ်ခံနိုင်ပြီး ကာဗွန် ထုတ်လွှတ်မှုနည်းပါး တဲ့ အသိုက်အဝန်းတစ်ခုအဖြစ်ကို တဖြည်းဖြည်း ပြောင်းလဲ နေပါတယ်။ ဒီအသိုက် အဝန်းဟာ အမှန်တကယ် ရေရှည် တည်တံ့ပြီး သာယာဝပြောကာ အားလုံးပါဝင်နိုင်ရမှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအ နေနဲ့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာ၀ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင် ရာ ဥပဒေနဲ့ သစ်တောဥပဒေသစ်တို့ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ရည်မှန်းချက်နဲ့ အခြားအပြည်ပြည်ဆိုင်ရာ ကတိကဝတ်များနဲ့အညီ ၂၀၁၈ ခုနှစ်အတွင်းက အသီးသီး အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ်အ တွင်းမှာ မူဝါဒအသစ် နှစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံ၊ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒနဲ့ မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်း လဲမှုဆိုင်ရာ မူဝါဒတို့ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီမူဝါဒတွေဟာ ပတ်ဝန်းကျင် ကဏ္ဍ စီမံခန့်ခွဲမှုတွေနဲ့ပတ်သက်လို့ အစိုးရရဲ့ ဆုံးဖြတ်ချက် ချမှတ်ရေးမှာ ဦးဆောင်လမ်းပြပေးကြမှာ ဖြစ်ပါတယ်။

နိုင်ငံစုံဆက်ဆံမှုစနစ်
သဘာပတိကြီးခင်ဗျား၊
ကုလသမဂ္ဂဟာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်၊ တောင့်တ ချက်များထားရှိရာ နိုင်ငံစုံ ဆက်ဆံမှုစနစ်ရဲ့ အ ချက် အချာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကမ္ဘာဟာပြုပြင်ပြောင်းလဲမှုနဲ့ ပထဝီနိုင်ငံရေး အလှည့်အပြောင်း များရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာအဖွဲ့ အစည်းများအနေနဲ့ ပြည်သူများနဲ့ နိုင်ငံများရဲ့ မျှော်လင့်ချက် နဲ့ အဖွဲ့အစည်းတွေရဲ့ တုံ့ပြန်မှုနဲ့ မူဝါဒများအကြား အဆက် အသွယ် ပြတ်တောက်နေမှုတွေကို သတိပြုမိဖို့ လိုအပ်ပါ တယ်။ ဒီလိုဖြစ်ပေါ်မှုဟာ အပြည်ပြည်ဆိုင်ရာစနစ်များနဲ့ အဖွဲ့ အစည်းများအပေါ်မှာ အယုံအကြည်ကင်းမဲ့မှုကို ဖြစ်ပေါ်စေပြီး အမျိုးသားရေးနဲ့ လူအများကြိုက် မူဝါဒတွေ ပိုမိုကြီးထွား လာတာက သက်သေခံလျက်ရှိပါတယ်။ ကမ္ဘာတစ်ဝန်း ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်၊ ဆင်းရဲချမ်းသာ အချိုးမညီမျှမှု၊ အကြမ်း ဖက်အန္တရာယ်နဲ့ နေရပ်ရွှေ့ပြောင်းမှုတွေအပေါ် စိုးရိမ် ပူပန်မှုတွေနဲ့ ပတ်သက်ပြီး အားမလိုအားမရဖြစ်ခြင်းဟာ Unilateralism လို့ခေါ်တဲ့ တစ်ကိုယ်တော်ဝါဒကို ပိုမို ထွန်း ကားစေပါတယ်။

တစ်ချိန်က ဦးစားပေးလုပ်ငန်းစဉ်များနဲ့ သဘောထား အမြင်တူညီခဲ့ကြတဲ့ နိုင်ငံအချို့ဟာ အခုအချိန်မှာ တစ် နိုင်ငံနဲ့ တစ်နိုင်ငံအကြား နိုင်ငံရေးနဲ့ စီးပွားရေးအရ တစ်စတစ်စ ဝေးကွာလာနေကြပြီဖြစ်ပါတယ်။ အပြည် ပြည် ဆိုင်ရာ နိုင်ငံရေး ပုံစံဟာလည်း အသွင်ပြောင်းလာနေပြီ ဖြစ်ပါတယ်။ ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို အတူတ ကွ ပေါင်းစည်းပေးနိုင်မယ့် ဘုံရပ်တည်ချက်ရရှိရေးဟာ ပထဝီနိုင်ငံရေး အခင်းအကျင်း သစ်မှာ ပိုမို ခက်ခဲလာနေတယ်ဆိုတာ နိုင်ငံတွေအနေနဲ့ သဘောပေါက်လာကြပြီဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား၊
ကုလသမဂ္ဂအနေနဲ့ ဒီကိစ္စတွေကို သေချာစွာ ဆန်းစစ် ကြည့်ဖို့လိုနေပြီဖြစ်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ထိန်း ချုပ် ရန်ခက်ခဲတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ တစ်ဖက်သတ် လုပ်ဆောင် ခွင့်များကို ခွင့်ပြုခဲ့သည့် အမှားမျိုး ထပ်မမှား အောင် ရှောင်ရှား ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဲသည်လိုဆောင်ရွက် မှုများဟာ အကျိုးသက် ရောက်မှု မရှိစေသောကြောင့် ဖြစ်ပါ တယ်။ ကုလသမဂ္ဂဟာ အဖွဲ့ဝင်နိုင်ငံတွေကို ပစ်မှတ်ထားဖို့ အတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေကို လက်နက် တစ်ခုအဖြစ် အသုံးချတာမျိုး ဘယ်သောအခါမျှ မပြုသင့် ပါ။ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာ ပိုမို ကောင်းမွန်ပြီး အရည်အသွေးပြည့်ဝတဲ့ လုပ်ငန်း တွေကို အတူတကွ ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ပြောကြားလို ပါတယ်။ စံနှုန်းနှစ်မျိုးကျင့်သုံးမှုနဲ့ ခြွင်း ချက်ထားသည့် မူဝါဒ (exceptionalism) ကို သမာသမတ်ရှိစွာ ရှောင်ရှားရမှာ ဖြစ်ပါတယ်။ သို့မဟုတ်ပါက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် မျှော်လင့်ချက် မီးရှူးတန်ဆောင်ဖြစ်တဲ့ ကုလသမဂ္ဂအပေါ် ထားကြတဲ့ ယုံ ကြည်မှုတွေ ပျက်သုဉ်းသွားမှာ ဖြစ်ပါတယ်။ နိုင်ငံပေါင်းစုံအတူ ကြိုးပမ်းအားထုတ်မှုများဖြင့်သာ ဖြေရှင်း နိုင်မယ့် အရေးကြီးကိစ္စရပ်တွေအတွက် ဒီလိုယုံကြည်မှု ပျက်သုဉ်းခံရတာမျိုး မဖြစ်သင့်ပါဘူး။ ကုလသမဂ္ဂရဲ့ တန်ဖိုးကို ရုပ်ဝတ္ထုကြွယ်ဝချမ်းသာမှုနဲ့ နိုင်ငံရေးဩဇာ လွှမ်းမိုးမှုတို့က အဆုံးအဖြတ်ပေးနေတယ်လို့ မည် သည့် နိုင်ငံကိုမျှ အတွေး မရောက်စေသင့်ပါဘူး။

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေး
သဘာပတိကြီးခင်ဗျား၊
မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းလျက် ရှိရာမှာ ပြည်တွင်းပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့ နည်း လမ်းနဲ့ အဖြေရှာဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေကို ပြုလုပ် လျက်ရှိပါတယ်။ ရေရှည်တည်တံ့ပြီး အားလုံး ပါဝင်တဲ့ ဖွံ့ဖြိုး မှုဆီသို့ ဦးတည်လျက်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ခရီးလမ်းကြောင်း မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်း ရေးဟာ ယှဉ် တွဲပါဝင်နေပါ တယ်။ တရားဥပဒေစိုးမိုးရေးဟာ ဒီမိုကရေစီအုပ်ချုပ်မှုမှာ အခြေခံကျတဲ့ မူဝါဒ တစ်ခုအဖြစ် ကျွန် တော်တို့က ရှုမြင်ပါ တယ်။ အစိုးရနဲ့ ဥပဒေပြုလွှတ်တော်တို့အနေနဲ့ ပြည်သူများ ရဲ့ အကျိုး စီးပွားဖော် ဆောင်နိုင်စေဖို့အတွက် ဥပဒေတွေကို ပွင့်လင်းမြင်သာမှုရှိစေဖို့နဲ့ ဥပဒေရဲ့ ရှေ့မှောက်မှာ အားလုံး တန်းတူညီမျှ ဖြစ်စေဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံ တစ်ဝန်းမှာ သဟဇာတရှိမှုနဲ့ တရားမျှတမှုတို့ လွှမ်း မိုးစေဖို့အတွက် အကျင့် ပျက်ခြစားမှု တိုက်ဖျက်ရေး၊ တရားရုံးများ သီးခြားလွတ်လပ်ခွင့် ပိုမိုရှိစေရေးနဲ့ တရား စီ ရင်မှုတွေ ပွင့်လင်းပြီး မျှတမှုရှိစေရေးတို့အတွက်လည်း စီမံဆောင်ရွက် လျက် ရှိပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး

သဘာပတိကြီးခင်ဗျား၊
ယခုပြောကြားခဲ့တဲ့ ကဏ္ဍတွေနဲ့ အခြားကဏ္ဍတွေမှာ တိုးတက်မှုတွေ ရရှိနိုင်ဖို့အတွက် ပြည်သူများရဲ့ ဒီမိုက ရေစီ အခွင့်အရေးတွေကို အမှန်တကယ် ကာကွယ်မြှင့်တင်နိုင် မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် လိုအပ် ပါ တယ်။ ဒါ့ကြောင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်း ချက်အချို့ကို ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ဟာ သိသာထင်ရှားတဲ့ ဆောင်ရွက်မှုတွေကို လုပ်ဆောင်လျက် ရှိပါတယ်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။ ကော်မတီ အနေနဲ့ နိုင်ငံရေး ပါ တီ အသီးသီးက ပေးပို့လာတဲ့ ပြင်ဆင် ရမယ့် အချက်ပေါင်း (၃၇၀၀) ကျော်ကို စုစည်းခဲ့ပြီး တွေ့ရှိချက်တွေ အပေါ်မှာ အခြေခံတဲ့ ပြင် ဆင်ချက် ဥပဒေ မူကြမ်းကို ဆက်လက်တင်သွင်းသွားဖို့ ရည်ရွယ်ပါတယ်။ ကျွန် တော်တို့ရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းအားထုတ်မှု များနဲ့ ယင်းနဲ့ဆက်နွှယ်မှုရှိတဲ့ ပြုပြင်ပြောင်းလဲမှုများဟာ အရှိန်အဟုန်မပြတ် ဆက်လက်ရှင်သန် တိုးတက်ဖြစ်ပေါ် နေပါတယ်ဆိုတာ ပြောကြားလိုပါတယ်။

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး
သဘာပတိကြီးခင်ဗျား-
မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ရာ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နှစ်ပေါင်းရှည်ကြာတဲ့ ပြည် တွင်း လက်နက်ကိုင် ပဋိပက္ခသမိုင်းကြောင်းလည်း ရှိနေပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့အစိုးရရဲ့ အဓိကဦးစားပေး ဖြစ်ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ပြည်ထောင် စုငြိမ်းချမ်းရေး ညီလာခံ(၃) ကြိမ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူ စာချုပ်မှာ ပါဝင်မယ့် အခြေခံမူ (၅၁)ချက်ကို ချမှတ်ခဲ့ ပါတယ်။ ဒီသဘောတူစာချုပ် ဟာ လုံခြုံမှု၊ သာယာဝပြောမှု၊ ငြိမ်းချမ်းမှုနဲ့ အမျိုးသားသဟဇာ တဖြစ် မှုတွေကို အာမခံပေး နိုင်မယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည် စေမှာပဲ ဖြစ်ပါတယ်။ တစ်နိုင် ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မှာ စုစုပေါင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ လက်မှတ်ရေး ထိုးခဲ့ကြပြီး ဖြစ်ပါ တယ်။

ဒီသဘောတူစာချုပ်ရဲ့ လွှမ်းခြုံနိုင်မှုကို မကြာသေးမီက တိုးချဲ့နိုင်ခဲ့ပေမယ့် လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့ အားလုံး ပါဝင်လာနိုင်ရေးအတွက် ရှေ့ဆက်ပြီး များစွာ ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေ ရှိနေသော် ငြား စေ့စပ်ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ်လျက် ရှိပါတယ်။ အောင်မြင်တဲ့ ရလဒ်ဖြစ် ပေါ် လာဖို့အတွက် အဖွဲ့အားလုံးရဲ့ ဖြေလျှော့မှု၊ လိုက်လျောမှု၊ စိတ်ရှည်မှုအပြင် မိတ်ဆွေများရဲ့ ဆက်လက် အား ပေးကူညီမှုများလည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ မတူကွဲပြားတဲ့အမြင်တွေကို ဆွေးနွေးမှု၊ ညှိနှိုင်းမှု နည်းလမ်းများနဲ့ ဖြေရှင်းသွားမှာဖြစ်ပါတယ်။ ဒါမှသာ အပြန်အလှန် ယုံကြည်နားလည်မှုကို တည်ဆောက် နိုင်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စ
သဘာပတိကြီးခင်ဗျား-
ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်ပြီး မကြာသေး မီက ဖြစ်ပေါ်တိုးတက်မှုများကို ပြောကြားလိုပါတယ်။ ကျွန် တော်တို့ရဲ့ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးလုပ်ငန်း စဉ်ဟာ နုနယ်ပြီး ပြီးပြည့်စုံခြင်း မရှိသေးပါဘူး။ ကျွန်တော် တို့ဟာ ဆင်းရဲနွမ်းပါးမှု လောင်းရိပ်အောက်က လွတ်မြောက် နိုင်အောင် ရုန်းကန်နေချိန်၊ အားလုံး ပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက် မှုနဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းနေချိန်မှာ ပြီးပြည့်စုံမှုမရှိသေးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက အစပြုလို့ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအထိ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှား ရမှာ ဖြစ်ပါတယ်။ နက်နဲတဲ့သမိုင်းကြောင်း အမြစ်တွယ်နေတဲ့ ရခိုင်ပြည်နယ်အရေးကိစ္စဟာ ဒီစိန်ခေါ်မှု တွေ ထဲက တစ်ခုပဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေကြောင့် ထိခိုက်ခံရသူအသိုက်အဝန်းများအတွက် နိုင်ငံတ ကာ အသိုက်အဝန်းရဲ့ စိုးရိမ်ပူပန်မှုကို ကျွန်တော်တို့ အပြည့်အဝ ဝေမျှခံစားရပါတယ်။ အမှန်စင်စစ် မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေခဲ့တာဟာ လက်ရှိ လူသား ချင်းစာနာမှု ပဋိပက္ခ ကို စတင်ဖြစ်ပေါ်စေခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် အာဆာ အကြမ်းဖက် အ ဖွဲ့ရဲ့ အကြမ်း ဖက်တိုက်ခိုက်မှုတွေ မတိုင်မီ ကတည်းက ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက် ပြီး ရေရှည်အဖြေကိုရှာဖို့အတွက် ၂၀၁၆ ခုနှစ်မှာ နိုင်ငံတော် တာဝန်ကို စတင်ယူပြီးကတည်းက နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင် အ ထည်ဖော်ရေးဗဟိုကော် မတီနဲ့ ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော် မရှင်တို့ကို ဖွဲ့စည်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ဒီလိုသိမ်မွေ့ပြီး၊ ထိလွယ်ရှ လွယ် ရှိတဲ့ အရေးကိစ္စတွေအတွက် ရေရှည်တည်တံ့ပြီး လက်တွေ့ကျတဲ့ အဖြေရှာမှုတွေ ပြုလုပ်သွားဖို့ ပဲဖြစ် ပါတယ်။

ရခိုင်အရေးကိစ္စဟာ ဒီမိုကရေစီစနစ်သို့ လျှောက်လှမ်း နေတဲ့ မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင်နေရတဲ့ အရှုပ်ထွေး ဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ ရေရှည်တည်ငြိမ် ရေး၊ လုံခြုံရေးနဲ့ စဉ်ဆက်မပြတ်ဖွံ့ ဖြိုးရေးအတွက် ဘက်စုံ ပါဝင်တဲ့ နည်းလမ်းနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိ ဦးစားပေးလုပ်ငန်းက နေရပ်စွန့်ခွာ သူများကို စိစစ်ပြီး ပြန်လည်လက်ခံရေးနဲ့ ပြန်လည်ရောက်ရှိ လာသူများ အတွက် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင် ဖန်တီး ပေးရေးတို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုလသမဂ္ဖွံ့ဖြိုးမှုအစီအစဉ်၊ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ အာဆီယံ၊ မိတ်ဆွေများ၊ အလှူရှင်များနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က စခန်းတွေမှာ နေရပ်စွန့်ခွာသူများ ပြန်လည်လာရောက်ရေးကို ဟန့်တားဖို့နဲ့ သူတို့ရဲ့ ဒုက္ခတွေကို အမြတ်ထုတ်ဖို့အတွက် ဖျက်လိုဖျက်ဆီးလုပ်ရပ်တွေ အပါအဝင် အခက်အခဲပေါင်းများစွာကို ဖြေရှင်းဖို့လိုအပ်နေတယ်ဆိုတာ မြန်မာနိုင်ငံအနေနဲ့ သိရှိ ထားပါတယ်။ အဆင်ပြေချောမွေ့တဲ့ ပြန်လည် လက်ခံရေးဖြစ်ဖို့ စစ်မှန်တဲ့ နိုင်ငံရေးဆန္ဒ၊ ခိုင်မာတဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ လက်မှတ်ရေးထိုး သဘောတူ ညီထားတဲ့ ကတိကဝတ်တွေကို အတိအကျလိုက်နာဖို့ လိုအပ်ပါတယ်။

သဘာပတိကြီးခင်ဗျား
ကော့စ်ဘဇားမှာရောက်နေတဲ့ ရခိုင်ပြည်နယ်မှာ နေထိုင် ခဲ့ဖူးကြသော နေရပ်စွန့်ခွာသူတွေထဲမှာ နေထိုင်ခွင့် အဆင့် အတန်း အမျိုးမျိုးရှိသူများ ပါဝင်ကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အကြား လက်မှတ် ရေးထိုးထားတဲ့ နှစ်နိုင်ငံသဘောတူညီချက်နဲ့အညီ ၎င်းတို့ကို ပြန်လည်လွှဲပြောင်းလက်ခံလိုတဲ့ ဆန္ဒရှိပါတယ်။ ပြန်လည် ဝင်ရောက်မယ့်သူတွေကို သက်သေခံကတ်ပြားထုတ်ပေးဖို့ အတွက် အဆိုပါသဘော တူညီချက်မှာ ဖော်ပြထားပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံသားဥပဒေနဲ့ ကိုက်ညီတဲ့သူတွေကို နိုင်ငံသားကတ်ပြားတွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ကျန်တဲ့ သူတွေကိုတော့ NVC ကတ်ပြားတွေ ထုတ်ပေး မှာ ဖြစ်ပါ တယ်။ ဒီကတ်များဟာ အမေရိကန်နိုင်ငံမှာ အခြေချရန် ဝင်ရောက်လာသူတွေ လိုလိုလားလား လျှောက်ထားကြတဲ့ “green card” နဲ့ ဆင်တူပါတယ်။

အိမ်နီးချင်းနိုင်ငံများကြား ဖြစ်ပေါ်တဲ့အရေးကိစ္စတွေကို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းနိုင်မယ်၊ ဖြေရှင်း ရမယ်လို့ မြန်မာနိုင်ငံအနေနဲ့ အခိုင်အမာယုံကြည်ပါတယ်။ ကော့စ်ဘဇား မှာရှိတဲ့ နေရပ်စွန့်ခွာသူများရဲ့ လက်ရှိအရေးကိစ္စကို မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား အထူးသဖြင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ က တည်းက လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်နိုင်ငံ သဘောတူညီချက်အရ ဖြေရှင်းနိုင်ပြီး၊ ဖြေရှင်းသွားရမှာလည်း ဖြစ်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ တောင်းဆိုမှုတွေ ဆက်တိုက်ပြုလုပ်နေတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံအတွင်း“Safe Zone” တည်ထောင်ဖို့ တောင်းဆို မှုလည်းရှိပါတယ်။ ဒီလို တောင်းဆိုမှု ဟာ ခွင့်ပြုမှာလည်း မဟုတ်သလို ဘယ်လိုနည်းနဲ့မျှ ဖြစ်နိုင်မှာလည်း မဟုတ်ပါဘူး။ ဒီနေရာမှာ တင်ပြချင် တာက အာဆာအဖွဲ့ရဲ့ သတ်ဖြတ်မှုများ၊ ခြိမ်းခြောက်ဟန့်တားမှုများ ရှိတဲ့ကြားထဲက နေရပ်စွန့်ခွာသူ (၃၀၀) ခန့်ဟာ သူတို့ရဲ့ဆန္ဒသဘောအရ သူတို့အစီအစဉ်နဲ့ ပြန်လည်ဝင်ရောက်လာပြီး လုံခြုံပြီး သိက္ခာရှိတဲ့ ဘ၀ တွေကို ပြန်လည်ထူထောင်နေပြီ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ နေရပ်စွန့်ခွာသူများအရေးကိစ္စ ဖြေရှင်းရေးအတွက် အသင့်လျော်ဆုံး နည်းလမ်းဖြစ် တဲ့ နှစ်နိုင်ငံသဘောတူညီချက်တွေကို တိတိကျကျ လိုက်နာ ဆောင်ရွက်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါ တယ်။ ဒါ့အပြင် ဟိန္ဒူဘာသာဝင် (၄၀၀) ကျော် အပါအဝင် မြန်မာနိုင်ငံကို ပြန်လိုကြောင်း ယခင်ကတည်းက ဆန္ဒပြုထားပြီးဖြစ်တဲ့သူ များကိုလည်း ဆောလျင်စွာ ပြန်လည်လွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတောင်း ဆိုပါတယ်။ ဟိတ်ဟန်ကြီးကြီး နဲ့ တောင်းဆိုမှုအသစ်တွေ၊ ခြွင်းချက်အသစ်တွေ ပြုလုပ် နေမှုဟာ အချည်းနှီး သာဖြစ်ပါတယ်။ မြန် မာပြည်သူများဟာ လက်တွေ့ကျပြီး ကြံ့ကြံ့ခံနိုင်ကြပါတယ်။ ကျွန်တော်တို့အနေနဲ့ အ ခြား နိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို တန်ဖိုး ထားသော်လည်း အချုပ်အခြာအာဏာ ပိုင်ဆိုင် ပြီး လွတ်လပ်တဲ့ ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တာနဲ့အညီ မျှတမှုနဲ့ စဉ်းစားချင့်ချိန်မှုမရှိတဲ့ အကျပ် ကျပ်ကိုင်မှုတွေကိုတော့ လက်ခံ ပြန်ကြားမှာ မဟုတ်ပါဘူး။

ယခု စက်တင်ဘာလ ၁၅ ရက်နေ့က မြန်မာနိုင်ငံ လွှတ်တော်မှာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအ နား ကျင်းပရာမှာ နိုင်ငံရေးပါတီအသီးသီးက နိုင်ငံရေးလှုပ်ရှား သူများ မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။ ရခိုင် အရေးကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလူနည်းစု လွှတ်တော်ကိုယ်စား လှယ်တစ်ဦးရဲ့ ပြောကြားချက်ကို အလေးထားပြောကြား လိုပါတယ်။ ၎င်းက မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေနဲ့ ပတ်သက်ပြီး “သူတို့ဟာ ကျွန်တော်တို့ရဲ့ ပိုင်နက်နယ်မြေ တည်တံ့မှုနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို မထီမဲ့မြင် လုပ်နေကြတယ်။ အချုပ်အခြာအာ ဏာ ပိုင်ဆိုင်ပြီး လွတ်လပ် တဲ့နိုင်ငံတွေက ပြည်သူများသာ ဒီမိုကရေစီရဲ့ အနှစ်သာရကို ခံ စားနိုင်မှာ ဖြစ်တယ်''လို့ ပြောကြားခဲ့ပါတယ်။

တာဝန်ခံမှု
သဘာပတိကြီးခင်ဗျား၊
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာများကြောင့် ထိခိုက်ခံစားရသူများအားလုံးကို ကျွန်တော်တို့အနေနဲ့ များစွာ စာနာထောက်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ‌အလုံးအရင်းနဲ့ နေရပ်စွန့်ခွာ မှုများဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး မမှန်မကန်လုပ်ရပ် တွေရှိခဲ့ ပါက တာဝန်ခံမှုရှိစေရေးအပေါ် မြန်မာနိုင်ငံအနေနဲ့ ဆန့်ကျင် ရပ်တည်နေခြင်းမဟုတ်ပါ။ ကျွန်တော် တို့အနေနဲ့ အပြည်ပြည် ဆိုင်ရာ ဥပဒေကြောင်းရဲ့ အခြေခံ မူဝါဒများအပေါ် စွဲမြဲစွာရပ်တည်ဆောင်ရွက်လျက် ရှိပါတယ်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အထူးစုံစမ်းစစ်ဆေးရေး အစီအစဉ် တစ်ရပ် အနေနဲ့ ဖွဲ့စည်းခဲ့တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ လုပ်ငန်းအကြံပြုချက်များ ပါဝင်တဲ့အစီရင် ခံစာကို တင်သွင်းနိုင်ရန် ပြင်ဆင်လျက်ရှိပါတယ်။ အခြား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေလိုပဲ မြန်မာနိုင်ငံမှာလည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ဘက်တရားစီရင်မှုစနစ် ရှိပါတယ်။ ရခိုင် ပြည်နယ်ဆိုင်ရာ စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို စစ်ဥပဒေချုပ်ရုံးက ဆောင်ရွက် လျက် ရှိပါတယ်။ မကြာသေးမီက ကြေညာချက်များအရ စစ်ဘက်ဆိုင်ရာခုံရုံးတစ်ခု ထူထောင်သွားမယ်လို့ သိရှိ ရပါတယ်။ လွတ်လပ်တဲ့ ပြည်တွင်းစုံစမ်းစစ်ဆေးမှုများရဲ့ သမာသမတ် ဂုဏ်သိက္ခာရှိမှုကို နိုင်ငံတကာက လှုပ်ရှား ဆောင်ရွက်သူများကြောင့် ထိခိုက်လျော့ပါးစေခြင်း မပြု သင့်ကြောင်းကိုလည်း ပြောကြားလိုပါ တယ်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်မှာ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) ရဲ့ ရှေ့နေက ရခိုင်ပြည် နယ်ကိစ္စ စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး ကနဦး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီ တောင်းဆိုမှုမှာ နေရပ်စွန့်ခွာမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ အာဆာအဖွဲ့ရဲ့ ပြစ်မှုတွေ ကို တမင်ချန်လှပ်ထားခြင်း၊ သူမအနေနဲ့ အပြည်ပြည်ဆိုင်ရာ နဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေများနဲ့ပတ်သက်ပြီး အချက် အလက် အမှား အယွင်းများစွာ ပါဝင်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာတွေပေါ်မှာ အလွန်အကျွံ ယုံကြည်ထားခြင်းနဲ့ မြန်မာ နိုင်ငံရဲ့ ပြစ်မှုဆိုင်ရာ တရားစီရင်မှုစနစ်ကို လွဲမှားစွာ ပုံဖော်နေခြင်းတို့ကြောင့် ဒီတောင်းဆိုမှုဟာ ရှုပ်ထွေးတဲ့ ပြဿနာရပ်ဖြစ်ကြောင်း သီးခြားလွတ်လပ်သော ပညာရှင် များက သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံဟာ ရောမသဘောတူ စာချုပ် (Rome Statute) မှာ ပါဝင်လက်မှတ်ရေးထိုးထား တဲ့နိုင်ငံမဟုတ်တဲ့ အတွက် ဒီဝေ ဖန်မှုတွေက ပိုမိုပြင်းထန် လာရတာ ဖြစ်ပါတယ်။ ယင်းတရားရုံးအနေနဲ့ မြန်မာနိုင်ငံ အပေါ် စွပ်စွဲထားတဲ့ ပြစ် မှု များအတွက် တရားစီရင်ပိုင်ခွင့်မရှိ ဘူးဆိုတဲ့ မိမိတို့ရဲ့ ရပ်တည်ချက်ဟာ ပြောင်းလဲမှာမဟုတ်ဘူး ဆိုတာ ကိုလည်း ပြောကြားလိုပါတယ်။

ICC ရှေ့နေဟာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို လူအမြောက်အမြား စွန့်ခွာထွက်ပြေးတဲ့ ကိစ္စကိုသာ အလေးထားနေပြီး နေရပ်စွန့်ခွာမှုကို ဖြစ်စေတဲ့ ကျယ်ပြန့်တဲ့ လတ်တလောနဲ့ရေရှည်အကြောင်း တရားတွေ၊ ပါဝင်ပတ်သက်သူတွေနဲ့ စပ်လျဉ်းလို့တော့ ရေငုံနှုတ်ပိတ် လျက်ရှိပါတယ်။

ဒီလိုရေငုံနှုတ်ပိတ်နေခြင်းဟာ ICC နဲ့ မြန်မာပြည်သူတွေအကြား သဘောထား ပိုမိုဝေးကွာစေ မှာ ဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ယခုလိုဆောင်ရွက် ချက်ဟာ မြန်မာပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကို အလေးမ ထားဘဲ မြေပြင်အခြေအနေကို အပေါ်ယံလောက်သာ သိထားကြတဲ့ ဩဇာညောင်းတဲ့ နိုင်ငံကြီးတွေ၊ အဖွဲ့ အစည်းတွေရဲ့ သဘော ထားကသာ ပိုပြီးအရေးကြီးကြောင်း ICC က ပြသနေတယ်လို့ မြန်မာပြည်သူတွေ ထင်မြင်ခံစားရခြင်းကြောင့် ဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား၊
မြန်မာနိုင်ငံဟာ နှစ်ပေါင်း (၁၀၀) ကျော် ဗြိတိသျှကိုလိုနီ အဖြစ် ကျရောက်ခဲ့ပါတယ်။ အဲ့ဒီ အချိန်ကာလအတွင်း မှာ ကိုလိုနီနယ်ချဲ့တွေက ဆန်စပါးထုတ်လုပ်တင်ပို့မှု မြန်ဆန် စေဖို့အတွက် ဗြိတိသျှ၊ အိန္ဒိယကနေ မြန်မာနိုင်ငံထဲကို လူသိန်း နဲ့ချီပြီး ပို့ဆောင်ခဲ့ပါတယ်။ ၁၉၂၇ ခုနှစ် တစ်နှစ်တည်းမှာ သိမ်းပိုက်ခံ မြန်မာနိုင်ငံ ထဲကို လူ ၄၈၀၀၀၀ ကျော် ဝင်ရောက် ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ သူတို့ရဲ့ အဓိကမြို့တော် ဖြစ်တဲ့ ရန်ကုန်မြို့မှာပင် လူနည်းစုဖြစ်ခဲ့ရပါတယ်။ ဗြိတိသျှ လက်ထက် ၁၈၇၂ ခုနှစ်၊ သန်းခေါင်စာရင်းအရ ယနေ့ စစ်တွေလို့ ခေါ်တဲ့ Akyab ခရိုင်မှာ မွတ်စလင် ၅၈၂၅၅ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။ ၁၉၁၁ ခုနှစ်မှာ မွတ်စလင်ဦးရေဟာ ၁၇၈၆၄၇ အထိ ရောက်ရှိလာခဲ့ပါတယ်။ နေရပ်ရွှေ့ပြောင်းမှုဟာ အဓိကအားဖြင့် လုပ်ခ သက်သာတဲ့ ဗြိတိသျှ၊ အိန္ဒိယက အလုပ်သမား တွေကို စပါးစိုက်ပျိုးထုတ်လုပ်မှုအတွက် အလုပ် လုပ်ကိုင်ဖို့ လိုအပ်ခြင်းကြောင့်သာဖြစ်ပါတယ်။ ဘင်္ဂလား ဒေသ အထူးသဖြင့် စစ်တကောင်းဒေသကသူတွေဟာ ရခိုင် ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေကို အစုလိုက်အပြုံလိုက် ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်က အခြား ကိုလိုနီအုပ်ချုပ်ခံနယ်မြေတွေလိုပဲ ကျွန်တော်တို့ရဲ့ ဒေသခံလူထုဟာ သူတို့ရဲ့ မြေပေါ်မှာ ဒီလို ကြီးမားတဲ့ လူဦးရေ ပြောင်းလဲမှုများ၊ လုပ်ဆောင်မှုများအပေါ် ပြောဆိုပိုင်ခွင့် မရရှိခဲ့ကြပါဘူး။ မည်သို့ပင်ဖြစ်စေ အကွက်ချ ပုံဖော်ထားတဲ့ အမွေဆိုးကို ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်မှာ တာဝန်တစ်ရပ်အဖြစ် ကျွန်တော် တို့ လက်ခံရယူခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာမှ အရပ်သားတွေကို သိမ်းပိုက်ခံနယ်မြေတွေထဲ လွှဲ ပြောင်းပို့ဆောင်ခြင်းကို အပြည်ပြည်ဆိုင်ရာဥပဒေမှာ အတိအလင်း တားမြစ်တဲ့ စတုတ္ထမြောက်ဂျီနီဗာ ကွန်ဗင်းရှင်းကို အတည် ပြုခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီလိုလုပ်ရပ်တွေရဲ့ ဒုက္ခဖြစ်စေတဲ့ အကျိုးဆက်တွေ ကိုတော့ အသိအမှတ်ပြုခြင်း အလျဉ်းမရှိခဲ့ပါဘူး။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အဖြစ်အပျက်တစ်ခု တည်းအပေါ်မှာ မတူညီတဲ့ ဝေဖန်သုံးသပ်မှုတွေ ပြုလုပ်နေမယ် ဆိုရင် စံနှုန်းနှစ်မျိုး ကျင့်သုံးမှုလည်း ပိုမိုကြီးထွား လာမှာပဲဖြစ် ပါတယ်။ ဒီကိစ္စကို မဖြေရှင်း ဘူးဆိုရင် ဒီလို အယူအဆမျိုး တွေကြောင့် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရား စီရင်ရေးကို အားနည်း စေမှာဖြစ်ပြီး အစွန်းရောက်သဘော ထားကွဲလွဲမှု အန္တရာယ် တွေကို ပိုမိုဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

ယခု အထွေထွေညီလာခံဟာ အားလုံးအကျုံးဝင်တဲ့ နိုင်ငံစုံ ကြိုးပမ်းအားထုတ်မှုများကို လှုံ့ဆော်ရေးအတွက် အလေးထားတာကြောင့် ကျွန်တော်တို့အနေနဲ့ အကြမ်းဖက် ပဋိပက္ခများ၊ တာဝန်ခံမှု၊ လူမှုပေါင်း စည်းမှုနဲ့ အစွန်း ရောက် မှုတွေရဲ့ ဆက်စပ်မှုနဲ့ အကြောင်းရင်းတွေကို ပြည့်စုံစွာ စဉ်းစား သုံးသပ်သင့်ပါတယ်။ နိုင်ငံတကာက တာဝန်ရှိသူများအနေနဲ့ နိုင်ငံအဆင့် တာဝန်ခံနိုင်မှု စွမ်းဆောင်ရည်ကို ပိုမိုခိုင်မာအားကောင်း စေရန်နဲ့ တစ်ချိန်တည်းမှာ သူတို့ကိုယ်တိုင်လည်း လူ့အခွင့်အရေးနဲ့ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးကိစ္စတွေမှာ အမြင့်မားဆုံး အရည်အသွေးကို ထိန်းသိမ်းသွားစေရန် အတတ်နိုင်ဆုံး အစွမ်းကုန်ကြိုးပမ်းကြစေလိုပါ တယ်။

ဒါရူစမင်ရဲ့ အစီရင်ခံစာများ
သဘာပတိကြီးခင်ဗျား၊
မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ရဲ့ ဖွဲ့စည်းမှု၊ လုပ်ပိုင်ခွင့်နဲ့ ဘက်မလိုက်ဘဲ တရား မျှတစွာ လုပ်ဆောင်နိုင်မှုတို့အပေါ် မြန်မာနိုင်ငံအနေနဲ့ အထူး စိုးရိမ်မှုတွေရှိတဲ့အတွက် ဒီအဖွဲ့ကို စတင်ဖွဲ့စည်းစဉ်က တည်း က ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိုးရိမ်မှုဟာ ကျိုးကြောင်း ဆီလျော်ကြောင်း အဖြစ်အ ပျက် တွေက သက်သေ ပြခဲ့ပါတယ်။ ဒါရူစမင်ရဲ့ အစီရင်ခံစာတွေဟာ အလုံးစုံ တစ်ဖက် စောင်းနင်းဖြစ်ပြီး၊ အ ချက်အလက်မှားများစွာ ပါဝင်ကာ ခိုင်လုံ တဲ့ အချက်အလက်တွေကို အခြေမခံဘဲ နှုတ် ပြောဇာတ်ကြောင်း တွေကိုသာ အခြေခံထားပါတယ်။ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေက ပိုလို့ တောင် ဆိုးရွားပါသေးတယ်။ ရခိုင် ပြည်နယ်ရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ စစ်မှန်တဲ့ စိတ်ဆန္ဒထက် ဒီမိုကရေ စီ နည်းလမ်းတကျ တင်မြှောက်ထားတဲ့ မြန်မာအစိုးရ နဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ ပြည်သူတွေကို ရန်လို မုန်းထား မှုတွေနဲ့ လုပ်ဆောင်ခဲ့တယ်လို့ပဲ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံကို ခုံရုံးများ တင်ဖို့ အတွက် လွတ်လပ် သော စုံစမ်စစ်ဆေး ရေး ယ္တရားအသစ် တည်ထောင်မှုကိုလည်း ကျွန် တော်တို့ ပြင်းပြင်း ထန်ထန် ကန့်ကွက်ပါတယ်။ ဒီအထဲမှာ အ ပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) လည်း အပါအဝင် ဖြစ်ပါတယ်။ ICC နဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ICC ဟာ မြန်မာနိုင်ငံအပေါ် မှာ တရားစီရင်ပိုင်ခွင့် မရှိပါဘူး။

ရိုဆင်သယ်၏ အစီရင်ခံစာ
သဘာပတိကြီးခင်ဗျား၊
ရိုဆင်သယ်ရဲ့ အစီရင်ခံစာအပေါ်မှာလည်း ကျွန်တော်တို့ အလွန်စိတ်ပျက်မိပါတယ်။ အစီရင်ခံစာမှာ တင်ပြတဲ့ အချက် အလက်တွေဟာ တိကျမှုမရှိဘဲ၊ လိုသလိုဆွဲယူထားတာတွေ ပါဝင်ပြီး၊ ပညာရှင်ပီသစွာနဲ့ အရှိ အတိုင်း တင်ပြရမှာဖြစ်ပေမယ့် တင်ပြပုံနည်းစနစ် မှားယွင်းနေပြီး၊ အလွန်အကျွံဘက်လိုက် ပြီး ကြိုတင် ကောက်ချက်ချထားတဲ့ ထင်မြင်ယူဆချက်တွေ ပေါ်မှာ အခြေခံထားတာတွေ့ရပါတယ်။

အစီရင်ခံစာမှာ မြန်မာအစိုးရနဲ့ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေ၊ နှစ်နိုင်ငံနဲ့ နိုင်ငံ တကာ သဘောတူညီချက်တွေအရ အကူအညီပေးနေတဲ့ အစီအစဉ် တွေကို သိသိသာသာ ချန်လှပ် ထား ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီညီလာခံကြီးရဲ့ နောက်ကွယ်က လုပ်ဆောင်ချက်တွေရဲ့ တကယ့် ရည်ရွယ် ချက်ဟာ လူ့အခွင့်ရေးကို ကာကွယ်ဖို့ စစ်မှန်တဲ့ ဆန္ဒလား၊ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လူ့အခွင့် အရေးကို အပိုင်စီး အသုံးချနေတာလားဆိုတာ ခွဲခြားသိမြင်ကြစေ လိုပါတယ်။

နက်နဲသိမ်မွေ့တဲ့ ရခိုင်အရေးကိစ္စကို ဖြေရှင်းရာမှာ အမှန်တရား၊ မျှတမှုနဲ့ အပြုသဘောဆောင်တဲ့ ကူညီပံ့ပိုး မှု တွေ လိုအပ်ပါတယ်။ ခွဲခြားဆက်ဆံတဲ့ လေ့လာစောင့်ကြည့် မှုတွေနဲ့ မလိုမုန်းထားရည် ရွယ်ချက်နဲ့ နိုင်ငံ ရေးဖိအားတွေဟာ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်း မှုတွေကို အထောက်အကူ မဖြစ်စေပါဘူး။

မြန်မာအစိုးရနဲ့ ပြည်သူတွေက မိတ်ဆွေတွေ မိတ်ဖက် တွေရဲ့ စစ်မှန်တဲ့ စိတ်ကောင်းစေတနာပေါ် အခြေခံ တဲ့ အကူ အညီနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် အမှန်တကယ် ကျေးဇူးတင် ရှိလျက်ရှိကြပါတယ်။ ဒါဟာ မြန်မာပြည်သူများအတွက်သာမက နိုင်ငံကြီးငယ် အားလုံးအတွက် တရားမျှ တမှုနဲ့ ဘက်လိုက်မှုမရှိတဲ့ လုပ်ဆောင်မှုတွေကို တန်ဖိုးထားကြတဲ့ တစ်က္ဘာလုံးမှာ ရှိတဲ့ ပြည်သူများအတွက် ပါ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါ တယ်။

နိဂုံး
သဘာပတိကြီးခင်ဗျား၊
မြန်မာပြည်သူပြည်သားများဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာဖို့အတွက် ဆယ်စုနှစ်များစွာ စောင့်ဆိုင်းခဲ့ကြရပါတယ်။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရေးဟာ ကြီးမားတဲ့ စိန် ခေါ်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုကို အစိုးရနဲ့ ပြည်သူများ က ယုံကြည်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု တို့နဲ့ ရင်ဆိုင်ဖြေရှင်းနေ ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများအတွက် အားလုံးပါဝင်တဲ့ မူဘောင်ပေါ်မှာ အခြေခံတဲ့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူအားလုံး လိုလားတောင့်တတဲ့ ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော်ကို ဖန်တီးပုံဖော်ရာမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ (၂၁) ရာစု ပင် လုံစင်မြင့် ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့် များကို လေးစား လိုက် နာတဲ့ လူ့ဘောင်အဖွဲ့ အ စည်းတစ်ရပ်၊ ပြည်သူများအားလုံး ငြိမ်းချမ်းသာ ယာ ဝပြော ရးနဲ့ အကြောက် တရားများကင်းဝေးတဲ့ လူ့ဘောင်အဖွဲ့ အစည်းတစ်ရပ် တည်ဆောက်ဖို့ ကျွန်တော်တို့ ဆက် လက် ကြိုးပမ်း သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်မာစွာ အမြစ်တွယ် စေဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ကျွန်တော် တို့နဲ့ အပြုသဘောနည်းလမ်းဖြင့် လက်တွဲဆောင်ရွက်သွား ကြဖို့ ဖိတ်ခေါ်ရင်း နိဂုံးချုပ်ပါတယ်။ကျေးဇူး တင်ပါတယ် သဘာပတိကြီးခင်ဗျား။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */