Monday, September 30, 2019

မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ မိမိ တို့ဆန္ဒအရ ပြန်လည်ဝင်ရောက်

မြန်မာ့အလင်း 
မောင်တော
စက်တင်ဘာ ၂၉ 
မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့်နေရပ် စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းများအတိုင်း စိစစ်လက်ခံဆောင်ရွက်ပေးလျက်ရှိ သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့ စက်တင် ဘာ ၂၅ ရက် နံနက် ၉ နာ ရီက မိမိတို့ သဘောဆန္ဒအရ ပြန်လည်ဝင်ရောက် လာသည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စု ၁၄ စု လူဦး ရေ ၂၇ ဦးအား ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ် လက်ခံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ယင်းသို့ လက်ခံဆောင်ရွက်ရာတွင် ရှေးဦးစွာ လုံခြုံရေးတာဝန်ရှိသူများက သတ်မှတ်နေရာ၌ တစ်ဦးချင်း လုံခြုံ ရေး ဆိုင်ရာရှာဖွေစစ်ဆေးမှုများ ပြုလုပ်သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များ စိစစ်မှတ်တမ်း တင်ခြင်းအား ဆောင်ရွက်ရာတွင် အိမ် ထောင်စု ၁၄ စုရှိ အသက်(၁၀)နှစ် အောက် ကျားလေးဦး၊ မသုံးဦး ပေါင်း ခုနစ်ဦး၊ အသက်(၁၀)နှစ် အ ထက် ကျား ၁၂ ဦး၊ မ ရှစ်ဦး ပေါင်း ၂၀ တို့အား NV Card ထုတ်ပေးခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှု (ဝဲပုံ)နှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ကာ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်များ မွန်းလွဲ၂ နာရီတွင် ပြီး စီးခဲ့ သည်။

ဆက်လက်၍ ငါးခူရပြန်လည် လက်ခံရေးစခန်းတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းကိုက လှဖိုးခေါင် ယာယီနေရာချထားစခန်းသို့ လွှဲပြောင်းပို့ဆောင်ပေးရာ လှဖိုးခေါင် စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးရွှေ အောင်နှင့် စခန်းတာဝန်ရှိသူများက လွှဲပြောင်း/ လက်ခံဆောင်ရွက်ကြပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ Kitchen Set များအား ထောက်ပံ့ပေးအပ် ခဲ့သည်။

ထို့နောက် ပြန်လည်ဝင်ရောက် လာသူ အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ၂၇ ဦးတို့သည် ယခင်နေရပ် မောင် တော မြို့နယ် ဦးရှည့်ကျကျေးရွာ၊ ကပ္ပ ကောင်းကျေးရွာ၊ မြောတောင်ကျေးရွာ၊ ကြက်ရိုးပြင်ကျေးရွာတို့မှ ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအား လွှဲပြောင်း ပေးအပ်ခဲ့ကာ ညနေ ၆ နာရီခွဲ တွင် စခန်းမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက် )

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */