နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောသလို ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက် လုပ်ရပ်ကို သူတို့ အာရုံမစိုက်ခဲ့ဘူးဆိုတာ မဟုတ်ပဲ အဓိက အင်အားအဆမတန် သုံးပြီး နိုင်ငံတကာဥပဒေ ကို ချိုးဖောက်တဲ့အထိ မြန်မာစစ်တပ်က နှိမ်နင်းခဲ့တဲ့ လုပ်ရပ်ကို အဓိက ထောက်ပြနေတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင် ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က တုံ့ပြန်ပြောဆိုလိုက်ပါ တယ်။
၂၀၁၉ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သူရဲ့ ခြောက်နှစ်သက်တမ်း နောက်ဆုံးနှစ် အဖြစ် မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာ ကို တင်သွင်းချိန် နယူးရောက်ကို ရောက်နေတဲ့ Yanghee Lee ကို မအင်ကြင်းနိုင်က Skype ကနေ တိုက်ရိုက် ဆက်သွယ်မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က Nikkei Asia နဲ့ တွေ့ဆုံမေး မြန်းခန်းမှာ နိုင်ငံ တကာအပေါ် ဝေဖန်ပြောဆိုခဲ့တဲ့အပေါ်မှာ သူကအခုလို စပြောပါတယ်။
Yanghee Lee ။ ။ ကျမ ဒီအမေးအဖြေတခုလုံးကိုတော့ မဖတ်ရသေးပါဘူး။ ဒါပေမယ့် ဒီသတင်းနဲ ပတ်သက် တဲ့ ခေါင်းကြီးတွေကိုတော့ ကြည့်ပြီးပါပြီ။ ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ခိုက်ခံရတဲ့ နယ်ခြားစောင့် စ ခန်း သုံးခုကို ၂၀၁၆ ခုနှစ်က ကျမကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ဘူးပါတယ်။ အဲဒါကို ဒေါ်အောင်ဆန်း စု ကြည်က ရည်ညွှန်းတယ်လို့ ကျမ ထင်ပါတယ်။ ဒါအပြင် ၂၀၁၇ခုနှစ်က တိုက်ခိုက်မှုကိုလည်း သူရည်ရွယ် ပြော ဆိုမှာပါ။ ဒါပေမယ်လို့ ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲပြောဆိုခဲ့တဲ့အတိုင်း ASRA တိုက်ခိုက်မှုကို နိုင်ငံ တကာအသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချမှုမရှိဘူး၊ အာရုံမစိုက်ခဲ့ဘူးဆိုတာ မဟုတ်ပါဘူး။ ဒီအဖွဲ့ဟာ ရည်ရွယ် ချက် ကောင်းကောင်းရှိတဲ့အဖွဲ့မဟုတ်ဘူးဆိုတာ ကျမတို့သိပါတယ်။ နောက် လက်နက်ကိုင်အဖွဲ့လည်း ဖြစ် ပါတယ်။ သူတို့အဖွဲ့ရဲ့ တိုက်ခိုက်လှုပ်ရှားမှုတွေကို ကျမတို့အားလုံး ကန့်ကွက်ရှုတ်ချခဲ့တယ်ဆိုတာ သတိ ရ ကြမှာပါ။ ဒါပေမယ့် ဒီတိုက်ခိုက်မှုကို ပြန်ပြီး တုန့်ပြန်တဲ့အပိုင်းကိုကြည့်မယ်ဆိုရင် နိုင်ငံတကာဥပဒေအရ မေးခွန်းထုတ်စရာဖြစ်လာတာက အဆမတန် အင်အားသုံးခဲ့သလား ဆိုတာဟာ အရေးကြီးဆုံးအချက် ဖြစ် ပါတယ်။ ဘာဖြစ်ခဲ့သလဲဆိုတာကို ကြည့်မယ်ဆိုရင် လူပေါင်း ၈ သိန်း မောင်းထုတ်ခံခဲ့၇ပါတယ်။ ဖြစ်ရပ်အ များကြီး ရှိခဲ့ပြီး လူအများအပြားဟာ အတင်းအဓမ္မပြုကျင့်ခံခဲ့ရသလို၊ ညှင်းပမ်းနှိပ်စက်ခံ ခဲ့ရတာ၊ အသက် ရှင် ရက် မီးရှို့သတ်ခံခဲ့ရတဲ့ အခြေအနေတွေတောင် ရှိခဲ့ပါတယ်။
အင်ကြင်းနိုင်။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရခိုင်ပြည်နယ် အရေးအပါ အဝင် ယေဘုယျအားဖြင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအပေါ်မှာ သူအာဏာမရခင် အချိန်နဲ့ အာဏာရပြီးနောက်ပိုင်း သဘောထား ပြောင်းလဲလာတဲ့ အခြေအနေကို Ms. Yanghee Lee အနေနဲ့ ဘယ်လိုပုံဖေါ် ပြောဆိုနိုင်မလဲ။
Yanghee Lee ။ ။ ဒီမေးခွန်းကတော့ ဒီရာစုနှစ်အတွက် ဒေါ်လာသန်းချီတန်တဲ့ မေးခွန်းမျိုးပါ။ ဒါပေမယ့် ဒီ့ ထက်မက ကြည့်နိုင်မယ် ဆိုရင်တော့ သူ့ရဲ့ မိန့်ခွန်းတွေ၊ သူ့ကို အင်တာဗျူးထားတဲ့ ဗီဒီယိုတွေမှာတွေ့နိုင်တာက သူက သူ့ရွေးကောက်ပွဲအတွက် သူ့ NLD လွှတ်တော်မှာ ဝင်နိုင်ရေး အတွက်ပဲ ကြိုးစားနေတယ် ဆို တာ တွေ့နိုင်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း နိုင်ငံတော် အတိုင်ပင်ခံအဖြစ် သူ့ကိုခန့်အပ်တဲ့ အခါမှာလည်း သူ က အမျိုးမျိုး ပြောပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံရေးနဲ့ သူဟာ နိုင်ငံရေးသမား တယောက်ဆိုတာကို ကျမ မြင်နိုင်ပါတယ်။ ဒါကြောင့် သူဟာ နိုင်ငံ ရေးသမားတယောက်ဆိုတာ ကျမတို့ မမေ့သင့်ပါဘူး။
အင်ကြင်းနိုင်။ ။ အခုလို လူ့အခွင့်အရေး ကျွမ်းကျင်သူ ပညာရှင်တဦးအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အ ခွင့်အရေးချိုးဖောက်မှုတွေထဲမှာ အရေးကြီးဆုံး အရာတခုကို ပြောပါဆိုရင် ဘာလို့ပြောနိုင်မ လဲရှင့်။
Yanghee Lee ။ ။ မြန်မာနိုင်ငံအတွင်း အဆိုးဆုံးအခြေအနေတခုရယ် ဆိုပြီး ကျမအနေနဲ့ သီးသန့်ခွဲထုတ်ပြီး ပြောလို့ မရဘူးလို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုးရွားနေတဲ့ အခြေအနေအများအပြားရှိနေတာပါ။ ဒါပေမယ့် ကျမအ နေနဲ့ အရေးကြီးဆုံး တခုကို စပြောပါဆိုရင်တော့ ကျယ်ပျံ့ပြီး ဆိုးရွားပြင်းထန်လှတဲ့ ရခိုင်အရေး ကို ပြောချင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ကြုံနေရတဲ့ ကိစ္စ ၂ ရပ်ရှိပါတယ်။ တခုကတော့ ရိုဟင်ဂျာတွေ ထွက်ေ ပြေးရတဲ့အခြေ အ နေဟာ ၂၀၁၆ သြဂုတ်လနဲ့ အောက်တိုဘာလ က စခဲ့တာဖြစ်ပြီး၂၀၁၇ သြဂုတ်လက ဖြစ် ရပ် မှာတော့ အခြေ အနေပိုဆိုးခဲ့ပြီး ထွက်ပြေးခဲ့ရတဲ့လူပေါင်း အဆမတန်များပြားခဲ့ပါတယ်။ နောက်တခု ရခိုင်ပြည်နယ်မှာ ဆိုးရွားနေတဲ့ အခြေအနေက တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်နေတာပါ။
အင်ကြင်းနိုင်။ ။ ဆိုးရွားပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက တာ ဝန်ရှိသူတွေကို နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်ဆင်နေတဲ့အ ပိုင်း မှာ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ ICJ နိုင်ငံတကာတရားရုံးတို့ရဲ့ ပါဝင်စီရင်မယ့်အခြေအနေက ဘယ် အတိုင်းအတာထိရောက်နေပြီလဲ။
Yanghee Lee ။ ။ အရေးပါတဲ့သူ တယောက်ယောက်ကတော့ မဖြစ်မနေ တာဝန်ယူခံရမှာဖြစ်သလို၊ အရေး ယူ ခံရမှုကို လည်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။ နမူနာအနေနဲ့ ဆိုရင် လူတယောက်က ပစ္စည်းတခုကို ခိုးတယ် ဆို ရင် ဒီခိုးမှုအတွက် ပြန်ပြီးပေးဆပ်ရမှာဖြစ်ပါတယ်။ ဘယ်လူမှုအသိုင်းအဝိုင်းမှာမဆို ဒီလိုစနစ်မျိုးကို ဥပဒေ စိုးမိုးရေးလို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ပြစ်မှုကျူးလွန်မှုအဆင့်ထိ ဖြစ်လာပြီး စစ်တပ်ကနေ တပ်အင် အားနဲ့ ကျူးလွန်တဲ့ ပြစ်မှအဆင့် မျိုးဖြစ်လာတယ်ဆိုရင် ဒဏ်ခတ်အရေးခံရမှာဖြစ်သလို၊ သူတို့ကျူး လွန်မှု တွေ အတွက် ပြန်ပြီးပေးဆပ်ဖို့ တရားမျှတမှုကို ရဖို့ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြစ်မှုကျူးလွန်မှု အမျိုးအစားဟာ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ ICJ နိုင်ငံတကာတရားရုံး တို့ကနေ ကြား ဝင် တရားစီရင်ပိုင်ခွင့်ရှိတဲ့ အနေအ ထားဖြစ်ပါတယ်။
အင်ကြင်းနိုင်။ ။ မြန်မာအစိုးရအနေနဲ့ Ms. Yanghee Lee ရဲ့နေရာမှာ အခြားတယောက်နဲ့ အစားထိုးပေးဖို့ တောင်းဆိုမှုတွေရှိနေတော့ ဒီနှစ် ၂၀၁၉မှာ ကုလသမဂ္ဂဘက်က Ms. Lee ကို ဆက်ပြီး သက်တမ်းတိုးမယ့် အခြေ အနေဘယ်လိုရှိပါလဲရှင့်။
Yanghee Lee ။ ။ ကျမကို တာဝန်ပေးထားတဲ့ လေးနှစ်သက်တမ်းမြောက် ၂၀၁၇ခုနှစ် ဒီဇင်ဘာလက တည်း က မြန်မာအစိုးရက ကျမနေရာမှာ အခြားတယောက်နဲ့ အစားထိုးချင်နေခဲ့တာပါ။ ဒါပေမဲ့လည်း လူ့အခွင့်အရေကောင် စီကနေ နှစ်စဉ်ဆုံးဖြတ်ချက်ချရမှာ ကျမကိုပဲ ဆက်ပြီး တာဝန်ပေးခဲ့ပါတယ်။ အထူးကိုယ် စား လှယ် တာဝန်အတွက် အမြင့်ဆုံးသက်တမ်းကို ခြောက်နှစ်အဖြစ် သတ်မှတ်ထားတာပါ။ ဒါကြောင့် ကျမ ရဲ့ သက်တမ်းဟာ နောက်နှစ် မတ်လမှာဆို ကုန်ဆုံးပါပြီ။ ကျမနေရာမှာ ထပ်ပြီး အသစ်ခန့်အပ်ဖို့ ရှိနေပြီး မတ် လမှာပဲ နောက်ထပ် မြန်မာနိုင်ငံဆိုင် ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ မတ်လမှာပဲ တာဝန် ပေး အပ်ခံရမှာ ဖြစ်ပါတယ်။

Link : Here
No comments:
Post a Comment