Monday, December 28, 2020

ရိုဟင်ဂျာ ဒုတိယအသုတ်ကို ဘာဆန်ချားကျွန်းဆီ ရွှေ့ရန် ဘင်္ဂလားဒေ့ရှ် အစိုးရ ပြင်ဆင်

မဇ္ဈိမ
28 December 2020
Photo - AFP

လူ့အခွင့်အရေး အဖွဲ့များက ကန့်ကွက်နေသော်လည်း မြန်မာနိုင်ငံမှ ရောက်ရှိလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ဒုတိယအသုတ်ကို ဘင်္ဂလား ပင်လယ်အော်အတွင်းရှိ ဝေးလံသည့် ဘာဆန်ချားကျွန်းသို့ ပို့ဆောင်နေရာချထားရန် ပြင်ဆင်နေကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပြောသည်။  

လာမည့်ရက် အနည်းငယ်အတွင်း နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀၀ ခန့်ကို ဘာဆန်ချားကျွန်းသို့ ပို့မည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့်လက ဒုက္ခသည် ၁၆၀၀ ကျော်ကို နေရာချထားပေးပြီး ဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို စစ်တကောင်းမှတစ်ဆင့် ဒီရေ အတက်အကျပေါ် မူတည်ပြီး ဘာဆန်ချားကျွန်းသို့ ဆက်ပို့မည်ဟု အမည်မဖော်လိုသူ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနသို့ ပြောထားသည်။

ဒုက္ခသည်များဆိုင်ရာ အဓိက တာဝန်ရှိသူ မစ္စတာ မိုဟာမက် ရှိဆွတ် ဒိုဇာက ယခုကဲ့သို့ ရွှေ့ပြောင်းနေရာ ချ ခြင်းမှာ ဒုက္ခသည်များ၏ ပူးပေါင်းလုပ်ဆောင်လိုသည့် ဆန္ဒအရဖြစ်ကြောင်း၊ ၎င်းတို့၏ ဆန္ဒကို ဆန့်ကျင်၍ လုပ်ဆောင်မည် မဟုတ်ကြောင်း ပြောသည်။

ဘင်္ဂလားပင်လယ်အော် အတွင်းရှိ ဘာဆန်ချားကျွန်းသည် လုံခြုံမှုမရှိကြောင်း၊ ဒုက္ခသည်များ ထိုကျွန်းသို့ ပို့ဆောင်သည့် အစီအစဉ်တွင် ပူးပေါင်းပါဝင်မည် မဟုတ်ကြောင်း ကုလသမဂ္ဂက ပြောသည်။

ဘင်္ဂလားဒေ့ရှိ အစိုးရကမူ ဒုက္ခသည်များ ရွှေ့ပြောင်းမှုမှာ ၎င်းတို့၏ ဆန္ဒအရသာ ဖြစ်ပြီး ယင်းသို့ ပြောင်းရွှေ့ပေးမှုက လူဦးရေ တစ်သန်းကျော် ရှိနေသည့် ဒုက္ခသည်စခန်း လူနေထူထပ်မှုကို လျှော့ချနိုင်မည်ဟု ပြော ထားသည်။

သို့သော် ဒုက္ခသည်အရေးနှင့် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ လုပ်ဆောင်သူများကမူ ဒုက္ခသည် များသည် ပေါ်ထွန်းလာသည်မှာ နှစ် ၂၀ မျှသာ ရှိသေးသော ထိုကျွန်းသို့ ပြောင်းရွှေ့နေထိုင်ရန် ဖိအားပေး ခံရသည်ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဗ္ဗဒူလ် မိုမင်က ဒုက္ခသည်များကို ဘာဆန်ချားကျွန်းသို့ ပို့ဆောင် ရေးမလုပ်မီ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဒုက္ခသည်များ နေရပ်ပြန်ရေး အဆင်ပြေ သည့် ပတ်ဝန်းကျင် ရှိ၊ မရှိ အရင်ဆုံး စစ်ဆေးသင့်ကြောင်း ယခုလအစောပိုင်းက Reuters သို့ ပြောထားသည်။

မြန်မာနိုင်ငံသို့ ဒုက္ခသည်များ ပြန်ပို့ရေးတွင် ဒုက္ခသည်များက ပြန်ရန် ကြောက်ရွံ့နေခြင်းကြောင့် နေရပ်ပြန်ရေး အစီအစဉ် အကြိမ်ကြိမ် စီစဉ်သော်လည်း မအောင်မြင် ဖြစ်နေခဲ့သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */