VOA
ဗွီအိုအေ (မြန်မာပိုင်း)31 မေ၊ 2021
ICJ နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး NUG ထုတ်ပြန်ချက်။ (မေ ၃၀၊ ၂၀၂၁)
အရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဏာသိမ်း စစ်ကောင်စီရဲ့ အရပ်သား ပြည်သူတွေအပေါ် ကျူးလွန်တဲ့ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုတွေ၊ ရာဇဝတ်ပြစ်မှုတွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစီရင်မှု ခံယူနိုင်ဖို့ အလေးအနက် စဉ်းစားလုပ်ဆောင်နေတယ်လို့ မေလ ၃၀ တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန် ပြောဆိုလိုက်ပါတယ်။