" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စုံစမ်းစစ်ဆေး. Show all posts
Showing posts with label စုံစမ်းစစ်ဆေး. Show all posts

Tuesday, August 20, 2019

တိုင်းရင်းသား အသုံးအနှုန်း မှားယွင်းမှု တာဝန်ရှိသူ များ စုံစမ်းစစ်ဆေးခံနေရ

ဧရာဝတီ
By ထက်နိုင်ဇော်
16 August 2019
MRTV ကထုတ်ပြန်ခဲ့တော့ မေတ္တာရပ်ခံချက်
မြန်မာ့ ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည့် သတင်းတပုဒ်တွင် မောင်တောဒေသရှိ နေရပ်စွန့်ခွာသူများကို “နေရပ်စွန့်ခွာသော တိုင်းရင်းသားများ” ဟု သြဂုတ်လ ၁၂ ရက်နေ့က မှားယွင်းဖော်ပြမှုကြောင့် တာဝန်ရှိ သူများ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှု ခံနေရကြောင်း သိရသည်။

Saturday, June 22, 2019

ရခိုင်မှာ တပ်မတော်ကစစ်ကြောရေးလုပ်ဆောင်စဉ် သေဆုံးမှုတွေကို စုံစမ်းဖို့တင်ပြ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-22
မင်းသားတောင်ရွာက ဦးကျော်လှိုင် ကို ကျောက်တော်ဆေးရုံမှာ ၂ဝ၁၉ မေ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Zaw Worn

ရခိုင်ပြည်နယ်မှာ သံသယနဲ့ဖမ်းဆီးခံရသူတွေကို တပ်မတော်က စစ်ကြောရေးလုပ်ဆောင်စဉ် သေဆုံးမှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ရခိုင်လွှတ်တော် ကိုယ်စားလှယ် နှစ် ဦးက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ မနေ့ကရက်စွဲနဲ့ စာပေးပို့လိုက်ပါတယ်။

Friday, May 10, 2019

ဖမ်းဆီးခံ အရပ်သားတွေ သေဆုံးမှု စုံစမ်းဖော်ထုတ်ဖို့ ရခိုင်အမတ်တွေတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန) 
10 မေ၊ 2019 ၊မဆုမွန်
မေလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်း MRCS နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC တို့မှဝန်ထမ်းများက ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တဲ့ ကျောက်တန်းကျေးရွာမှ လူနာ ၃ဦးကို စေတီပြင်တိုက်နယ်ဆေးရုံ မှ စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေး (သတင်းဓါတ်ပုံ- ICRC Myanmar)

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ ဆက်လက် ဖမ်းဆီးခံ ထားရသူတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပင်ကြောင်းနဲ့ ဖမ်းဆီးထိန်း သိမ်းထားစဉ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေကို ဖော်ထုတ်နိုင်ဖို့ ရခိုင်နိုင်ငံရေး အသိုင်းအ၀န်း က တိုက်တွန်းလိုက်ကြပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လွှတ်တော်နဲ့ တပ်မတော် ကပါ စုံစမ်းဖော်ထုတ်ဖို့ စီစဉ်နေချိန်မှာပဲ အခုလို တိုက်တွန်းလိုက်ကြတာပါ။ အပြည့်အစုံကိုတော့ ဆက် သွယ် စုံစမ်းထားတဲ့ မဆုမွန် ပြောပြပါမယ်။

ဖမ်းဆီးခံ လက္ကာရွာသား သုံးဦး သေဆုံးမှု အဖြစ်မှန် စုံစမ်းပေးဖို့ မိသားစုဝင်တွေ တောင်းဆို

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-10

မြောက်ဦးမြို့နယ် လက္ကာကျေးရွာက ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေရဲ့ မိသားစုဝင်တွေကို စစ်တွေမြို့မှာ ၂ဝ၁၉ ခုနှစ် မေလ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေဖမ်းဆီးခံရတဲ့လူ ၂၇ ဦးအနက် သုံးဦးဟာ စစ်တွေ တပ်နယ်မှာ စစ်ဆေးခံရချိန်အတွင်း သေဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ အဖြစ်မှန်ကိုစုံစမ်းပြီး တာဝန်ရှိသူတွေ ကို အရေးယူပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။

သေဆုံးသူမိသားစုဝင်တွေကို RFA က မနေ့က သီးသန့်တွေ့ဆုံရာမှာ အခုလို တောင်းဆိုခဲ့တာပါ။

Wednesday, May 8, 2019

ရခိုင်မှာ တပ်မတော်ထိန်းသိမ်းထားစဉ် လူ ၆ ဦး သေ ဆုံးမှု စုံစမ်းစစ်ဆေးဖို့ HRW တိုက်တွန်း

08 မေ၊ 2019  

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ တပ်မတော်ရဲ့ ဖမ်းဆီးစစ်ဆေးမှု ခံနေရသူ
တွေ ထဲက ၆ ဦး သေဆုံးခဲ့ရမှုအတွက် မြန်မာအာဏာပိုင်တွေအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကြီးက မေလ ၆ ရက် တနင်္လာနေ့က ကြေညာ ချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */