" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်တွေ. Show all posts
Showing posts with label စစ်တွေ. Show all posts

Saturday, January 8, 2022

စစ်တွေမှာ လမ်းချဲ့ထွင်မယ့် စီမံကိန်းအပေါ် ဒေသခံမွတ်ဆ လင်တွေစိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
08 ဇန်နဝါရီ၊ 2022

In this photograph taken on September 7, 2016, minority Muslim Rohingya gather at the Thet Kae Pyin displacement camp in Sittwe after the Rakhine State has been effectively split on religious grounds between Buddhists and Muslims since bouts of communal v

 Zawgyi


စစ်တွေမှာ လမ်းချဲ့ထွင်မယ့် စီမံကိန်းအပေါ် ဒေသခံမွတ်ဆလင်တွေစိုးရိမ်

ရခိုင်ပြည်မြောက်ပိုင်း စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်တွေနေထိုင်တဲ့ ကျေးရွာတွေမှာ လမ်းချဲ့ထွင် မယ် ဆိုပြီး အာဏာပိုင်တွေဖက်က မှတ်တိုင်တွေ လာရောက်စိုက် ထူနေတာတွေကြောင့် နေအိမ်တွေနဲ့ ဈေးဆိုင် တွေ ဖယ်ရှားခံရမှာပို မွတ်ဆလင်ဒေသခံတွေက စိုးရိမ် နေကြပါတယ်။ မြေတိုင်းဦးစီးစာရင်းမှာရှိတဲ့ သတ်မှတ် လမ်းနေရာတွေအတိုင်း မှတ်တိုင်တွေ လိုက်စိုက်တာဖြစ်တယ်လို့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးကတော့ ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို -ကိုရဲမွန် က တင်ပြပေးပါမယ်။

###

Tuesday, August 31, 2021

စစ်တွေက ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းကျော် စားဝတ်နေ ရေးခက်ခဲနေ

RFA
လွတ်လပ်တဲ့အာရှအသံ
ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021-08-31
စစ်တွေမြို့နယ် သဲချောင်း မွတ်စလင်ဒုက္ခသည်စခန်းကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနောက်ဘက်က ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်တစ်စုနီးပါးကြာ ထွက်ပြေး ခို လှုံနေကြရတဲ့ ရိုဟင်ဂျာ တစ်သိန်းကျော်ဟာ  လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကာလအတွင်း ဒုက္ခ သည် စခန်းတွေမှာ စားဝတ်နေရေး အခက်အခဲတွေအပြင် အလုပ်အကိုင် အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေ ကြရတယ် လို့ ဒုက္ခသည်တွေက RFA ကို ဒီနေ့ပြောပါတယ်။

အခုလက်ရှိ သက္ကယ်ပြင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဦးမောင်ကျော်စိန်က စခန်းထဲမှာ စားဝတ်နေရေး လည်း အဆင်မပြေလည်သလို အလုပ်အကိုင်တွေလည်း မရှိတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြ   ရတယ်လို့ ပြောပါတယ်။

Saturday, October 3, 2020

ကိုဗစ် ဒုတိယလှိုင်း ဘင်္ဂလားဒေ့ရှ်ပြန်တွေဆီက အစပြုသ လား

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
မိုးမြင့်
2020-10-02
ရန်ကုန်မြို့က ကိုဗစ်-၁၉ သံသယလူနာများအား စောင့်ကြည့်ရေးစခန်းများကို ပို့ဆောင်ပေးနေကြသော PPE ကာကွယ်ရေးဝတ်စုံပြည့် ဝတ်ဆင်ထားသည့် စေတနာ့ဝန်ထမ်းများ။
Photo: AFP

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ပြန်လာတဲ့ နေရပ်ပြန်လာသူတွေဆီကနေ အစပြုတာ ဖြစ်နိုင်ခြေများကြောင်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင် ကြီး က RFA ကိုပြောပါတယ်။

Thursday, October 1, 2020

စစ်တွေမှာ ဒုက္ခသည် ထောက်ပံ့ငွေ ဖြတ်တောက်ခံနေရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-10-01
စစ်တွေမြို့နယ် ဒါးပိုင်ဒုက္ခသည်စခန်းက မွတ်စလင်ဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA



ရခိုင်မြောက်ပိုင်းမှာ ကပ်ဘေးကာလအတွင်း အစိုးရ ထောက်ပံ့ငွေကို အပြည့်အဝမရကြဘူးလို့ မွတ်စလင် ဒုက္ခသည်တွေက ပြောပါတယ်။

ကပ်ဘေးကာလအတွင်း မွတ်စလင်ဒုက္ခသည်တွေနဲ့ ရခိုင်ဒုက္ခသည်တွေအတွက် တစ်အိမ်ထောင်ကို ငွေ ကျပ် လေးသောင်းစီကို အစိုးရက ထောက်ပံ့ပေးပေမယ့် အပြည့်အဝမရကြတာပါ။

Friday, August 14, 2020

စစ်တွေက ရိုဟင်ဂျာတစ်ဦး အမတ်လောင်းလျှောက်လွှာ ပယ်ချခံရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ သန့်ဇင်ဦး
2020-08-14


ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီကနေ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း လျှောက်လွှာ တင်ထားတဲ့ ဦးအဓူရော်ရှိကို စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ချလိုက်ပါတယ်။

Thursday, August 13, 2020

စစ်တွေက မွတ်ဆလင် ဒုက္ခသည်တွေ နိုင်ငံသားစိစစ်ရေး ကတ် ရဖို့ မျှော်လင့်နေ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
သန့်ဇင်ဦး
2020.08.13

■ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အုန်းတောကြီး မွတ်ဆလင် ဒုက္ခသည်စခန်းမှာ လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံသားစိစစ်ရေးကတ်လုပ်ပေးဖို့ဆိုပြီး ဇန်နဝါရီလ ၇ ရက်နေ့ကတည်းက ကွင်းဆင်းဆောင် ရွက်သွားပေ မယ့် ခုနှစ်လကျော်တဲ့ ဒီနေ့အချိန်အထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးဘူးလို့ ဒုက္ခသည်တွေ က RFA ကိုပြောပါတယ်။

Sunday, August 18, 2019

စစ်တွေမြို့မဈေးကြီးက ဆိုင်ပေါင်း ၇၀၀ လောက်ကို နေရာပြောင်းရွှေ့မယ်


B B C
ဘီဘီစီ မြန်မာပိုင်း
18 သြဂုတ်လ 2019


ရခိုင်ပြည်နယ်၊ စစ်တွေမြို့မဈေးကြီးကို မှီခိုရောင်းချနေကြတဲ့ ပျံကျဈေးဆိုင်ပေါင်း ၇၀၀ လောက်ကို အခု နှစ်မကုန်ခင်မှာ နေရာပြောင်းရွှေ့ပေးသွားဖို့ရှိနေပြီး အဲ့ဒီဈေးရောင်းချနေသူတွေကို ခေါ်ယူပြီးတော့ ရခိုင် ပြည်နယ်အစိုးရအဖွဲ့နဲ့ စည်ပင်သာယာရေးဌာနတို့က အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

Monday, July 29, 2019

INGO ၀န်ထမ်းတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး အမှု ဖွင့်ခံရ

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-07-29

မြောက်ဦးမှာ သေနတ်ကျည်မှန်ခဲ့တဲ့ ကိုရဲလင်းနိုင် ကို ၂ဝ၁၉ ဇူလိုင် ၂၉ ရက်နေ့က စစ်တွေဆေးရုံ ပို့ဆောင်စဉ် Photo: RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကျောက်ရစ်ကေရပ်ကွက်မှာ မနေ့က တပ်မတော်က ပစ်ခတ်လို့ အသက် ၂၅ နှစ်အရွယ် INGO ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုရဲလင်းနိုင်ရဲ့ ဘယ်ဘက်ရင်အုံမှာ ကျည်ထိမှန်သွားပြီး စစ်တွေေ ဆးရုံကြီးကို ဒီနေ့ အရေးပေါ် ပို့ဆောင်ထားရပါတယ်။

Sunday, June 16, 2019

"စစ်တွေရဲစခန်းပတ်လည်ရှိ ဈေးဆိုင်ခန်းတွေကို ဖယ် ရှား၊ ဈေးဆိုင်သည်များ နစ်နာမှု အကြီးအကျယ်ရှိဟု ဆို"

နိရဉ္စရာ
16/06/2019

စစ်တွေမြို့က ဈေးဆိုင်ခန်း ၇၀ ကျော်ကို ဖယ်ရှား

DVB
16 June 2019













ရခိုင်ပြည်နယ် စစ်တွေမြို့ ရဲစခန်းပတ်ပတ်လည်မှာ ဖွင့်ထားတဲ့ ဆိုင်ခန်း ၇၀ ကျော်ဟာ ဇွန်လ ၁၅ ရက်နေ့ က အပြီးဖယ်ရှားပေးလိုက်ရပါတယ်။

အဲဒီဆိုင်ခန်းတွေကို ၁၉၉၄ ခုနှစ်ဝန်းကျင်ကတည်းက စခန်းတာဝန်ရှိသူတွေဆီကနေ ကန်ထရိုက်စနစ်နဲ့ ဝယ် ယူပြီး ကိုယ်တိုင် ဆောက်လုပ်ရောင်းချလာကြတာဖြစ်ပါတယ်။ အဲ့ဒီ ဆိုင်ခန်းတွေမှာ လျှပ်စစ်ပစ္စည်း၊ ဖုန်း၊ ပန်းထိမ်၊ ဆေးဆိုင် အထည်ဆိုင်စတဲ့ အရောင်းဆိုင်တွေ အပြင် နာရီနဲ့ တီဗွီပြင်တဲ့ ဆိုင်တွေလည်း ရှိပါတယ်။

Monday, June 10, 2019

စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း၌ အာဏာပိုင် များက အတင်းအဓမ္မ စစ်ဆေးလျက်ရှိ

အောင်ဇံဝေ
Jun 09, 2019
Rohingya Today


စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အုန်းတောကျယ် (ပလောင်ပြင်) ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ အာ ဏာပိုင်များ ဝင်ရောက်၍ အတင်းအဓမ္မ စစ်ဆေးလျက်ရှိသည်။

ဇွန်လ (၇) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ လ.ဝ.က၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊နယ်ခြား စောင့်ရဲတပ်ဖွဲ့၊ စ.ရ.ဖ နှင့် စစစ တို့ပါဝင်သည့် အာဏာပိုင်အဖွဲ့သည် စစ်တွေမြို့နယ်၊ အုန်းတောကျယ် (ပလောင်ပြင်) ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ ကား (၇) စီးဖြင့် ရောက်ရှိလာပြီး ဒုက္ခသည်စခန်း ကော်မတီဝင် များနှင့် တွေ့ဆုံခဲ့သည်။

Thursday, May 30, 2019

စစ်တွေအမှတ်(၁)ရဲစခန်းလုံခြုံရေးတိုးမြှင့်ရန် ဘေး ပတ်လည်ရှိ ဆိုင်ခန်း ၇ဝ ကျော်ကို ဖယ်ရှားခိုင်း၍ ဆိုင်ခန်းပိုင်ရှင်များ အခက်တွေ့

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝမြေ)
နိရဉ္စရာ၊ မေ ၃ဝ/ ၂၀၁၉


ရခိုင်ပြည်နယ် စစ်တွေမြို့လယ်ခေါင်ရှိ အမှတ်(၁)ရဲစခန်း ဘေးပတ်ပတ်လည်တွင် ရောင်းချနေကြသည့် ဈေး ဆိုင်ခန်း ၇ဝ ကျော်ကို နေရာမှ ဖယ်ရှားပေးရန် ရဲတပ်ဖွဲ့က အမိန့်ထုတ်ပြန်ထားသည့်အတွက် ဆိုင်ခန်း ပိုင် ရှင်များ အခက်တွေ့နေကြောင်း သိရသည်။

Wednesday, May 29, 2019

ပြည်တွင်း ပြည်ပ သတင်းမီဒီယာများပါဝင်သော သတင်းအဖွဲ့ မောင်တောဒေသ၌ သတင်းရယူ

မြန်မာ့အလင်း
မောင်တော မေ ၂၉

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသော ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ ပါဝင်သည့် သတင်းမီဒီ ယာအဖွဲ့သည် ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် စစ်တွေမြို့မှ မောင်တောမြို့နယ် အင်းဒင်ကျေးရွာသို့ ရောက်ရှိပြီး သတင်းရယူကြသည်။

Monday, May 13, 2019

တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

မြန်မာ့အလင်း
စစ်တွေ မေ ၁၂

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက် အကူပြု ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်


ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက် အကူပြုကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေး သာအောင် တက်ရောက်၍ ထောက်ပံ့ပေးအပ်သည်။

Saturday, May 11, 2019

စစ်တွေမြို့ကို ခိုလှုံလာတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဖိအားပေးခံရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-11
စစ်တွေမြို့ အမျိုးသားကျောင်းတိုက်မှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၉၊ မေ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA


ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေကနေ စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေ
ကို ထွက်ပြေးခိုလှုံလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို မနက်ဖြန် နောက်ဆုံးထားပြီး သူတို့ရဲ့မူလမြို့နယ် တွေကို ပြန်ခိုင်းဖို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖိအားပေးနေတယ်လို့ စစ်ဘေးဒုက္ခသည် ၇၀ ကျော် ခိုလှုံနေတဲ့ စစ်တွေမြို့ အမျိုးသားကျောင်းတိုက် တာဝန်ခံဆရာတော် ဦးသုနန္ဒက RFA ကို ဒီနေ့ မိန့် ကြားပါတယ်။

Friday, May 3, 2019

အမေရိကန် နိုင်ငံရေးရာဌာနအတွင်းဝန် စစ်တွေသို့ လာရောက်

မဇ္ဈိမ သတင်းဌာန
By မဇ္ဈိမ
03 May 2019
မေ ၃ ။ ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဌာနအတွင်းဝန် ဟေးလ်သည် မြန်မာနိုင်ငံခရီး စဉ်အဖြစ် လာရောက်စဉ်အတောအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မေ ၂ ရက်နေ့က သွားရောက်ခဲ့ သည်။

“ ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့နေရသော စိန်ခေါ်မှုအခက်အခဲများနှင့် မလုံခြုံမှုနှင့် ခွဲခြားဆက်ဆံမှုများ ကို ဖြစ်ပေါ်စေခဲ့သည့် အခြေခံအကြောင်းအရင်းပြဿနာများကိုကိုင်တွယ်ဖြေရှင်းရာ၌ အမေရိကန် ပြည် ထောင်စု မှ အကူအညီပေးနိုင်မည့် နည်လမ်းများကို မေးမြန်းဆွေးနွေးခဲ့သည်” ဟု အမေရိကန်သံရုံးမှ ထုတ် ပြန်ထားသည်။

Sunday, April 21, 2019

စစ်တွေအကျဉ်းထောင်တွင်း ဆူပူမှုဖြစ်ပွား

VOA
ဗွီအိုအေ (မြန်မာဌာန)
စစ်တွေ အကျဉ်းထောင်

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တဲ့ကိစ္စ မကျေနပ်ရာက ဧပြီ (၂၀)ရက် စနေနေ့ ညဦးပိုင်းမှာ ထောင်တွင်းဆူပူမှု ဖြစ်ပွားခဲ့ပြီး ထောင်အာဏာပိုင်တွေက အခြေအနေ ကို ထိန်းသိမ်းနိုင်ခဲ့ပုံရတယ်လို့ အကျဉ်းထောင်ရှေ့ သွားရောက် လေ့လာခဲ့သူတဦးက VOA ကိုပြောပါ တယ်။ အခုတော့ စစ်တွေထောင်တွင်း ထောင်ပြင်မှာ လုံခြုံရေးတင်းကြပ်ထားပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က အခြေအနေတွေကို ပြောပြမှာပါ။

စစ်တွေထောင်ထဲမှ ညဥ့်အချိန် သေနတ်သံများထွက် ပေါ်

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၂၀
 

ရခိုင်ပြည်နယ်မြို့တော် စစ်တွေထောင်မှ ယနေ့ညဥ့် ၈ နာရီကျော် သေနတ်ပစ်ခတ်သံများ ဆက်တိုက် ကြား ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

အနီးအနားရှိ ဒေသခံ တစ်ဦးက “ထောင်ထဲကနေ သေနတ်ပစ်ခတ်သံ ၂၀ ကျော်လောက် ကြားရပါတယ်။ ထောင်ထဲမှာ ဘာဖြစ်နေသလဲဆိုတာ မသိရသေးဘူး။ အခုအချိန်ထိ ထောင်ထဲမှာ ဆူညံနေတုန်းပါဘဲ။ သေနတ်ပစ်ခတ်သံတွေကတော့ ဆက်မကြားရတော့ပါဘူး။ ဆူဆူညံညံ အသံတွေတော့ ကြားနေရတုန်းဘဲ” ဟု ယနေ့ ညဥ့် ၉ နာရီ ၄၅ မိနစ်က နိရဉ္စရာ သတင်းဌာနသို့ ပြောကြာသည်။

စစ်တွေအကျဉ်းထောင်တွင် ဆူပူမှုဖြစ်၊ သေနတ်ပစ် ခတ် ထိန်းသိမ်းခဲ့ရ

DVB
By ဒီဗွီဘီ
21 April 2019

ရခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ စစ်တွေအကျဉ်းထောင်အတွင်းမှာ ဧပြီ ၂၀ ရက်နေ့ည ၉ နာရီ ကျော်လောက်က ဆူပူမှုဖြစ်တာကြောင့် ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ထိန်းသိမ်းခဲ့ရတယ်လို့ ပြည်နယ်အဆင့် တာဝန်ရှိသူတွေကပြောပါတယ်။

Thursday, April 11, 2019

ရခိုင်မှာ ထောက်ပံ့မှုတွေကို ပြည်နယ်အစိုးရ ခွင့်ပြု ချက်ယူဖို့ ညွှန်ကြား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-11
မသီရိမင်းဇင်
 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ ဟာ တစ်ဖြည်းဖြည်းနဲ့ များပြားလာနေပြီး လက်ရှိမှာ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၃ သောင်းနီးပါးကို ရောက်ရှိ နေပြီ ဖြစ်ပါတယ်။

ဒုက္ခသည်တွေဟာ တိုက်ပွဲလွတ်ရာ ကျေးရွာတွေက စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေအပြင် နီး စပ်ရာဆွေမျိုးအိမ်တွေမှာ ယာယီသွားရောက်ခိုလှုံနေကြရတာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */