" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်သုံ့ပန်း. Show all posts
Showing posts with label စစ်သုံ့ပန်း. Show all posts

Saturday, June 19, 2021

မြောက်ဦးတွင် စစ်သုံ့ပန်း ၆ ဦးကို ရက္ခိုင့်တပ်တော်(AA)က တပ်မတော်ထံ လွှဲပြောင်းပေး

Narinjara News
ချစ်အိလှိုင်
နိရဉ္စရာ၊ ဇွန် ၁၇/၂ဝ၂၁

ရက္ခိုင့်တပ်တော်(AA)က ဖမ်းထားသည့် စစ်သုံ့ပန်းများအထဲမှ ၆ ဦးကို ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က မြောက်ဦးမြို့နယ်၊ ကျောက်ကျပ်ကျေးရွာတွင် တပ်မတော်အရာရှိများထံလွှဲပြောင်း ပေးလိုက်ကြောင်း သတင်းရရှိသည်။

မျက်မြင်ရွာသာတစ်ဦးက “ တပ်မတော်ဖက်က ကားနှစ်စီးနဲ့လာတယ်။ စကြာမုနိဘုရားလမ်းက ဆင်းလာတယ်။ တပ်မတော်က ၁၅ ယောက်လောက် ဘုန်းကြီးကျောင်းထဲဝင်လာတယ်။ AA က အဲဒီ ကျောက်ကျပ် ဘုန်းကြီးကျောင်းမှာနေရာယူထားတာပါ။ လွှဲပေးတဲ့ သုံ့ပန်းက အကုန်ခြောက်ယောက်ပါ။ နာမည်တွေတော့ ကျွန်တော်အလွတ်မရဘူး။ အတော်ကြည့်ကောင်းတဲ့ အရာပါ။ ဝမ်းသာစရာပေါ့ဗျာ။” ဟုပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */