" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်ရာဇဝတ်မှုယ သတင်း. Show all posts
Showing posts with label စစ်ရာဇဝတ်မှုယ သတင်း. Show all posts

Sunday, September 19, 2021

မြန်မာက စစ်ရာဇဝတ်မှုတွေအတွက် တရားရေးလမ်း ကြောင်း ဖြစ်လာဖို့ရှိ

RFA
လွတ်လပ်တဲ့အာရအသံ
မောင်သစ်ဆင်း (ဝါရှင်တန် ဒီစီ)
2021-09-18

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေကို ၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: MUNIR UZ ZAMAN / AFP

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အခုလတ်တလော ဆုံးဖြတ်ချက်ဟာ၊ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု၊ လူသားအဖြစ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခံခဲ့ကြရသူတွေအတွက် တရား ရေး လမ်းကြောင်းတစ်ခု ဖြစ်လာဖွယ်ရှိပါတယ်။ ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းအပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရ က မြန်မာ နိုင်ငံမှာ ၂၀၀၂ ခုနှစ်ကစပြီး ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုအားလုံးကို စစ်ဆေးဖို့ လက်ခံလိုက်တာရဲ့ မူဝါဒ အပြောင်းအလဲအကြောင်း ဩဂုတ်လ ၂၀ ရက်နေ့က ကြေညာခဲ့ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */