" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label စစ်တပ်. Show all posts
Showing posts with label စစ်တပ်. Show all posts

Sunday, October 24, 2021

ဘူးသီးတောင်မှ ရိုဟင်ဂျာ ၂ ဦးကို စစ်တပ် ဖမ်းဆီး

Myanmar Now

Sep 25, 2021

ဖမ်းဆီးခံရသူ နှစ်ဦးအနက် တစ်ဦးသည် ဂူတာပြင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး ၎င်းတို့ကို မည်သည့်အတွက်ဖမ်းဆီးသည်၊ မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို မသိရှိရပေ။ 

ဘူးသီးတောင်မြို့ မြို့တွင်းတစ်နေရာကို စက်တင်ဘာ ဒုတိယပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ဂူတာပြင်ကျေးရွာအုပ်စု၊ စိမ့်ညှင်းပြား‌ဈေး၏ ဈေးကော်မတီ ဝင် အမျိုးသားနှစ်ဦးကို ယမန်နေ့ (စက်တင်ဘာ ၂၄) တွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ များထံမှ သိရသည်။

ဖမ်းဆီးခံသူနှစ်ဦးမှာ ဂူတာပြင်ကျေးရွာနေ စိမ့်ညှင်းပြားဈေးကော်မတီဝင် အသက် ၅၀ အရွယ်ရှိ မိုဟာမတ် အာ ယုပ်နှင့် အသက် ၄၈ နှစ်အရွယ် ကာဒဲရ် တို့ဖြစ်ကြောင်း ဂူတာပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကျော် လှ က အတည်ပြုသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */