" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label ကုလ အထွေထွေညီလာခံ. Show all posts
Showing posts with label ကုလ အထွေထွေညီလာခံ. Show all posts

Sunday, September 27, 2020

ဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တင်ပြချက် ရိုဟင်ဂျာတွေ ကြိုဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
27 စက်တင်ဘာ၊ 2020
မဆုမွန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ကုတုပလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)


လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ရိုဟင်ဂျာဒုက္ခသည် aတွအရေး ဝိုင်းဝန်းအဖြေရှာပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့အပေါ် ဒုက္ခသည်တွေက ကြိုဆိုပြီး သူတို့နေရပ်ရင်း ကို ဘေးကင်းလုံခြုံစွာ အမြန်ဆုံးပြန်နိုင်ရေး မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မဆု မွန်က စုစည်းတင်ပြထားပါတယ်။

Wednesday, October 23, 2019

စစ်တပ်အစား အရပ်ဘက်စီးပွားရေးတွေနဲ့ပဲ ပေါင်းလုပ်ဖို့ FFM ဥက္ကဋ္ဌ တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
23 အောက်တိုဘာ၊ 2019
အင်ကြင်းနိုင်
FFM မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် ဥက္ကဌ Marzuki Darusman 

မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ တပ်မတော်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်း တွေကို ပိတ်ဆို့အရေးယူပြီး အရပ်ဖက် စီးပွားရေးလုပ်ငန်းတွေနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့ FFM မြန်မာနိုင် ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် ဥက္ကဋ္ဌက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုလိုက် ပါ တယ်။ အင်္ဂါနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယ ကော်မတီ အစည်းအဝေးမှာ FFM ရဲ့ နောက်ဆုံး မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို တင်သွင်းချိန်မှာ သူက အဲဒီလို ပြောသွားတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

မြန်မာ့လူ့အခွင့်အရေး ကုလအထွေထွေညီလာခံ တတိယ ကော်မတီမှာ အပြန်အလှန်ပြောဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
23 အောက်တိုဘာ၊ 2019
မသိင်္ဂီထိုက်

ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေ အတွက် နိုင်ငံတကာ ရာဇ၀တ် ပြစ်မှုဆိုင် ရာ ခုံရုံး ဒါမှမဟုတ်လည်း နိုင်ငံတကာ ခုံရုံးတခု ဖွဲ့စည်းကြဖို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အ ထူး ကိုယ်စားလှယ် ယန်ဟီးလီက ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယ ကော်မတီမှာ တင်သွင်းသွား ပါတယ်။

Monday, September 30, 2019

ဝန်ကြီး ဦးကျော်တင့်ဆွေရဲ့ ကုလသမဂ္ဂ မိန့်ခွန်း

RFA
လွတ်လပ်တဲ့ အာရှအသံ
30 September 2019

■ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေဟာ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းစကားပြောကြားခဲ့ပါတယ်။ ဒုက္ခသည်ပြန်လည်ခေါ်ယူရေးလုပ်ငန်းတွေ အပါအ၀င် လက်ရှိ မြန်မာနိုင်ငံဆောင်ရွက်နေတဲ့ အခန်းကဏ္ဍတွေအကြောင်း ပြောကြားခဲ့ပါတယ်။

ဦးသစ်ဆင်းက ကောက်နှုတ်တင်ပြမှာပါ။

Photo: Myanmar State Counsellor Office

(၇၄) ကြိမ်မြောက် ကုလအထွေထွေညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက် မိန့်ခွန်း ပြောကြား

မြန်မာ့အလင်း
နေပြည်တော်
စက်တင်ဘာ ၂၉
(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲသို့ ပြည်ထောင် စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက် မိန့်ခွန်းပြောကြားသည်။မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် ခိုင်မာစွာ အမြစ်တွယ်စေဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အပြုသဘောနည်းလမ်းဖြင့် လက်တွဲဆောင် ရွက်သွားကြဖို့ဖိတ်ခေါ်။

Tuesday, September 17, 2019

ကုလအထွေထွေညီလာခံ အကဲစမ်းမှုများရင်ဆိုင်ဖို့ မြန်မာ ပြင်ဆင်

VOA
ဗွီအိုအေ (မြန်မာဌာန)
17 စက်တင်ဘာ၊ 2019
မသိင်္ဂီထိုက်
ကုလအထွေထွေညီလာခံ

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလ သမဂ္ဂ ဌာနချုပ်မှာ စက်တင်ဘာလ ၁၇ ရက်နေ့ အင်္ဂါနေ့မှာ စတင်ကျင်းပမှာပါ။ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်မှာ ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံတွင်း ကြုံတွေ့နေရတဲ့ အခြေအနေ စိန်ခေါ်ချက်တွေကို အဓိက ထားတင်ပြဖို့ ရှိနေပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း မြန်မာ၊ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်နိုင်ငံက သံအမတ်ကြီးတွေ သီးခြားတွေ့ဆုံပြီး ရိုဟင်ဂျာ အရေး ဆွေးနွေးကြမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြ ထား ပါတယ်။

Tuesday, July 2, 2019

မြန်မာ့အရေး ကုလအထွေထွေညီလာခံမှာ Burgener ဆွေးနွေး

VOA  
ဗွီအိုအေ (မြန်မာဌာန
02 ဇူလိုင်၊ 2019
အင်ကြင်းနိုင်
တနင်္လာနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဆွေးနွေးပွဲအတွင်း အစီရင်ခံတင်ပြနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner-Burgener
မြန်မာနိုင်ငံမှာ ကြီးမားကျယ်ပြန့်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေအတွက် တာဝန်ခံမှု၊တာဝန် ယူမှု ရှိလာစေရေး အနီးကပ်စောင့်ကြည့်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူး ကိုယ်စားလှယ် Christine Schraner-Burgener က တနင်္လာနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြု လုပ် တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဆွေးနွေးပွဲအတွင်းပြောကြားလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */