ဒီမိုကရက်တစ်မြန်မာ့အသံ
Published By DVB | 17 February, 2022
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အစိုးရ ကိုယ် စားပြုအနေနဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်ကာ ရင်ဆိုင်ဖြေ ရှင်းဖို့ တရားရုံးကို စာပေးပို့ထားပေမယ့် ဒီကနေ့အချိန် ထိ အကြောင်းပြန်စာမရသေးဘူးလို့ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီဗွီဘီကို ပြောပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ် သာလန်နိုင်ငံ သည် ဟိတ်မြို့က ICJ တရားရုံးမှာ တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သတ်ပြီး ဖေဖေါ်ဝါရီ ၂၁ ရက်မှ ၂၈ ရက် အထိ ဒုတိ ယအကြိမ်ကြားနာစစ်ဆေးဖို့ ရုံးချိန်းရှိနေတာပါ။