" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စီစစ်. Show all posts
Showing posts with label စီစစ်. Show all posts

Friday, July 10, 2020

ရိုဟင်ဂျာဒုက္ခသည်ကယ်ဆယ်တဲ့ အင်ဒိုနီးရှားကို ကန် ချီးကျူး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
10 ဇူလိုင်၊ 2020  
ရိုဟင်ဂျာဒုက္ခသည်များကို အင်ဒိုနီးရှားရဲက မှတ်ပုံတင် စိစစ်နေစဉ်
 

အင်ဒိုနီးရှားရေပြင်ကို ဇွန်လ ၂၄ ရက်နေ့က ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၉၉ ယောက်နဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရနဲ့ Aceh ဒေသအာဏာပိုင်တွေရဲ့ တုံ့ပြန်ဆောင်ရွက်မှုအတွက် အမေရိကန်ပြည်ထောင်စု က ချီးကြူးဂုဏ်ပြုကြောင်း ဇူလိုင်လ ၉ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

Saturday, October 5, 2019

ဘင်္ဂလားဒေ့ရှ်ပေးပို့သည့် နေရပ်စွန့်ခွာသူ ၂၂၄၃၂ ဦးအနက် ၂၀၄၁၀ ဦး စိစစ်ခဲ့ပြီးဖြစ်

မြန်မာတိုင်းမ်နေ့စဉ်
ထက်စိုးလင်း
05 Oct 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ၎င်းတို့လက်ခံထားသည့် နေရပ်စွန့်ခွာသူ ၂၂၄၃၂ ဦးစာရင်းအား မြန်မာကိုယ်စား လှယ်အဖွဲ့ထံပေးအပ်ထားရာ ယင်းအထဲမှ ၂၀၄၁၀ ဦးအား စိစစ်မှုပြီးစီးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က အောက်တို ဘာ ၄ ရက်က သတင်းထုတ်ပြန်သည်။

Tuesday, March 19, 2019

ရခိုင်အရေး နိုင်ငံတကာအဖွဲ့များ၏ အစီရင်ခံစာပါရေး သားဖော်ပြချက်များကို တပ်မတော်စိစစ်

7 DAY DAILY
By ထက်အာကာကျော်
 Tuesday, March 19, 2019

ရခိုင်ပြည်နယ်မြောက် ပိုင်းတွင်ဖြစ်ပွားခဲ့သော ဘင်္ဂါလီ များ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များအပေါ် ထပ်မံစိစစ်အ တည်ပြုရန်တပ်မတော်က စုံစမ်း စစ်ဆေးရေး ခုံရုံးဖွဲ့စည်းဆောင် ရွက်နေကြောင်းတပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

စုံစမ်းစစ်ဆေးရေးခုံရုံးဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်မြတ်ကျော်၊ အဖွဲ့ ၀င်များအဖြစ်ဗိုလ်မှူးကြီးကျော် ကျော်နိုင်၊ ဗိုလ်မှူးကြီးသန်းနိုင်တို့ ပါဝင်ပြီး ခုံရုံးလုပ်ငန်းစဉ်ကို ယမန်နေ့ (မတ်လ ၁၈ ရက်)တွင် စတင်မည်ဟု အဆိုပါ ထုတ်ပြန် ချက်၌ ပါဝင်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */