ဘီဘီစီ မြန်မာပိုင်း
7 မေ 2019
7 မေ 2019
နိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၆၅၂၀ ဦးကို မေလ ၇ ရက်နေ့က သမ္မတကပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့လည်း ပါဝင်တာဖြစ်ပါတယ်။
သူတို့နှစ်ဦး လွတ်မြောက်တာကို မိသားစုဝင်တွေနဲ့ မီဒီယာသမားတွေက အင်းစိန်အကျဉ်းထောင်ရှေ့မှာသွားရောက် စောင့်ဆိုင်းခဲ့ကြတာပါ။
'ဒီလိုလွှတ်ပေးတဲအပေါ် ကျေးဇူးတင်ပါတယ်၊ မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို တွေ့ချင်နေပြီ၊ သတင်း ခန်းက အလုပ်တွေကိုလည်း ပြန်လုပ်ချင်နေပါပြီ' လို့ လွတ်လာလာချင်း အင်းစိန်အကျဉ်းထောင် ရှေ့မှာ မီဒီယာတွေကို သတင်းထောက် ကိုဝလုံးက ပြောခဲ့ပါတယ်။
သတင်းထောက် နှစ်ဦး လွတ်မြောက်တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေက သမ္မတ ရဲ့ ဒီလုပ်ရပ်အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ချက်တွေလည်း ထုတ်ခဲ့ကြပါတယ်။
သတင်းထောက် နှစ်ဦးလုံးဟာ ရခိုင်ပြည်မြောက်ပိုင်း အင်းဒင်လူသတ်မှုအကြောင်း စုံစမ်းဖော်ထုတ်ရေး သားဖို့ ကြိုးစားနေစဉ် ၂၀၁၇ ဒီဇင်ဘာလ ၁၂ ရက်နေ့က မင်္ဂလာဒုံမြို့နယ်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီနောက်တော့ သူတို့တွေကို နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ကြားနာစစ်ဆေး ခဲ့ပြီးတဲ့နောက် ပြစ်မှုထင်ရှားတယ်ဆိုပြီးတော့ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့မှာ နှစ်ဦးလုံးကို ထောင် ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ပါတယ်

ပြစ်ဒဏ်နဲ့ ပတ်သတ်လို့ သတင်းထောက်တွေက အမှုအယူခံတွေကို ၂၀၁၉ ဇန်နဝါရီလက ရန်ကုန်တိုင်း တရားရုံး၊ မတ်လ ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကို အဆင့်ဆင့်တင်ပြခဲ့ပေမယ့် ပယ်ချခံခဲ့ရပါ တယ်။
သမ္မတဟာ အခုတကြိမ် အကျဉ်းသား ခြောက်ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးတာဟာ တတိယ အကြိမ် မြောက်ဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့တုန်းက အကျဉ်းသား ၉၅၀၀ကျော် နဲ့ ဧပြီ ၂၆ ရက်နေ့က အကျဉ်းသား ၆၉၀၀ ကျော် ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ပထမနဲ့ ဒုတယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲ လွတ်လာသူအများစုဟာ မူးယစ်သုံးစွဲမှု၊ လက် ဝယ်တွေ့ရှိမှု ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ အများဆုံးပါဝင်ပြီး နိုင်ငံရေးအကျဉ်းသား ကတော့ အနည်းငယ်တယ်ပါတယ်ဆိုပြီးတော့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
အခုတတိယအကြိမ်မှာတော့ မြန်မာပြည်အခြေစိုက် ရိုက်တာသတင်းထောက် ၂ ဦးအပါအဝင် မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ထောင် ၂ နှစ်ကျခံနေရတဲ့ ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌ ရဲဘော် အောင်ဆွေဦးနဲ့ ရဲဘော်မောင်ဦးတို့အပြင် မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံထားရတဲ့ သရုပ်ဆောင်မိုးအောင် ရင် တို့လည်း ပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။

Link : Here
No comments:
Post a Comment