Wednesday, April 17, 2019

ရိုက်တာသတင်းထောက်နှစ်ဦး သမ္မတလွတ်ငြိမ်းခွင့် မရ

VOA  
ဗွီအိုအေ (မြန်မာဌာန) 
17 ဧပြီ၊ 2019
ကိုဇော်ဝင်းလှိုင်
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ကိစ္စကို စုံစမ်းဖော်ထုတ်နိုင်ဖို့ ကြိုးစား လုပ်ဆောင်ခဲ့ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို သတင်းသမားတွေအတွက် အမြင့်ဆုံးဆု Pulitzer ဆုကို ချီးမြင့်ခံလိုက်ရပေမယ့် ဒီကနေ့ မြန်မာ နှစ်ဆန်းတရက်နေ့မှာ နိုင်ငံတော်သမ္မတရဲ့ လွတ် ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ သူတို့ ၂ ဦး ပါမလာပါဘူး။ သူတို့ ၂ ဦးရဲ့ မိ သား စုဝင်တွေကတော့ ဆုရတဲ့အတွက် ဝမ်းသာနေကြသလို သူတို့ အမြန် ပြန်လွတ်လာဖို့အတွက်လည်း မျှော်လင့် စောင့်ဆိုင်းနေကြပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဒီကနေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အကျဉ်းသား ၉၅၅၁ ဦးကို လွတ်ပေး လိုက်ပေမယ့် အများက မျှော်လင့်နေတဲ့ နိုင်ငံရေးအကျဉ်းသား အများစုနဲ့ အခုနှစ်အတွက် Pulitzer ဆု ရက် ပိုင်းအတွင်းကဘဲ ရွေးချယ်ခံလိုက်ရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးတော့ ပါ ဝင်ခြင်း မရှိပါဘူး။

အင်းဒင်ရွာ လူသတ်မှုနဲ့ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန် နေတယ်ဆိုတဲ့ ကိစ္စတွေကို စုံစမ်း ဖော်ထုတ်ဖို့ ကြိုးစားရင်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ အ တွင်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာပါ။ သူတို့ကို နိုင်ငံတော် လျှို့ဝှက်ချက် ချိုးဖောက်မှုနဲ့ မနှစ် စက်တင်ဘာလ က ထောင်ဒဏ် (၇) နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

သတင်းသမားတွေအတွက် အမြင့်ဆုံးဆုလို့ သတ်မှတ်လို့တဲ့ အမေရိကန်အခြေစိုက် ဒီ Pulitzer ဆုကို ချီးမြင့်ခံရတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိမွန်က ပြောပါတယ်။

“Pulitzer ဆုကတော့ သူနဲ့ စပြီးတော့ လက်ထက်ပြီးကတည်းက သူအမြဲတမ်း ပြောနေတာပေါ့နော်။ သတင်း သမားတယောက်အနေနဲ့က Pulitzer ဆုက အမြင့်ဆုံးဆု ဆိုတာရယ်၊ သူလည်း အရမ်းမျှော်လင့် ခဲ့တာပေါ့နော်။ သူလည်းအရမ်းလိုချင်တယ်။ ဒါပေမယ့် အခုအနေအထားမှာက ဒီဆုရတယ်ဆိုတာက သိသိ ချင်းမှာတော့ ကိုယ့်စိတ်ထဲမှာ ချက်ချင်းပြေးပြီးတော့ သွားပြောချင်တာပေါ့နော် သူ့ဆီကို။ ဒါပေမယ့် မဖြစ်နိုင် တဲ့ အနေအထားမှာရောက်နေတဲ့အခါကျတော့ ကိုယ်ကတော့ သိတာပေါ့နော် ဖြစ်နိုင်မယ်ဆိုရင်လည်း သူ တို့  နှစ်ယောက်ကို လွတ် မြောက်လာပြီးတော့ ဒီလိုဆုတွေကို သူတို့ကိုယ်တိုင် ဝမ်းသာစွာနဲ့ လက်ခံစေ ချင် တာပေါ့နော်။”

ကိုကျော်စိုးဦးရဲ့ ဇနီးဖြစ်သူ မချစ်စုဝင်းကတော့ Pulitzer ဆု ရတဲ့အတွက် ဝမ်းသာသလို သူ့ခင်ပွန်းနဲ့ ကို၀ လုံး တို့ ၂ ဦး ပြန်လွတ်လာဖို့ အတွက်လဲ မျှော်လင့်ကြောင်း ပြောပါတယ်။

“Pulitzer ဆု ရတဲ့အတွက် အရမ်းပျော်ရတယ်၊ အရမ်းဂုဏ်ယူရတယ်။ ကိုယ့်ယောကျ်ား အရမ်းတော်တဲ့ သတင်း ထောက်တယောက်ရထားတဲ့အတွက် အရမ်းဝမ်းသာမိတယ်ပေါ့။ ပြီးရင် သူတို့နှစ်ယောက်ကို ပြန် ပြီးတော့ လွတ်ပေးမယ်လို့ ယုံကြည်ထားတယ်။ မိသားစုနဲ့အတူ ဆုံစည်းခွင့်ပေးမယ်လို့ မျှော်လင့်ထား တယ်။ သမီးလေးကြီးလာရင်လည်း သူ့အဖအတွက် ဂုဏ်ယူရမယ်လို့ ယုံကြည်ထားတယ်။”

သူတို့ ၂ ဦးကို အမြန်ဆုံး လွတ်ပေးဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အပါအ ဝင် နိုင်ငံတကာ ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း၊ ပြည်ပက သတင်းမီဒီယာ လွတ်လပ်ခွင့် လှုပ်ရှားသူတွေက တောင်းဆို နေကြတာပါ။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာ UNESCO က ချီးမြင့်တဲ့ Guillermo Cano သတင်းလွတ်လပ်ခွင့်ဆု - UNESCO/Guillermo Cano Press Freedom Prize ဆုကို ပူးတွဲ ချီးမြင့်လိုက်ကြောင်း UNESCO က ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က ကြေညာခဲ့ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်အခြေစိုက် Pen American အဖွဲ့က ချီးမြင့်တဲ့ Pen/Barbey Freedom to Write Award ဆု၊ ၂၀၁၉ ခုနှစ်မှာ အမေ ရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းက ထူးချွန်တဲ့ သတင်းသမားတွေကို နှစ်စဉ် ဂုဏ်ပြုတဲ့ George Polk ဆုတို့ကို လက်ခံရရှိခဲ့ပြီး ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */