Sunday, April 5, 2020

ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနကို ရဲတပ်ဖွဲ့ ဝင်ရောက် ရှာဖွေ၊သတင်းထောက်သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွား

Myanmar Now
2020.04.05
စစ်တွေမြို့အခြေစိုက် ရခိုင်သတင်းဌာနတခုဖြစ်သည့် နိရဉ္စရာသတင်းဌာနကို ယနေ့ညနေ ၅နာရီခွဲခန့်က ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး သတင်းထောက် သုံးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အဆိုပါ သတင်းဌာနမှ စာတည်းမှူး ကိုနောင်ခိုင်အောင်က Myanmar Now ကိုပြောသည်။
 

ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ အကြီးတန်းသတင်းထောက် သန့်မြတ်ခိုင်၊ အလုပ်သင်သတင်းထောက် အောင်လင်းထွန်း နှင့် ထွန်းခိုင် (တောင်ရင်းကျွန်း) တို့ဖြစ်သည်ဟု သိရသည်။

"အင်အား ၈ ယောက်နဲ့ ၁၀ ယောက်ကြားလောက်ရှိမယ်။ ရဲပါတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါတယ်။ကွန်ပြူ တာ နှစ်လုံးကိုလည်း ယူသွားတယ်" ဟု ကိုနောင်ခိုင်အောင်က ပြောသည်။

နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို စစ်တွေမြို့မရဲစခန်းတွင် ယနေ့ နေ့လည်ပိုင်းက အမှုဖွင့်ထားသည်ဟု Myanmar Now က သိရှိထားသော်လည်း သီးခြားအတည်ပြု၍ မရနိုင်ပါ။

နိရဉ္စရာသတင်းဌာနသည် ရခိုင်ပြည်နယ်တွင်းဖြစ်ပွားနေသည့် သတင်းများကို ရေးသားဖော်ပြနေသည့် ဖတ်ရှုမှုအများဆုံး သတင်းဌာနများအနက်မှ တခု ဖြစ်သည်။

နိရဉ္စရာသတင်းဌာနနှင့် Development Media Group (DMG) တို့၏ ဝက်ဘ်ဆိုက် နှစ်ခုကို မတ် ၂၃ နှင့် ၂၄ တွင် ဆက်သွယ်ရေးအော်ပရေတာများက တစ်စုံတစ်ရာအကြောင်းကြားခြင်းမရှိဘဲ ဖုန်းအင်တာနက်မှ ဝင်ရောက်ကြည့်ရှု့ခွင့် ပိတ်ပင်ခံထားရသည်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */