" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 6, 2019

ဒေါ်အောင်ဆန်းစုကြည် အိုင်စီဂျေ မသွားခင် ရက်ပိုင်းအလို တရုတ်နိုင်ငံခြားရေး ဝန်ကြီးလာမယ်

B B C
ဘီဘီစီ မြန်မာပိုင်း
5 ဒီဇင်ဘာ 2019

နိုင်ငံတကာ တရားရုံး အိုင်စီဂျေမှာ မြန်မာကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာကို သွားရောက်ဖြေရှင်း မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယီ မြန်မာနိုင်ငံကို လာမယ်လို့ တရုတ်ဘက်က ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံဘက်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဝမ်ယီ မြန်မာနိုင်ငံကို ဒီဇင်ဘာလ ၇ ရက်နဲ့ ၈ ရက်မှာ လာရောက်မယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရသူက ဒီဇင်ဘာ ၅ ရက်မှာ ကြေညာပါတယ်။

အခုလို အချိန်မှာ တရုတ် အဆင့်မြင့် သံတမန် မြန်မာနိုင်ငံကို လာရောက်တာဟာ အချက် နှစ်ချက်ကြောင့် လာတာ ဖြစ်နိုင်တယ်လို့ တရုတ်အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ဘီဘီစီကို အခုလို ပြောပါ တယ်။

"ဒေါ်အောင်ဆန်းစုကြည် တရားရုံးသွားဖို့ အချိန်နဲ့လည်း ကိုက်နေတာ ရှိတယ်။ နောက် အခုလာတာက လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်ကြောင့် လာတာလို့လည်း ပြောတော့ ကျွန်မထင်ကြည့် ရတာတော့ တရားရုံးမှာ ရိုဟင်ဂျာကိစ္စတွေနဲ့ ပတ်သက်လို့ တရုတ်ပြည်ကလည်း ဒေါ်အောင်ဆန်းစုကြည် လာတုန်းက သမ္မတ ရှီကျင့်ဖျင်က ဒီကိစ္စကို ကူညီပြီး ဖြေရှင်းပေးပါမယ် ပြောထားတာ ရှိတာကိုး။ အဲတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ နည်းနည်း မေးစရာ မြန်းစရာ သို့မဟုတ် တိုင်ပင်စရာများရှိလို့ လာသလားလည်း မသိဘူး"၊

"အဲတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း သူ့မှာလည်း အချက်အလက် စုဆောင်းဖို့တော့ လိုတယ် လေ။ အဲဒီအတွက် တရုတ်ပြည်က ဘာများ အကူအညီပေးနိုင်မလဲ ဘာလဲ သိချင်တာလည်း ပါမှာပေါ့" လို့ ပြောပါတယ်။

ဒါ့အပြင် "ကြားထားတာ တစ်ခုရှိတာတော့ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာတွေထဲက မြန်မာနိုင်ငံ ကလည်း မဟုတ်ဘဲနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာပြည်ထဲ တရားမဝင် ဝင်ထားသူတွေရှိတယ်။ အဲဒီလူတွေ ကို သူတို့ ကျွန်းတစ်ကျွန်းမှာ နေရာချဖို့ လုပ်တယ်လို့ ကြားတယ်။ အဲဒါကို တရုတ်က ကျွန်းရဲ့ တည်ဆောက် ရေး ဘာရေး ကူညီမယ်လို့ ကြားတယ်။ အဲဒီကိစ္စများလားလည်း မသိဘူးပေါ့" လို့ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ မြန်မာနိုင်ငံထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆီက တရုတ်နိုင်ငံထုတ် လက် နက်တွေ ဖမ်းမိတယ်ဆိုပြီး တပ်မတော်က ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံဆက်ဆံရေးမှာ ပြဿနာ ကြီးကြီးမားမား မရှိနိုင်ဘူးလို့လည်း သူက ပြောပါတယ်။

"တရုတ်လုပ် လက်နက်တွေလို့ပဲ ပြောတာလေ။ တရုတ်က ရောင်းပေးတယ်လို့မှ ပြောတာမှ မဟုတ်တာ။ အဲတော့ ဘယ်ကမဆို ငွေရှိရင် ဝယ်လို့ရတာလေ။ ဒီမှောင်ခိုဈေးကွက်ကြီးကလည်း အတော်ကြီး တယ်ဆို တာ ဗမာ အစိုးရလည်း သိတာပဲ။ သူတို့လည်း တိုက်ရိုက်စွပ်စွဲတာမှ မဟုတ်ဘဲ တရုတ်အစိုးရကို။ ဒါတော့ ပြဿနာ ကြီးကြီးမားမား မရှိဘူးထင်တယ်" လို့ ပြောပါတယ်။

အနောက်အာဖရိက နိုင်ငံ ဂမ်ဘီယာက မြန်မာနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်မှု အပေါ် မတားဆီးနိုင်ဘူး၊ ဂျီနိုဆိုက် ကွန်ဗင်းရှင်း သဘောတူ စာချုပ်ကို မလိုက်နာဘူးဆိုပြီး စွပ်စွဲထားတာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ မှာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က နိုင်ငံတကာ တရားရုံး ICJ မှာ စတင် ကြားနာတော့မှာ ဖြစ်ပါတယ်။

ဒီတရားစွဲဆိုထားမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦး ဆောင်ဖြေရှင်းမှာ ဖြစ်ပြီး ဂျီနိုဆိုက်အရေး ကျွမ်းကျင်တဲ့ ထူးချွန်သူ ရှေ့နေတွေ ငှားရမ်းထားတယ်လို့ အစိုးရ က တရားဝင် ထုတ်ပြောထားပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */