" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, December 8, 2019

မြန်မာခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး အိုင်စီဂျေ မစခင်တွေ့

B B C
ဘီဘီစီ မြန်မာပိုင်း 
07 ဒီဇင်္ဘာ2019

တရုတ် နိုင်ငံတော် ကောင်စီဝင်နဲ့ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယီ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့

မြန်မာက လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ဖောက်ဖျက်နေတယ်ဆိုပြီး ဂမ်ဘီယာ နိုင်ငံက စွပ်စွဲထားတာကို သွားဖြေရှင်းမယ့် ရက်ပိုင်းအလိုမှာ မြန်မာ ခေါင်းဆောင်တွေနဲ့ တရုတ် နိုင်ငံခြား
ရေး ဝန်ကြီးတို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က တရုတ် နိုင်ငံ တော် ကောင်စီဝင်နဲ့ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယီကို ဒီဇင်ဘာလ ၇ ရက် စနေနေ့မှာ တွေ့ခဲ့ကြပါ တယ်။


မစ္စတာ ဝမ်ယီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင် သမ္မတ ဦးဝင်းမြင့်ကိုလည်း သမ္မတအိမ်တော်မှာ သီးခြား တွေ့ဆုံခဲ့ပါတယ်။

သမ္မတနဲ့ တွေ့ဆုံစဉ်မှာ ကုန်သွယ်ရေးမူဝါဒ ဖြေလျှော့ရေး၊ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းအောက်ရှိ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနဲ့ နယ်စပ်စီးပွားရေးဇုန် စီမံကိန်းစတာတွေကို ဆွေးနွေးခဲ့တယ်လို့ သမ္မတရုံးက သ တင်းထုတ်ပြန်ပါတယ်။

သမ္မတနဲ့ မစ္စတာ ဝမ်ယီတို့ တွေ့ဆုံတာမှာ အစိုးရ ဝန်ကြီးအဖွဲ့ထဲက ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွား ဆက် သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းထွန်းနဲ့ ကျောက်ဖြူရေနက် ဆိပ်ကမ်းကို တာဝန်ယူထားတဲ့ စီးပွား ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဒုတိယ ဝန်ကြီး ဦးအောင်ထူးတို့လည်း ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ စီးပွားရေးစင်္ကြံ ၊ နယ်စပ်စီးပွားရေးဇုန် နဲ့ လျှပ်စစ်နဲ့ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရေး စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါ တယ်။

အခုလို တရုတ်နိုင်ငံခြားရေးဝန်ကြီးလာရောက်တာနဲ့ပတ်သက်လို့မြန်မာ့အရေး လေ့လာသူ စာရေးဆရာ ဦးမောင်မောင်စိုးက အခုလို သုံးသပ်ပြောဆိုပါတယ်။

"စီးပွားရေးပေါ့၊ သူတို့ရဲ့ စီးပွားရေး စင်္ကြံတည်ဆောက်ဖို့ အဲဒီအတွက် ရည်ရွယ်ချက်နဲ့ လာတယ်လို့ ပထမ အချက်အနေနဲ့ ပြောလို့ရပါတယ်"

"ဒုတိယအချက်အနေနဲ့ကတော့ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပိုပြီးတော့ တွန်းအားပေးဖို့ ရည် ရွယ် ပုံ ရပါတယ်"

"တတိယအချက်ကတော့ တရုတ်သမ္မတ လာဖို့အတွက် ကြိုတင် ပြင်ဆင်တာလည်း ဖြစ်နိုင်တယ်"

ကုန်သွယ်ရေးမူဝါဒ ဖြေလျှော့ရေး ဆွေးနွေးခဲ့တယ်လို့ဆို


"အိုင်စီဂျေ သွားခါနီး လာတယ်ဆိုတာကတော့ အိုင်စီဂျေနဲ့ ပတ်သက်လို့ တရုတ်အနေနဲ့ အကြံကောင်း၊ ဉာဏ်ကောင်းပေးနိုင်မလား၊ ဒါမှ မဟုတ်ရင် မြန်မာဘက်က ရပ်တည်ပေးတယ်ဆိုတာလား ဆိုတာ ပြောဖို့ ခက်ပါတယ်"

နေပြည်တော်မှာရှိတဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်တွေကတော့ အခု နိုင်ငံခြားရေး ဝန်ကြီးခရီးစဉ်ဟာ တရုတ် သမ္မတ မြန်မာနိုင်ငံကို လာရောက်ဖို့ အတွက် ကြိုတင် လာရောက်ညှိနှိုင်းတာလို့ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာမယ့်နှစ် အစပိုင်းမှာ လာရောက် လည်ပတ်မယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။ ဒီသတင်းကိုတော့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။

နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း ကိစ္စ၊ နှစ်နိုင်ငံ နယ်ခြား စီးပွားရေး ဇုန်တွေ တည်ဆောက်ရေး ကိစ္စနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကိုလည်း ဆွေးနွေးနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်တာတွေ ရှိနေပါတယ်။

တရုတ်အစိုးရက ကျေက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းရဲ့ ဒုတိယအဆင့်၊ ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ နှစ်နိုင်ငံ နယ်ခြား စီးပွားရေးဇုန်တွေကို အမြန်ဆုံး လက်မှတ်ရေးထိုးဖို့ တောင်းဆိုထားတာ ရှိတယ်လို့လည်း အမည် မဖော်လိုတဲ့ ပြည်ထောင်စု ဝန်ကြီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီဇင်ဘာ ၇ ရက်ညမှာ မစ္စတာ ဝမ်ယီကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦး ကျော်တင့်ဆွေက ညစာ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယီဟာ ဒီဇင်ဘာ ၈ ရက်မှာ တရုတ်နိုင်ငံကို ပြန်မှာ ဖြစ်ပါတယ်။

အခု နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ်က ဆွေးနွေးမှုတွေ အဆင်ပြေခဲ့ရင် တရုတ်သမ္မဟာ လာမယ့်နှစ် အစ ပိုင်းမှာ မြန်မာနိုင်ငံကို လာနိုင်တယ်လို့ သုံးသပ်ပြောဆိုမှု တွေရှိနေပါတယ်။

မြန်မာ တရားစွဲဆိုခံထားရတာနဲ့ ပတ်သက်ပြီး နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့က နိုင်ငံတကာ တရားရုံး ICJ မှာ လာမယ့် သီတင်းပတ် ဒီဇင်ဘာလ ၁၀ ရက်ကနေ ၁၂ မှာ စတင်ကြားနာတော့မှာ ဖြစ်ပါတယ်။

အဲဒီတရားစွဲဆိုခံထားရမှု အတွက် လူမျိုးတုံး သတ်ဖြတ်မှု ဂျီနိုဆိုက် အရေးကျွမ်းကျင်သူ နိုင်ငံတကာရှေ့ နေတွေ ငှားရမ်းထားပြီး ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ဖြေရှင်းမယ်လို့ အစိုးရက ပြောထားပါတယ်။

လင့်၊https://www.bbc.com/burmese/50699735

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */