Friday, December 6, 2019

အတိုင်ပင်ခံဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
05 ဒီဇင်ဘာ၊ 2019
ရန်နိုင်
 ၂၀၁၇ နိုဝင်ဘာလတုန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်
 
 (Myanmar State Counsellor Office) မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာမှာ သံတမန်ရေးဖိအားနဲ့ အတူ ICJ နိုင်ငံတကာတရားရုံးမှာရင်ဆိုင် ရဖို့ရှိနေ ချိန်မှာပဲ အခုလာမယ့် ဒီဇင်ဘာ ၇ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာဖု့ိ ရှိနေပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက်ဘယ်လောက် အထောက်အကူ ဖြစ်စေမလဲ ဆိုတဲ့သုံးသပ်ချက်ကို ကိုရန်နိုင်က စုံစမ်းမေးမြန်တင်ထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြား ချက် အရ မြန်မာနိုင်ငံကို လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာ လာရောက်မှာဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီဟာ မြန်မာ နိုင်ငံကို ဒီဇင်ဘာ ၇ ရက် နဲ့ ၈ ရက်နေ့တွေမှာ ၂ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ သွားရောက်မှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ရိုဟင်ဂျာအရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး သံတမန်ရေးအကြပ် အ တည်း ဖြစ်နေချိန်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး အခုလို မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ ဒီခရီး စဉ်အတွင်း ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ တရုတ်-မြန်မာအရေး ကျွမ်း ကျင်သူ ဒေါက်တာလှကျော်ဇောက အခုလိုပြောပါတယ်။

“ရိုဟင်ဂျာကိစ္စတွေလည်း သူတို့က ကူညီပါ့မယ်လို့သူတို့က ပြောထားတာရော၊ ဘင်္ဂလားဒေ့ရှ်မှာရောက် နေ တဲ့ ရိုဟင်ဂျာတွေရဲ့ နေရပ်ပြန်ရေးကိစ္စ သူတို့ အများကြီးကူညီမယ်လို့ ပြောထားတော့ ဒီကိစ္စတွေလည်း ပါ ကောင်းပါနိုင်မယ်လို့ ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်လာတုန်းကလည်း သမ္မတ Xi Jinping ကိုယ်တိုင် ပြော လိုက်တာပဲ။ ဒီရိုဟင်ဂျာကိစ္စတွေ သူတို့ အတတ်နိုင်ဆုံးကူညီပေးပါ့မယ် ဆိုပြီးပြောလိုက်တာပဲ။”

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကိုနယ်သာလန် နိုင်ငံ The Hague မြို့မှာရှိတဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ တရားစွဲထားပြီး၊ လာမယ့် ဒီဇင်ဘာ ၁၂ ရက် နေ့မှာ ပထမ ဆုံးအကြိမ် ကြားနာမှာဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတာနဲ့ ပတ် သက်ပြီး မြန်မာနိုင်ငံဘက်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ဖြေရှင်းသွားမယ်လို့ မြန်မာ အစိုး ရ က ပြောထားပြီး၊ အခုလို နိုင်ငံတကာတရားရုံး (ICJ) မှာ သွားရောက်ရင်ဆိုင်ဖို့ရှိနေချိန်မှာ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးသွားရောက်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် တစုံတရာ အထောက်အကူဖြစ်နိုင် မယ်လို့ ခန့်မှန်းကြောင်း ဒေါက်တာလှကျော် ဇောက သုံးသပ်ပါတယ်။

“အချိန်ကို ကြည့်ရတာပေါ့နော်၊ time ကို ကြည့်ရတာ ဒေါ်အောင်ဆန်းစုကြည်က ၁၀ ရက်နေ့လောက် ထွက် မှာကို ၊ ဒေါ်အောင်ဆန်းစုကြည် မထွက်ခင်လာတာက တခုက ဒီလိုရှိတယ်၊ ဘင်္ဂလားဒေ့ရှ်ကို ရောက်သွား တဲ့ ဒုက္ခသည်တွေကို သူတို့ ကျွန်းတကျွန်းကို ပို့ဖို့ စီစဉ်နေတယ်ဆိုတဲ့ ကိစ္စရှိတယ် အဲဒါကို တရုတ်က သူတို့ ကူညီပါ့မယ်လို့ ပြောတယ်။ တောင်အာဖရိက နိုင်ငံမှာလည်း slum တွေကို ဖျက်ပြီး သူတို့ တနေရာပို့တုန်းက တရုတ်က ကူညီခဲ့တာရှိတယ်။ အဲဒီတော့ အဲလိုနည်းနဲ့ တရုတ်က ကူညီဖို့များ စဉ်းစားသလားမသိဘူး။ အဲဒီ အချက်အလက်ကို ရရင်တော့ ဒေါ်အောင်ဆန်းစုကြည်အတွက်ကတော့ နိုင်ငံတကာ ခုံရုံးမှာ ပြောဆိုတဲ့ အ ခါမှာ သူ့အတွက် နည်းနည်းအားရှိတာပေါ့ဗျာ။ ဒီလိုဖြေရှင်းဖို့အတွက်လည်း ဒီလို ကြိုးစားထားပါတယ် ဆိုတာမျိုးလည်း ဖြစ်နိုင်တယ်။”

ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်အတွင်း တရုတ်နိုင်ငံက ဒေသတွင်းမှာ ဖော်ဆောင်ဖို့ကြိုး ပမ်းနေ တဲ့ ခါးပတ်လမ်းစီမံကိန်း နဲ့ ဒေသတွင်းကိစ္စရပ်တွေကိုလည်း ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ ဒေါက်တာ လှကျော်ဇော်က ပြောပါတယ်။

“တရုတ်က အခု RCEP လို့ခေါ်တဲ့Regional Economic Partnershipအာဆီယံနိုင်ငံ ၁၀ နိုင်ငံနဲ့ သူတို့ တခြား ၆ နိုင်ငံပေါ့နော် ၊ တရုတ်ရယ် ၊တောင်ကိုရီးယားရယ်၊ ဂျပန်၊ အိန္ဒိယရယ်၊ သြစတေးလျရယ်၊ နယူးဇီလန်ရယ် ။ အခု အိန္ဒိယကတော့နုတ်ထွက်သွားပြီ။ အဲဒီ RCEP ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရေး အ တွက် တရုတ်က ကြိုးစားနေတာ တပိုင်းရှိတယ်။ နောက်တခုက တောင်တရုတ်ပင်လယ်အတွင်းက ပြဿ နာတွေကိုCode of conduct လက်မှတ်ထိုးဖို့ တရုတ်က ကြိုးစားနေတာရှိတယ်။ ဆိုတော့ အဲဒီကိစ္စတွေနဲ့ မြန်မာပြည်ကို လာပြီးတော့ မေးတာမြန်းတာ တခုခု ရှိမယ်ထင်တယ်။”

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိ သူတွေကို ဆက်သွယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */