Friday, December 13, 2019

မြန်မာအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ စွပ်စွဲ ချက်ကို နိုင်ငံတကာတရားရုံး ကြားနာမှုပြီးဆုံး

NHK World Japan
2019-12-13
မြန်မာက ရိုဟင်ဂျာ မွတ်စလင်လူနည်းစုတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုပြီး နိုင်ငံတကာတရားရုံး ICJ မှာ ၃ရက်ကြာ ကြားနာမှု အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

အနောက်အာဖရိက နိုင်ငံ ဂမ်ဘီယာက အစ္စလာမ်နိုင်ငံများ အဖွဲ့အစည်း OIC ကိုယ်စား တရားစွဲဆိုတာ ဖြစ် ပါတယ်။ မြန်မာဟာ ရိုဟင်ဂျာတွေအပေါ်ကို လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲထားပါတယ်။

နယ်သာလန်နိုင်ငံ The Hague မြို့မှာ ကြားနာစစ်ဆေးမှု နောက်ဆုံးနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာ နှစ်ဖက် စလုံးက အပြီးသတ်ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာရဲ့တုန့်ပြန်ချက်ထဲမှာ အမျိုးသမီးနဲ့ကလေးတွေ လူမဆန်စွာသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး ရှင်းပြ တာ မလုံလောက်ဘူးဆိုပြီး ဂမ်ဘီယာက ထောက်ပြခဲ့ပါတယ်။

ရိုဟင်ဂျာတွေအတွက် ယာယီအရေးယူဆောင်ရွက်ချက်တွေကို တရားရုံးက ချမှတ်ပေးဖို့ ဂမ်ဘီယာက တောင်းဆိုခဲ့ပါတယ်။ အဲဒီအရေးယူဆောင်ရွက်ချက်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို အစောဆုံးနောက် လလောက်မှာ ချမှတ်နိုင်ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */