ရိုဟင်ဂျာ ဒုက္ခသည်ထဲက ပထမဦးဆုံး မြန်မာဘက်ကို ပြန်သည့် အသုတ် (ဓါတ်ပုံ-MOI Government News)
ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကပြောပြပေးသွားမှာပါ။
ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံသဘောတူညီချက်အရ နေရပ်စွန့်ခွာသူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြန်လည်လက်ခံဖို့အတွက် ၂၀၁၈ခုနှစ် နှစ်စပိုင်းကတည်းက မြန်မာအစိုးရဘက်က ပြန်လည်လက်ခံရေး စခန်းတွေဖွင့်ပြီး ပြင်ဆင်ဆောင်ရွက် လာခဲ့တာပါ။ နှစ်ဘက် အပြန်အလှန် စိစစ်ပြီးတဲ့ သူတွေကို ပြန်လည်ပို့ဆောင်ပေးဖို့အကြောင်း ကြားခဲ့ပေမယ့် အဲဒီ အစီအစဉ်တွေ အကြိမ်ကြိမ် ပျက်ခဲ့ပြီး ခုချိန်ထိ တရားဝင်ပြန် ရောက်ခဲ့သူ မရှိသေးပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူတို့အစီအစဉ်နဲ့သူတို့ ပြန်လာသူတွေကတော့ ၂၀၁၉ ခုနှစ် စက်တင်ဘာလဆန်းပိုင်းထိ ၂၀၀ကျော်ရှိလာပါပြီ။
နေရပ်စွန့်ခွာသွားသူတွေထဲက ခြောက်ဦးဟာ စက်တင်ဘာလ ၁၁ရက်နေ့ ညပိုင်းမှာ ပြန်လည်ဝင်ရောက် လာတယ်လို့ တောင်ပြိုလက်ဝဲ လက်ခံရေးစခန်း(လဝက) အဖွဲ့ခေါင်းဆောင် ဦးအောင်ဖြိုးဟန်က ပြောပါ တယ်။
"ညပိုင်းပေါ့နော်။ ညပိုင်းမိုးချုပ်မှ ရောက်တယ်ဗျ။ မိုးချုပ်မှရောက်တယ်ဆိုတော့ သူတို့နေထိုင်ဖို့ ဘာညာက ကျ တော်တို့ စီစဉ်ပေးတယ်။ နောက်နေ့မနက်မှာ ကျတော်တို့ ပြန်လည်လက်ခံရေး လုပ်ငန်းတွေပေါ့နော် လုပ်ပြီးတဲ့နောက်၊ ကျတော်တို့နေ့လည်မှာပဲ သူတို့နေ့လည်စာ ကျွေးပြီးတော့ ဦးစိုးထွန်းကနေမှ သူတို့ဦး ဆောင်ပြီးတော့မှ လှဖိုးခေါင်စခန်းကို သူတို့ခေါ်သွားတယ်ခင်ဗျ။"
မြန်မာအစိုးရ တာဝန်ရှိသူတွေက ကုလသမဂ္ဂအရာရှိတွေ၊ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေက သံတမန်တွေ ကို ဖိတ်ခေါ်ပြီး အရင်က ပြန်ရောက်နေပြီးဖြစ်တဲ့ ဟိန္ဒူနဲ့ မွတ်ဆလင် ဒုက္ခသည် မိသားစုတွေနဲ့ စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်တို့က စစ်တွေမြို့မှာ တွေ့ဆုံပေးခဲ့ကြောင်း လဝက အရာရှိတွေက ဗွီအိုအေကို ပြောပါ တယ်။
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြန်လာသူတွေကိစ္စ နဲ့ပတ်သက်လို့သတင်း ထောက်တွေက မေးတာမှာ - ပြန်လာသူတွေရဲ့ လုံခြုံရေးကြောင့် အသေးစိတ်ပြောဖို့မရှိကြောင်း သမ္မတရုံးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည် ဖြေကြားခဲ့ပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လည်ဝင်ရောက်လာသူတွေကို လက်ခံဖို့အတွက် တောင်ပြိုလက်ဝဲစခန်းနဲ့ ငါးခူရစခန်းတို့ကို ထားရှိပြီး၊ လှဖိုးခေါင် ကြားစခန်းကနေတဆင့် သူတို့ကို ပြန်လည် နေရာချထားပေးတာပါ။ အခုရောက်လာတဲ့ မိသားစုဝင် ခြောက်ဦးက လောလောဆယ်မှာ သူတို့ရဲ့အမျိုး တွေနဲ့ အတူ နေတယ်လို့ မောင်တောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွန်းကပြောပါတယ်။
"သူတို့က လောလောဆယ် အမှတ်၂ရပ်ကွက်မှာ သူတို့အမျိုးတွေနဲ့ နေပါတယ်။ ကျတော်တို့ကလာရင် တော့ ဥပဒေနဲ့လွတ်ကင်းရင်တော့ အကုန်လက်ခံမှာပဲလေ။ ဒါပေမယ့် ဟိုဘက်၊ ဒီ ဘက် အထဲမှာ စစ်ဆေးပြီးတဲ့လူတွေ ဖြစ်ဖို့ပဲ လိုတာပါ။ ကျန်တာတော့ပြောစရာမရှိပါဘူး။"
မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ နေရပ်စွန့်ခွာသူ ပြန်လည်လက်ခံ၊ နေရာချထားရေး ကိစ္စရပ်တွေကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၃ရက်နေ့ကစပြီး မြန်မာအစိုးရက စတင်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၁၅ရက်နေ့မှာ နေရပ်စွန့်ခွာသူတွေကို ပြန်လည်ပို့ဆောင်ပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အကြောင်းကြားခဲ့ ပေမယ့် အခုချိန်ထိ ပြန်ပို့တဲ့အစီအစဉ်ကို မစတင်နိုင်သေးပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့ ကြိုးပမ်းရာမှာ ယုံကြည်စိတ်ချအောင် မြန်မာအစိုးရက ဆောင်ရွက်နိုင်တာ မတွေ့ရကြောင်း ဘင်္ဂလားဒေ့ရှိ ဝန်ကြီးချုပ် Sheikh Hasina က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သူ့နိုင်ငံလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အပြည့်အ၀ ပြင်ဆင်ထားပြီး ဖြစ်ပေမဲ့လည်း အခုအချိန်အထိ နေရပ်ပြန်ရေး အစီအ စဉ်တွေ အကောင်အထည် မဖော်နိုင်သေးဘဲ ဖြစ်နေရကြောင်း ပြောဆိုခဲ့သလို၊တရုတ်၊ အိန္ဒိယနဲ့ ဂျပန်တို့လို အာရှနိုင်ငံတွေ ဝိုင်းဝန်းကူညီကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
မြန်မာအစိုးရက တဘက်နိုင်ငံကို ထွက်ပြေးသွားသူတွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာ လက်မခံပေမယ့် ဒီလူ တွေ ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး လုပ်ဆောင် နေ သလို ကုလသမဂအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။
သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲက တချို့ကို နေရပ်ပြန်ပို့ရေး နှစ်နိုင်ငံတာဝန်ရှိသူတွေ ဒုတိယအကြိမ်အဖြစ် သြဂုတ်လ ၂၂ ရက်နေ့က စီစဉ်ခဲ့ပေမဲ့ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် အပြန်အလှန် ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
Link : Here

No comments:
Post a Comment