ဧရာဝတီ
Muktadir Rashid
29 April 2025
ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံး အစ္စလမ်မစ်ပါတီဖြစ်သည့် ဂျမက်-အီ-အစ္စလမ်မီ က မြန်မာမှ ရခိုင်ပြည် နယ် တွင် လွတ်လပ်သော ရိုဟင်ဂျာပြည်နယ်ထူထောင်ရန် တရုတ်နိုင်ငံသို့ အဆိုပြုလိုက်သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ကိုယ်စားလှယ်အဖွဲ့တဖွဲ့နှင့် ဒါကာတွင် တနင်္ဂနွေနေ့က အစည်းအဝေးအတွင်း ထိုအဆိုပြုချက်ကို တင်ပြခြင်းဖြစ်သည်ဟု ဂျမက်က ထုတ်ပြန်သည့် ကြေညာချက်တစောင်အရ သိရသည်။
ဂျမက်က ပါတီချင်း အစည်းအဝေးဟု ဖေါ်ပြသည့် ထိုအစည်းအဝေးအပြီး တရုတ်နိုင်ငံရေးပါတီ ကိုယ် စားလှယ်အဖွဲ့ထံမှ မည်သည့်မှတ်ချက်မျှ မရပေ။
အဖွဲ့ဝင် ၃ ဦးပါ ထိုကိုယ်စားလှယ်အဖွဲ့ကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဌာန (IDCPC) မှ အရှေ့တောင်နှင့် တောင်အာရှရေးရာ ဗျူရိုညွန်ကြားရေးမှုးချုပ် ပန်လျှိုဘင်က ဦးဆောင်သည်။
ထိုကိုယ်စားလှယ်အဖွဲ့သည် အခြား အဓိက နိုင်ငံရေးပါတီများ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဌာန အရာရှိများနှင့်လည်း တွေ့ဆုံခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ကို နာရက်-အီ-အေမာ ဆိုင်ယက် အဗ္ဗဒူလာ မိုဟာမက် တဟာ ဦး ဆောင်သည်။
ဘင်္ဂလားဒေ့ရှ်တွင် လက်ရှိနေထိုင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည် ၁.၁ သန်းမှ ၁.၂ သန်းခန့်သည် လူမဆန်သော အခြေအနေများကို ရင်ဆိုင်နေရပြီး လူသားချင်းစာနာမှုအကူအညီ ပေးခြင်းသက်သက်က ရေရှည်အတွက် အဖြေမဟုတ်ကြောင်း အစည်းအဝေးအပြီးတွင် တဟာက သတင်းထောက်များကို ပြောသည်။
“သူတို့တွေကို ပြန်ပို့ဖို့နဲ့ ပြန်လည်ထူထောင်ဖို့ ရိုဟင်ဂျာ အများစုဒေသမှာ လွတ်လပ်သော အရက္ခ ပြည် ထူထောင်ဖို့ ကျနော်တို့အဆိုပြုတယ်” ဟု တဟာပြောသည်။
ဘေ့ဂျင်းသည် မြန်မာစစ်ကောင်စီနှင့် ရင်းနှီးသောကြောင့် တရုတ်၏ ထောက်ခံမှုကို ဂျမက်ပါတီက တောင်းဆိုခြင်းဖြစ်ကြောင်း သူပြောသည်။ CPC ကိုယ်စားလှယ်များ ထိုအဆိုပြုချက်ကို တရုတ် အာ ဏာပိုင်များထံတင်ပြပေးမည်ဖြစ်ကြောင်း အာမခံသည်ဟု တဟာ ပြောသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး မြန်မာစစ်ကောင်စီသည် ရခိုင်ပြည်နယ်အများစုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အာရက္ခတပ်တော် AA ထံသို့ ဆုံးရှုံးခဲ့သည်။ AA သည် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် ၁၄ ခုနှင့် အိမ်နီးချင်း ချင်း ပြည်နယ်မှ ပလက်ဝကို သိမ်းပိုက်ထားသည်။
“ဒီအဆိုပြုချက်ဟာ မြန်မာရဲ့နက်ရှိုင်းစွာ ရှုပ်ထွေးတဲ့ နိုင်ငံရေးနဲ့ တိုင်းရင်းသား ပကတိအခြေအနေကို နားလည်မှု လွှဲမှားနေကြောင်း ထင်ဟပ်ရုံသာမက ရေရှည်တည်တံ့တဲ့ နိုင်ငံရေးအဖြေတွေကိုဘယ် လိုတည်ဆောက်မယ်ဆိုတဲ့အပေါ် အန္တရာယ်များတဲ့ ရိုးအတဲ့အမြင်ကိုလည်း ဖေါ်ပြတယ်” ဟု ဗြိတိန်အခြေစိုက် သုတေသီနှင့် ဒေသတွင်း ပဋိပက္ခသုတေသီ အက်ရှ်ဖက် ရော်နီ က ဧရာဝတီသို့ ပြောသည်။
“ရိုဟင်ဂျာနဲ့ ရခိုင်လူမှုအသိုက်အဝန်းတွေ ၂ ဘက်လုံးက ရခိုင်ပြည်နယ်နေတာ ရာစုနှစ်ချီကြာနေပြီး အများအားဖြင့် ရှုပ်ထွေးပြီး အပြန်အလှန် ဆက်စပ်တဲ့ နည်းလမ်းနဲ့နေကြတာ။ ရေရှည်တည်တံ့ပြီး တရားမျှတတဲ့ မည်သည့်ဖြေရှင်းမှုမဆိုဟာ အဲဒီဒေသတွင်းက လူမှုအသိုက်အဝန်းအားလုံးရဲ့ အခွင် အရေးတွေ၊ အမျိုးသားလက္ခဏာတွေနဲ့ ရည်မှန်းချက်တွေကို အသိအမှတ်ပြုရမယ်” ဟု သူပြောပြီး “တဖွဲ့နဲ့ တဖွဲ့ ဖယ်ထုတ်ချန်လှပ်တဲ့ အနာဂတ်တခုကို တည်ဆောက်ဖို့ကြိုးစားမှုဟာ ဒီသမိုင်း ပကတိအခြေအနေတွေကို ဂရုမစိုက်ဘဲ မတည်ငြိမ်မှုကိုဖြစ်စေမယ့် ချိုးနှိမ်ဆက်ဆံမှုတွေ ထပ်မံဖြစ်စေမယ့် အန္တရာယ်ရှိတယ်” ဟု သူပြောသည်။
“လူမျိုးစုအရ သီးခြားဖြစ်တဲ့ ပြည်နယ်အဆိုပြုခြင်းဟာ မြန်မာရဲ့ရှုပ်ထွေးတဲ့ နိုင်ငံရေးရှုခင်းရဲ့ ကျယ် ပြန့်တဲ့အခြေအနေကို လျစ်လျူရှုရာရောက်တယ်။ မြန်မာ့နိုင်ငံရေးရှုခင်းမှာ လူမျိုးစု ကွဲပြားစုံလင်မှုဟာ ပိုင်နက်နဲ့ အုပ်ချုပ်ရေးစနစ်တွေနဲ့ နက်ရှိုင်းစွာ ယက်လုပ်ထားတယ်” ဟုလည်း သူပြောသည်။
ထိုသို့ ပေါ့ပျက်စွာ စဉ်းစားခြင်းသည် ရိုဟင်ဂျာအရေးကို ထိခိုက်စေပြီး နိုင်ငံရေးအရ အကျုံးဝင်မှုအတွက် လေးနက်သော အားထုတ်မှုများကို လမ်းလွဲစေသလို အသိရှိရှိ အလေးအနက်ထိတွေ့ဆက် ဆံမှု အလိုအပ်ဆုံးအချိန်တွင် အများပြည်သူထင်မြင်ချက်ကို မှားယွင်းစေသည်ဟု သူပြောသည်။
“တရုတ်အပါအဝင် နိုင်ငံတကာရဲ့အခန်းကဏ္ဍက ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအဖြေ အဆင်ပြေ ချောမွေ့အောင် လုပ်ပေးရာမှာ အရေးပါပေမယ့် ရေရှည်တည်တံ့တဲ့ ရလဒ်တွေက ဒေသ ပကတိအခြေအနေမှာ အခြေခံရမှာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ ကင်းကွာတဲ့ ပြင်ပပြဋ္ဌာန်းချက်တွေ မဟုတ်ရဘူး” ဟုလည်း သူပြောသည်။
၂၀၁၇ ခုနှစ် သြဂုတ်လတွင် ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကြပြီး ယခင်က ထွက်ပြေးသွားသူ သိန်းပေါင်းများစွာနှင့် ပူးပေါင်းကြသည်။
ထိုသို့ အလုံးအရင်း ထွက်ပြေးသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားတွင် ကမ္ဘာ့အကြီးမားဆုံး ဒုက္ခသည်စခန်း ပေါ်ပေါက်စေသည်။
(ဒါကာရှိ ဧရာဝတီသတင်းထောက် Muktadir Rashid ၏ Bangladeshi Islamist Party Proposes Independent Rohingya State in Myanmar’s Rakhine ကို ဘာသာပြန်သည်။)
You may also like these stories:

- ARSA အဖွဲ့ခေါင်းဆောင်အပါ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ရိုဟင်ဂျာအရေးမှာ မြန်မာစစ်တပ်က ပြဿနာအရင်းအမြစ် ဖြစ်တယ် (ရုပ်/သံ)
- ရှင်သန်ရေးအတွက် ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာစစ်တပ်ထဲ ဝင်တိုက်နေ
- AA ၏ “အားလုံးအကျုံးဝင် အုပ်ချုပ်ရေး” အစီအစဉ် ရိုဟင်ဂျာများအကြား သဘောထား ကွဲလွဲနေ
- ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း အကြမ်းဖက်မှုများကို မေ့မထားရန် လိုအပ်နေ
- ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ
No comments:
Post a Comment