ဗွီအိုအေ (မြန်မာဌာန)
17 မေ၊ 2019
ကောင်းစံဟိန်း
သတင်းဓါတ်ပုံ - Nang Phyu Phyu Linn
ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ္မဒန် ဥပုဒ် ကာလအတွင်း တရားဝင်သတ် မှတ်ထားတဲ့ ဝတ်ပြုဆုတောင်းတဲ့ နေရာတခုကို လူအင်အား ၁၀၀ ကျော်လောက်က မေလ ၁၅ရက်က ဝင်ရောက်တားဆီးခဲ့တဲ့အတွက် ယာယီ ဝတ်ပြုမိန့် ပိတ်ထားရာကနေ ဒီကနေ့ မနက်ပိုင်းကစပီး ဝတ်ပြု ခွင့်ပြုလိုက်ပါပီ။ အာရှအလင်းရောင်ဆရာတော်အပါအဝင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးနဲ့ ငြိမ်းချမ်းရေး လိုလားသူတွေက အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုရာနေရာတွေကို သွားရောက်အားပေးပြီး အမုန်းတရား ကင်းစင်ရေး အဖြူရောင်လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်း ကပြောပြပေးမှာပါ။
ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ ရပ်ကွက်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရခွင့်ပြုထားတဲ့ အစ္စလာမ်ဘာသာဝင် တွေရဲ့ ဝတ်ပြုဆုတောင်းရာနေရာကို ရဟန်းတချို့နဲ့ လူအယောက် ၁၀၀ ကျော်လောက်က မေလ ၁၅ရက် ညပိုင်းမှာ အကြမ်းဖက်အင်အားသုံး ပိတ်ပင်တားဆီးခဲ့တာကြောင့် မြို့နယ်အာဏာပိုင်တွေက ဒီဝတ်ပြုတဲ့ နေရာကို ယာယီပိတ်ထားခဲ့ရပါတယ်။ ဒီကနေ့မနက်ပိုင်းကစပီး ၃နေရာလုံးမှာ ဝတ်ပြုမိန့် ခွင့်ပြုလိုက်ပြီလို့ ဘာသာပေါင်းစုံ ငြိမ်း ချမ်းမေတ္တာ အဖွဲ့မှ အစ္စလာမ် ကိုယ်စားလှယ် ဦးအေးလွင်က အခုလို ပြောပါတယ်။
"ဗလီတစ်လုံးဆိုရင် ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ခွင့်ပေးပါတယ်။ ဒီနေ့ သောကြာနေ့အထူး ဝတ်ပြုဖို့ရှိ တာပေါ့နော် အဲ့တော့ ကျနော်တို့ သတင်းရချက်အရ ၃ နေရာစလုံးအထူးဝတ်ပြုဖို့ ရသွားပါပီ။"လူအုပ်စုနဲ့ အင်အားသုံး ပိတ်ပင်ခဲ့တဲ့ တောင်ဒဂုံမြို့နယ်က အစ္စလမ် ယာယီဝတ်ပြုဆောင်များကို မနေ့ညက အာရှ အလင်းရောင်ဆရာ တော် ကြွရောက်အားပေးကာ ငြိမ်းချမ်းရေးစကားများ ပြောဆိုပြီး ငြိမ်းချမ်းရေး နှင်းဆီ ဖြူများ ဝေငှပေးခဲ့ပါတယ်။ ဆရာတော် အနေနဲ့ သွားရောက်အားပေးဖြစ်တဲ့ အကြောင်းနဲ့ ပက်သက်ပြီး အ ခုလို မိန့်ပါတယ်။
"ဘုန်းဘုန်းတတ်နိုင်သလောက် ဗုဒ္ဓဘာသာရဲ့ဂုဏ်သိက္ခာကို မြှင့်တင်တဲ့အနေနဲ့သော်လည်းကောင်းနောက် ပီးတော့ လူသားဆန်တဲ့ သဘောတရားကို ပြချင်တဲ့အနေနဲ့၊နောက်တစ်ခု သူတို့ကို ကိုယ်ချင်းစာတဲ့သဘော တရား ရှိနေတယ် ဆိုတာကိုလည်း သူတို့ကို သိစေချင်တဲ့ သဘောနဲ့ ဘုန်းဘုန်းတို့က သွားပီးတော့ အားပေး တာပါဗျ။"
ဆရာတေ်ာ အခုလို ဖြစ်ရပ်မျိုးတွေ ဆက်ရှိမလာစေဖို့ နိုင်ငံတေ်ာ အစိုးရတင်မက သံဃာ့နာယက ဆရာတေ်ာ ကြီးတွေကပါ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ဖို့လိုပြီး နိုင်ငံရေးအတွက် ဘာသာရေးကို ခုတုံးလုပ်ခြင်း ဟာ နိုင်ငံတကာမှာ အရှက်သိက္ခာမဲ့စေတယ်ဆိုပီး မိန့်ပါတယ်။
"ကိုယ့်ဘာကို နိုင်ငံရေး လုပ်မယ်ဆိုရင် အခြားနည်းလမ်းတွေနဲ့ လုပ်ခွင့်ရှိပါတယ်။ဒီ့ထက်ကောင်းမွန်တဲ့ နည်း တွေနဲ့ ကြိုးစားသွားကြပါလို့ နိုင်ငံရေးကို ဘာသာရေးလုပ်ခြင်းအားဖြင့် ကိုယ့်ဘာသာ ပုံရိပ်ဟာ ကမ္ဘာမှာအရုပ်ဆိုး အကျည်းတန် ဖြစ်နေပါပီဆိုတာလေးကို အဲ့ဒီပုဂ္ဂိုလ်တွေကို ဒီကနေအသိပေးချင် ပါ တယ်။"
ဒီကနေ့မှာလည်း ငြိမ်းချမ်းရေး လိုလားတဲ့ လူငယ်တွေက ရန်ကုန်မြို့ ဇဖါရှ်ရှား ဗလီမှာ အမုန်းတရား ရပ်တန့် ရေး လှုပ်ရှားမှုတရပ်အနေနဲ့ အဖြူရောင်နှင်းဆီပန်းတွေ ဝေမျှခဲ့ကြပါတယ်။
ဒဂုံမြို့သစ် တောင်ပိုင်း မှာ အစ္စလာမ်ဘာသာဝင် ၁၆,၀၀၀ ကျော်ရှိပြီး အခုနှစ် ရာမ္မဒန်ဥပုဒ်လအတွက်ဝတ်ပြု ဆုတောင်းဖို့နေရာ ၁၅နေရာ ခွင့်ပြုဖို့ အာဏာပိုင်တွေကို တောင်းခံခဲ့ရာမှာ ၃နေရာပဲ ရန်ကုန်တိုင်းအစိုးရ ခွင့်ပြူပေးထားတယ်လို့ အစ္စလာမ်အသိုင်းအဝိုင်းခေါင်းဆောင်တွေက ဗွီအိုအေကိုပြောပါတယ် ခင်ဗျား။

Link : Here
No comments:
Post a Comment