VOA
ဗွီအိုအေမြန်မာပိုင်း
20 ဇန္နဝါရီ၊ 2022
နိုင်ငံတကာတရားရုံး ICJ (ဓာတ်ပုံ - AFP)
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ICJ ကြားနာပွဲချေပခွင့် စစ်ကောင်စီနဲ့ NUG အပြိုင်တင်သွင်းထား
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ နယ်သာလန်နိုင်ငံ၊ The Hague မြို့အခြေစိုက် ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှု ဒုတိယအကြိမ် ကြားနာပွဲအတွက် စစ်ကောင်စီ ဘက်က ဝန်ကြီးတဦး ဦးဆောင်ပြီး မြန်မာနိုင်ငံကိုယ်စား ဦးဆောင် ဖြေရှင်းဖို့စီစဉ်နေကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။“ကျနော်တို့ပြင်ဆင်ပြီးပါပြီ။ ဝန်ကြီးတဦး ဦးစီးပြီးတော့၊ ရှေ့နေချုပ်တဦးလည်း ပါပါမယ်။ သွားဖို့အတွက် ပြင်ဆင်ပြီးဖြစ်ပါတယ်။ တခုရှိတာကတော့ ကျနော်တို့Virtual နဲ့ပဲ လျှောက်လှဲချက်ပေးဖြစ်မလား၊ ကိုယ် တိုင် သွားပြီးတော့ လျှောက်လှဲချက်ပေးဖြစ်မလား၊ ဆိုတာကိုတော့ ကျနော်တို့ဆောင်ရွက်နေဆဲဖြစ်ပါ တယ် ခင်ဗျ။ ကျနော်တို့တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိနဲ့ဖြေရှင်းမှာတော့ဖြစ်ပါတယ်။ လျှောက်လဲချက်ပေးမှာဖြစ်ပါ တယ်။”
ICJ မှာ မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့အမှုကို ရင်ဆိုင်ဖို့အတွက် ဦးဆောင်ကော်မတီတရပ်ကို မြန်မာစစ် ကောင်စီက မနှစ် ဇွန်လ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့တာမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပြီး စစ်ကောင်စီလက်အောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကို လှိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ကို ဒုတိယဥက္ကဋ္ဌတွေအဖြစ် တာဝန်ပေးထားပါတယ်။
အခု ဒုတိယအကြိမ် ကြားနာပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ လုပ်မယ်လို့ ICJ က ထုတ်ပြန်ထားပါတယ်။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စား ဦးဆောင် ဖြေရှင်းဖို့ ICJ တရားရုံးကို စာရေး အကြောင်းကြားထားပြီးဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က DVB သတင်းဌာနကို ဒီကနေ့ ပြောကြားခဲ့ပါတယ်။
ICJ မှာ မြန်မာ့အရေးကို အရင်တခေါက် ကြားနာ စစ်ဆေးစဉ်တုန်းက မြန်မာနိုင်ငံကိုယ်စား တက်ရောက် ဖြေ ကြားခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်ရင် Alternate Agentကိုယ်စား ပြုနိုင်တဲ့ နောက်ထပ် ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အဆိုပြုထားပြီးဖြစ် တယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။
ဒါ့အပြင် လက်ရှိ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုနေတဲ့ ကိုယ်စားလှယ်ဟာ ဦးကျော်မိုးထွန်း တဦး သာရှိတဲ့အတွက် အရင် Alternate Agent အဖြစ် အဆိုပြုထားတာနဲ့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စား လှယ်အဖြစ် ဦးကျော်မိုးထွန်း တဦးထဲရှိတဲ့ကိစ္စကိုပါ ထည့်သွင်းစဉ်းစားပေးဖို့ ICJ ကိုအကြောင်းကြား ထားတယ်လို့ ဒေါ်ဇင်မာအောင်က ပြောကြားခဲ့ပါတယ်။
NUG ရော၊ စစ်ကောင်စီဘက်ကပါ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ICJ တရားရုံးမှာ ဖြေရှင်းကြဖို့ အကြောင်း ကြား ထားတာကြောင့် ICJ ဘက်က ဘယ်သူ့ကိုလက်ခံပြီး ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာကိုတော့ မသိရေ သးပါဘူး။
၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ် ရှင်းလင်းရေးစစ်ဆင်မှုအတွင်း ရိုဟင်ဂျာမွတ်ဆလင်တွေကို စစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲထားတာပါ။ အဲဒီစွပ် စွဲချက်အတွက် ပထမဆုံး ကြားနာပွဲ ကို ၂၀၁၉ ခုနှစ်ကလုပ်ခဲ့ပြီး အဲဒီအချိန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ချေပခဲ့တာပါ။
ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာစမယ့် ကြားနာပွဲကို လူကိုယ်တိုင်တက်ရောက်တာနဲ့ အွန်လိုင်းက တက်ရောက်တာ နှစ်မျိုးရော လုပ်သွားမယ်လို့ ICJ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အများပြည်သူ နားထောင်နိုင်တဲ့ ကြားနာပွဲဖြစ်ပြီး ICJ ရဲ့ အင်တာနက်စာမျက်နှာနဲ့ ကုလသမဂ္ဂရဲ့ အွန်လိုင်း ရုပ်သလွှင့် စာမျက်နှာ UN Web TV တို့မှာ တိုက်ရိုက် နားဆင် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ နယ်သာလန် ဒေသစံတော်ချိန် နေ့လည် ၁ နာရီခွဲကနေ ၄ နာရီခွဲအထိ မြန်မာဘက် က ပထမအကျော့ တင်ပြမှာဖြစ်ပြီး ၂၃ ရက်နေ့ နေ့လည် ၁ နာရီခွဲကနေ ၄ နာရီခွဲအထိ ဂမ်ဘီယာဘက်က ပထမ အကျော့ တင်ပြပါမယ်။ ၂၅ ရက်နေ့ နေ့လည် ၃ နာရီကနေ ၄ နာရီခွဲအထိ မြန်မာဘက်က ဒုတိယအကျော့တင်ပြမှာဖြစ်ပြီး ၂၈ ရက်နေ့ နေ့လည် ၃ နာရီကနေ ၄ နာရီခွဲအထိ ဂမ်ဘီယာဘက်က ဒုတိယအကျော့ တင်ပြမှာဖြစ်ပါတယ်။
Link : Here

No comments:
Post a Comment