VOA
ဗွီအိုအေ (မြန်မာပိုင်း)
16 ဇူလိုင်၊ 2020
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo
လူမျိုးတုံးသတ်ဖြတ်မှုလို့ပြောလိုက်လို့ ဝေါဟာရသတ်မှတ်ရာ ရောက်သွားရုံတင် မဟုတ်ဘဲ တာဝန်ရှိသူတွေ တာဝန်ခံနိုင်ရေး ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ပိုပြီးအားဖြည့်ပေးလိုက်ရာရောက်တဲ့ အရေးကြီး တဲ့ ခြေလှမ်းဖြစ်တယ်လို့ Refugees International အဖွဲ့ရဲ့လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းစည်းရုံး လှုပ် ရှား သူ Daniel Sullivan က ကြေညာချက်ထဲမှာ ပြောထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်ကယ်ဆယ်တဲ့ အင်ဒိုနီးရှားကို ကန် ချီးကျူး
အရေးယူဆောင်ရွက်မှုတွေ မလုပ်ရင် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် မျှော်လင့်ချက် မရှိသ လောက်ဖြစ်ပြီး မြန်မာနိုင်ငံထဲမှာ ရှိနေသူတွေ အ တွက် လည်း လူမျိုးတုံး သတ်ဖြတ်ခံရဖို့ အန္တရာယ် ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
Refugees International ရဲ့ Website ပေါ်မှာ ပါဝင်လက်မှတ်ထိုးနိုင်တဲ့ ပန်ကြားလွှာထဲမှာ အမေရိကန် ပြည် ထောင်စုရဲ့ ဦးဆောင်မှုဟာ အရေးကြီးပြီး ကျင့်ဝတ်သိက္ခာပိုင်းကနေ ဦးဆောင်မှုရှိတယ်၊ လူမျိုးတုံး သတ် ဖြတ် မှုအပေါ် ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေကို အားပေးတယ်ဆိုတာ ပြသဖို့ တောင်းဆိုပါ တယ်လို့ ရေးသားထားပါတယ်။
စုပေါင်းလက်မှတ်ထိုးထားတဲ့ ဒီပန်ကြားလွှာကို သြဂုတ်လ ၂၅ ရက်နေ့ကျရင် Refugees International က နိုင်ငံခြားရေးဝန်ကြီး Pompeo ဆီကိုပေးပို့မှာဖြစ်ပါတယ်။
ပန်ကြားလွှာမှာ ပါဝင်လက်မှတ်ထိုးထားကြတဲ့ အဖွဲ့တွေထဲမှာ Fortify Rights, Robert F. Kennedy Human Rights, HIAS, Christian Solidarity Worldwide တို့အပြင် လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ အဖွဲ့ အများ အပြားနဲ့ လက်မှတ်ပေါင်း ထောင်ချီရရှိထားတယ်လို့ Refugees International အဖွဲ့ကပြောထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်မခံတဲ့ မြန်မာအစိုးရကတော့ လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲ မှုတွေကို ပြင်းပြင်းထန်ထန် ပယ်ချထားပါတယ်။
လင့်၊https://burmese.voanews.com/a/rohingya-refugees-international-pompeo/5505357.html
No comments:
Post a Comment