Thursday, July 16, 2020

ဘူးသီးတောင်မြို့နေ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်မှုအားနည်းနေ

DVB
16 July 2020
ကိုဗစ်-၁၉ လူနာ ၄ ဦးအထိတွေ့ရှိထားတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နေ ပြည်သူတွေအနေနဲ့ ကို ဗစ်-၁၉ ရောဂါကာကွယ်ရေးနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနမှ ထုတ်ပြန်ချက်တွေကို လိုက်နာမှု အားနည်း နေတယ်လို့ ဘူးသီးတောင်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက ပြောပါတယ်။

“လက်ရှိမှာ ဘူးသီးတောင်မြို့နယ်အနေနဲ့ ကိုဗစ်ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ် ငန်းတွေကို CSO တွေ INGO တွေနဲ့လက်တွဲပြီး စဉ်ဆက်မပြတ်လုပ်ဆောင် နေပါတယ်။ ဒါပေမဲ့ ပြည်သူ တွေ အနေနဲ့က တော့ လိုက်နာမှုအားနည်းနေတာ တွေ့နေရပါတယ်။ အစကတည်းက လက်ဆေးဖို့ အလေ့ အကျင့်မရှိကြဘူး။ Mask တပ်ဖို့ အလေ့အကျင့်မရှိဘူး။ ဒါတွေကို အသိပညာပြန့်ပွားအောင် လုပ်ဆောင်ဖို့ လို ပါတယ်။”လို့ ပြောကြားပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေး ပညာပေးမှုနဲ့ ဌာနဆိုင် ရာတွေရဲ့ လုပ်ဆောင်ချက်တချို့မှာလည်း အားနည်းချက်တွေ ရှိနေသေး တယ်လို့ ဒေသခံတွေကလည်း ဝေဖန်ပြောဆိုနေကြပါတယ်။

ဘူးသီးတောင်မြို့ ဈေးကြီးထဲမှာ ဆေးဆိုင်ရောင်းတဲ့ ကိုရှော်ဖိလ်က “စာတတ်တဲ့လူတွေက နားလည်ပါ တယ်။ ဖုန်းတွေ ဘာတွေကြည့်တတ်တဲ့သူတွေ facebook တွေ ကြည့်တတ်တဲ့သူတွေက နားလည်နိုင်ကြ တယ်။ တချို့လူတွေက စာမတတ်တဲ့လူတွေက ဘာမှ နားမလည်ကြပါဘူး။ အဓိက လိုအပ်နေတာက နယ် ကကျေးရွာတွေကို INGO အဖွဲ့အစည်းတွေ အနေနဲ့ကွင်းဆင်းပြီး ကိုဗစ်ရောဂါဆိုတာ ဘယ်လို ဘယ်လို ကာကွယ်ရမယ်ဆိုတာ လူတွေ နား လည်အောင် ဗီဒီယိုတွေနဲ့ ရှင်းပြပေးရမယ်။ မိမိတို့ ဘာသာစကားနဲ့ နား လည်အောင်ပြောပြ ရမယ်။ အခုက လော်စပီကာနဲ့ လိုက်အော်နေလို့ လူတွေ နားမလည်နိုင်ပါဘူး။ လက်ကို ဘယ်လိုဆေးရမယ်။ Mask ကို ဘယ်လိုအသုံးပြုမယ် စတာတွေ အသိပညာပေးဖို့ လိုအပ်နေတယ်” လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့မဈေးကြီးအတွင်း Mask မတပ်ရင် မဝင်ရလို့ စည်းကမ်းသတ်မှတ်ထားပေမဲ့ Mask မတပ် ဘဲ ဈေးရောင်းဝယ်ယူနေသူတွေ များစွာရှိနေပါတယ်။

ဘူးသီးတောင်မြို့က ဆန်ပွဲရုံမှာ လုပ်ကိုင်နေတဲ့ မဝေဝေအောင်က “ဒီကိုဗစ်ရောဂါက ကမ္ဘာ့ ကပ်ရောဂါဖြစ် နေတဲ့အတွက် ရောဂါကူးစက်မှုများလာမှကို အလွန် စိုးရိမ်မိတယ်။ ဒါကြောင့် အိမ်ထဲက အိမ်ပြင်တောင် မထွက်ရဲဘူး။ အလုပ်အကိုင်တွေတောင် မလုပ်ဝံ့ဘူး”လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားသူ ၄ ဦးအနက် ၂ ဦးမှာ မောင်တော ပြည်သူဆေးရုံကြီး မှာ ဆေးကုသမှုခံယူနေကြပြီး ဘူးသီးတောင်ပြည်သူဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ လူနာအမှတ် ၂၅ဝ၊ ၂၆၂ တို့မှာ Negative ၂ ကြိမ် တွေ့ထားပြီး ဆေးရုံမှ ဆင်းခွင့် ရရှိထားပေမယ့် ဆေးရုံမှာ စောင့်ကြည့်လူနာ အဖြစ် ဆက်လက်ထားရှိတယ်လို့ ဘူးသီးတောင်ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ သံတွဲမှာ ၁ ဦး ၊ တောင်ကုတ် ၁ ဦး၊ စစ်တွေ ၁ ဦး၊ ဘူးသီးတောင် ၄ ဦး ၊ မောင်တော ၇ ဦး စုစုပေါင်း ၁၄ ဦးရှိခဲ့ပါတယ်။

ဆေးရုံဆင်းခွင့်ရတဲ့ လူတွေကတော့ သံတွဲဆေးရုံမှ လူနာအမှတ် ၁၈၈၊ တောင်ကုတ်ဆေးရုံမှ လူနာအမှတ် ၁၉ဝ၊ မောင်တောဆေးရုံမှ လူနာအမှတ် ၂၃၄၊ ၂၄၄၊ ၂၄၇ ၊ ဘူးသီးတောင် ဆေးရုံမှ လူနာအမှတ် ၂၅ဝ၊ ၂၆၂ နဲ့ စစ်တွေဆေးရုံမှ လူနာအမှတ် ၂၉၂ စုစုပေါင်း ၈ ဦးရှိပြီး မောင်တောခရိုင်ပြည်သူဆေးရုံမှာ ၆ ဦး ကျန်ရှိနေပါသေးတယ်။

သတင်း – လင်းလက်

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */