MCN TV NEWS
၀၃ ဇန္နဝါရီ ၂၀၂၀
မြန်မာနဲ့ ရေနယ်နိမိတ် ထိစပ်နေတဲ့ စိန့် မာတင်ကျွန်းအနီးမှာ လုံခြုံရေး မြှင့်တင်နိုင်ဖို့အတွက် ခေတ်မီ လက် နက်ပစ္စည်းတွေ ဝယ်ယူဖို့ စီစဉ်နေကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဇန်နဝါရီလ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ နယ်ခြားစောင့်တပ် ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ နယ်ခြားစောင့်တပ် အထွေထွေ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် မက်ဒ် ရှဖီနူလ် အစ္စလမ်က ပြောသွားတာပါ။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဟာ အမြန်ရေယာဉ် နှစ်စီးလည်း ထပ်မံဝယ်ယူမှာဖြစ်ပြီး မြန်မာ-ဘင်္ဂလား ဒေ့ရှ် နယ်စပ်ရှိ နတ်မြစ်၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ပတ်ဒမာတို့မှာ လုံခြုံရေး တိုးမြှင့်ဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။ မကြာသေးမီက မလေးရှားကို သွားဖို့ လူပွဲစားတွေ ခေါ်လာတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေကို စိန့်မာတင်ကျွန်းအနီး မြန်မာ့ရေပိုင်နက်မှာ ဖမ်းမိခဲ့ပါတယ်။
လင့်၊https://www.mcntv.biz/news/local-news/03/01/2020/143106/
No comments:
Post a Comment