" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, January 3, 2020

တရုတ်သမ္မတ နေပြည်တော်သို့ ယခုလအတွင်းလာရောက် မည်ဟု သတင်းထွက်ပေါ်

7DAY DAILY
ထက်အာကာကျော် 
Thursday, January 2, 2020
၂၀၁၉ ဧပြီလက ဒေါ်အောင်ဆန်းစုကြည်နှင့်တရုတ်သမ္မတစီကျင်းပင်တို့ ဘေဂျင်းမြို့၌ တွေ့ဆုံနေစဉ် (ဓာတ်ပုံ−အေအက်ဖ်ပီ)
 
တရုတ်သမ္မတစီကျင်း ပင်သည် မြန်မာနိုင်ငံသို့ ယခု ဇန်နဝါရီအတွင်းလာရောက်မည် ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူအချို့ က ပြောသည်။

မြန်မာ-တရုတ် သံတမန် ဆက်ဆံရေး နှစ်(၇၀)ပြည့်သည့် ၂၀၂၀ နှစ်ဆန်းတွင်  တရုတ် သမ္မတ လာရောက် မည်ဟု သ တင်းထွက်ပေါ်နေခြင်းဖြစ်ပြီး နိုင် ငံခြားရေးဝန်ကြီးဌာနက  အတည် ပြုခြင်းမရှိဘဲ  မှတ်ချက် မပေး လို ဟု တုံ့ပြန်သည်။ သို့သော် အစိုးရ အဖွဲ့နှင့်နီးစပ်သူအချို့က သမ္မတ စီကျင်းပင်သည် ဇန်နဝါရီ ဒုတိယပတ်သို့မဟုတ်  တတိယပတ်အ တွင်းလာရောက်မည်ဟု ပြော သည်။

‘‘ဒီလိုအခြေအနေမျိုးမှာ မြန် မာကိုလာတယ်။ လက်ရှိအခင်းအ ကျင်း၊ စိန်ခေါ်မှုတွေကြားမှာ တ ရုတ်နိုင်ငံရဲ့ ခေါင်းဆောင်က  နွေးနွေးထွေးထွေး လာရောက် တယ်ဆိုတော့ ကောင်းတာပေါ့’’ ဟု နေပြည်တော်သတင်း ရင်း မြစ်တစ်ဦးက ပြောသည်။

သို့သော် ရန်ကုန်အခြေစိုက် တရုတ်သံရုံးမှ တာဝန်ရှိသူတစ် ဦးထံ အဆိုပါခရီးစဉ်အကြောင်း  ဆက်သွယ်မေးမြန်း ရာ  တရုတ် သမ္မတလာရောက်မည့်ခရီးစဉ်ကို မသိရှိကြောင်းနှင့် သတင်းအမှား သာဖြစ်ကြောင်းဖြေ ကြား သည်။

တရုတ်သမ္မတသည် မြန်မာ နိုင်ငံသို့  နှစ်ရက်ကြာလာရောက် ဖွယ်ရှိနေပြီး နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အကူ အညီပေးရေးကိစ္စရပ်များ ဆွေး နွေးဖွယ်ရှိကြောင်း အစိုးရအဖွဲ့ နှင့် နီးစပ်သူအချို့က ခန့်မှန်း သည်။

တရုတ်သမ္မတသည် ပြီးခဲ့ သည့် ၂၀၁၉ နှစ်ဆန်းတွင် မြန်မာ နိုင်ငံသို့လာရောက်ရန် စီစဉ်ဖူး သော်လည်း ထိုစဉ်က ပျက်ပြယ် ခဲ့၍ ယခုခရီးစဉ်ဖြစ်မြောက်ပါက  ၂၀၀၉ နောက်ပိုင်း စီကျင်းပင်က နေပြည်တော်သို့ ပထမဆုံးလာ ရောက်ခြင်း ဖြစ်မည်ဖြစ်သည်။ ၂၀၀၉ တွင် စီကျင်းပင်က တရုတ် နိုင်ငံ၏  ဒုတိယသမ္မတ အဖြစ် လာရောက်ဖူးကာ  ဧရာဝတီမြစ် ဆုံစီမံကိန်းအပါအဝင် သဘော တူညီချက်များလက်မှတ်ရေးထိုး ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉ ဒီဇင်ဘာ ဒုတိယပတ်တွင် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဝမ်ယီက မြန်မာ နိုင်ငံသို့ နှစ် ရက်ကြာလာရောက် ခဲ့ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်း စုကြည်တို့နှင့်သီးခြားစီတွေ့ဆုံကာ နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်ရေး ကိစ္စရပ် များ ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံမှုများတွင်  မြန်မာ-တရုတ် နှစ်နိုင်ငံချစ် ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှု ပိုမို တိုး မြှင့်ရေး၊ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံ ရေးကိုအခြေခံပြီး နှစ်နိုင် ငံဖွံ့ဖြိုးတိုးတက် ရေးကိစ္စများတွင် ပိုမို ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် ရေးတို့သာမက ၂၀၂ဝ ပြည့်နှစ် တွင် ကျရောက်မည့် နှစ်နိုင်ငံသံ တမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် တွင် ထိပ်တန်းပုဂ္ဂိုလ်များ၏ခရီး စဉ်များ  အပြန် အလှန်လည်ပတ်ရေးအတွက် ထည့်သွင်းဆွေးနွေးခဲ့  သည်။ လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည် သည် ၂၀၁၈ မှလွဲ၍ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၉ ခုနှစ်များ၌ ဘေ ဂျင်း သို့ သွားရောက်ခဲ့သည်။ သမ္မတဦးဝင်းမြင့်က  သွားရောက် ခြင်းမရှိသေးသော်လည်း သမ္မတ ဟောင်း ဦးထင် ကျော်က ၂၀၁၇ တွင် ဘေဂျင်းသို့သွားရောက်ခဲ့ သည်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */