" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 20, 2019

နေရပ်စွ့န်ခွာသူတွေလုံခြုံစိတ်ချစွာ ပြန်လာနိုင်ဖို့ MoU ရေးထိုးနိုင်ရေး ဆောင်ရွက်

MCN TV News
20 December, 2019

နေရပ်စွန့်ခွာသူတွေ လုံခြုံစိတ်ချစှာ ပြန်လာနိုင်ဖို့ MoU ရေးထိုးနိုင်ရေး ဆောင်ရွက် 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက နေရပ်စွန့်ခွာသွားသူတွေ လုံခြုံစိတ်ချစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP), ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး (UNHCR) တို့နဲ့ ဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး ဆောင်ရွက်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

မနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး မစ္စတာ အိုလာ အလမ်ဂရင်းနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့်ရှ်ကနေ မိမိသဘောဆန္ဒအရ ပြန်လည် ဝင်ရောက်လာသူ ၄၀၀ ကျော်အတွက် နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေကြောင်း ဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မိမိသဘောဆန္ဒအရ ပြန်လည်ဝင်ရောက်လာသူ ၄၀၀ ကျော်ကို စနစ်တကျ နေရာချထားပေးနိုင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေမှု၊ ပြည်တွင်း နေရပ်စွန့်ခွာသူ IDP စခန်းတွေမှာ Mobile Team တွေနဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွ ဆောင်ရွက်ပေးနေတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံရှိ IDP စခန်းတွေကို ဦးစားပေးအလိုက် ပိတ်သိမ်းနိုင်ရေး လုပ်ငန်းစဉ်တွေမှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီပေးနိုင်ရေး အစီအစဉ်တွေ အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (ILO)၊ ပြောင်းရွှေ့နေထိုင်မှုများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (IOM) တို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */