" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အင်ဒိုနီးရှား. Show all posts
Showing posts with label အင်ဒိုနီးရှား. Show all posts

Monday, January 9, 2023

ရိုဟင်ဂျာဒုက္ခသည် ၂ဝဝ နီးပါး လိုက်ပါတဲ့လှေ အင်ဒိုနီးရှား မှာ ဆိုက်ကပ်

RFA
RFA Burmese
2023.01.08

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ဆိုက်ရောက်လာသည့် လှေပေါ်တွင် လိုက်ပါလာကြသော ရိုဟင်ဂျာဒုက္ခသည်များ။ Reuter

အမျိုးသမီးနဲ့ကလေးအများစုပါတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂ဝဝ နီးပါးကို တင်ဆောင်လာတဲ့ သစ်သားလှေတစ်စင်း အင်ဒိုနီးရှားအနောက်ဘက်ကမ်းကို မနေ့က ဆိုက်ကပ်လာတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Tuesday, December 27, 2022

အင်ဒိုနီးရှားရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့ ကုလ တိုက်တွန်း

RFA
လွတ်လပ်တဲ့အာရှအသံ
2021-12-27

၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ထပ်မံရောက်ရှိလာကြသော ရိုဟင်ဂျာဒုက္ခသည်များ။Reuters 


ပင်လယ်ပြင်မှာ သီတင်းပတ်အတော်ကြာ မျောနေပြီးနောက် အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိသွားတဲ့ ရိုဟင်ဂျာဒုက္ခ သည် ၅ဝဝ နီးပါးရှိပြီး သူတို့ကို လိုအပ်တဲ့အကူအညီတွေပေးကြဖို့ ဒေသတွင်းနိုင်ငံတွေကို ကုလသမဂ္ဂက တိုက် တွန်းလိုက်ပါတယ်။

ဒုက္ခသည် ၅ဝဝ နီးပါးဟာ ပြီးခဲ့တဲ့သီတင်းခြောက်ပတ်အတွင်း အင်ဒိုနီးရှားကို ရောက်သွားကြတဲ့ အရေအတွက် ဖြစ်ပါတယ်။ မျောပါနေစဉ်အတွင်း အကူအညီတောင်းခံခဲ့ပေမယ့် အကူအညီမရရှိခဲ့ဘူးလို့ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။

Monday, December 26, 2022

လှေစီးပြေး ရိုဟင်ဂျာ ၅၈ဦး အင်ဒိုကယ်ဆယ်

VOA
ဗွီအိုအေမြန်မာပိုင်း
2022-12-26
MYANMAR-ROHINGYA/INDONESIA

အင်ဒိုနီးရှားနိုင်ငံ မြောက်ဖက်စွန်း အာချေးပြည်နယ်ထဲက ကမ်းခြေတခုမှာ အစာရေစာပြတ်လပ်ပြီးအားနည်းနေ တဲ့ ရိုဟင်ဂျာဆယ်ဂဏန်းလောက်ကို တနင်းနွေနေ့က တွေ့ရှိခဲ့တယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ပြောပါ တယ်။ သူတို့ဟာ ပင်လယ်ထဲ ရက်သတင်းပတ်အတန်ကြာခဲ့ပြီးနောက်၊ အာချေးကမ်းခြေကိုရောက်လာ တာလို့ ဆိုပါတယ်။ အမျိုးသား ၅၈ဦးပါ ဒီအစုဟာ အာချေးပြည်နယ် Ladong တံငါရွာက Indrapatra ကမ်းခြေကို တ နင်း နွေနေ့အစောပိုင်းက ရောက်ရှိလာကြတာလို့ ဒေသရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ သူတို့ထဲက သုံး ဦးက အခြေအနေအတော်ဆိုးနေပြီး၊ အများစုကတော့ ရေဓါတ်ခမ်းခြောက်တဲ့ဝေဒနာခံစားနေရတယ်လို့ ဆရာ ဝန်တဦးက အေပီသတင်းဌာနကို ပြောပါတယ်။

ရိုဟင်ဂျာလှေတစ်စီးကို အင်ဒိုနီးရှားကယ်ဆယ်

B B C 

ဘီဘီစီမြန်မာပိုင်း
2022-12-26

  ကယ်ဆယ်ထားတဲ့လှေကို ကြည့်နေတဲ့ဒေသခံတွေ

အင်ဒိုအစိုးရက အကူအညီပေးပြီးနောက် အရပ်ဘက်အဖွဲ့အစည်းတွေကလက်ခံစောင့်ရှောက်ထား

အစာရေစာပြတ်လပ်ပြီးအားနည်းနေတဲ့ ရိုဟင်ဂျာ ၅၈ယောက်ပါတဲ့ လှေအငယ်စားတစ်စီးဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးဘီဆာခရိုင်က အင်ဒရာပတ်ထရာ ကမ်းခြေကို မနေ့ ဒီဇင်ဘာ ၂၅ရက်က ကမ်းကပ်လာလို့ ဒေသခံရွာ သားတွေက ကယ်ဆယ်ခဲ့ကြပါတယ်။

Monday, December 5, 2022

ကပ္ပလီပင်လယ်ပြင်ကို စွန့်စားဖြတ်ကူးသူ ပိုမိုများပြားလာဟု UNHCR သတိပေး

DVB
5 December 2022

Photo-UN

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ ကပ္ပလီပင်လယ်ပြင်ကို စစ်လှေတွေနဲ့ စွန့်စားဖြတ်ကူးမှုတွေ ပိုမိုများ ပြားလာကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ဒီဇင်ဘာ ၂ ရက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။

အရှေ့တောင်အာရှ ရေလမ်းခရီးဟာ ကမ္ဘာ့အဆိုးရွားဆုံးရေလမ်းကြောင်းတစ်ခုဖြစ်ပြီး အခုနှစ် ဇန်နဝါရီလ နောက် ပိုင်းမှာ ကပ္ပလီပင်လယ်ပြင်ကို စက်လှေတွေနဲ့ ဖြတ်ကူးခဲ့သူပေါင်း ၁၉၀၀ ကျော်ရှိခဲ့ပြီလို့ အဲဒီ ထုတ်ပြန် ချက် ကဆိုပါတယ်။ ဒါဟာ ၂၀၂၀ ပြည့်နှစ်က ဖြတ်ကူးမှုတွေနဲ့ယှဉ်ရင် ၆ ဆ ပိုများတဲ့အရေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

Saturday, November 19, 2022

ရိုဟင်ဂျာ ၁၀၀ ကျော်ပါလှေတစီး အာချေးကို ထပ်ရောက်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၆ နိုဝင်ဘာ၊ ၂၀၂၂
ရိုဟင်ဂျာ ၁၀၀ ကျော်ပါတဲ့ နောက်ထပ်သစ်သားလှေတစီး အင်ဒိုနီးရှားနိုင်ငံ အာချေးကျွန်းက ကမ်းခြေတခုကို ဒီနေ့လည်း ထပ်ရောက်လာပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၁၁၀ ပါလာတဲ့ လှေတစီး၊ မြောက် အာချေးခရိုင်နားကို အင်္ဂါနေ့က ရောက်လာခဲ့ပြီးနောက် ဒီနေ့မှာလည်း ဒုက္ခသည် ၁၂၀ ပါတဲ့ လှေတစီး ထပ်ရောက်လာတာပါ။

ဒီနေ့ ဗုဒ္ဓဟူး မနက်ပိုင်းက အမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၃၆ ဦးနဲ့ ကလေး ၂၂ ဦးလိုက်ပါလာတဲ့ လှေတစင်း မြောက်အာချေးခရိုင်ထဲက Bluka Teubai ရွာကို ရောက်လာခဲ့ကြောင်းနဲ့ ဒေသခံအာဏာပိုင်တွေရဲ့ ညွန်ကြားချက် မသိရသေးခင် တံငါသည်တွေစုဝေးတဲ့နေရာမှာ ယာယီနေရာချထားတယ်လို့ ခရိုင်ရဲအရာရှိက ပြောပါတယ်။

Tuesday, November 15, 2022

ရိုဟင်ဂျာ ၁၀၀ ကျော်ကို အာချေးကမ်းခြေမှာ အင်ဒိုနီးရှားကယ်တင်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၅ နိုဝင်ဘာ၊ ၂၀၂၂


လှေနဲ့တလကျော်ခရီးနှင်ခဲ့တဲ့ရိုဟင်ဂျာ ၁၀၀ ကျော်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေကို ရောက် လာတဲ့အကြောင်း အင်ဒိုနီးရှားရဲဌာန အကြီးအကဲက အင်္ဂါနေ့ကပြောပါတယ်။ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကနေ အန္တရာယ်များလှတဲ့ ပင်လယ်ခရီးကိုထွက်ခဲ့တဲ့ နောက်ဆုံးအုပ်စုဖြစ်မယ်လို့ ယူဆရပါတယ်။

Monday, March 7, 2022

အင်ဒိုနီးရှားကို ရိုဟင်ဂျာလှေစီးဒုက္ခသည် ၁၀၀ ကျော် ရောက်လာ

DVB
2022-03-07

 

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်၊ ဘီရွန်းမြို့ကို မတ်လ ၆ ရက် မနေ့မနက်အစာပိုင်းက ရိုဟင်ဂျာဒုက္ခသည် ၁၁၄ ဦး စက်လှေနဲ့ ရောက်ရှိလာပါတယ်။

ဒုက္ခသည်တွေကြားမှာ ကလေး ၃၅ ယောက်ပါဝင်ပြီး ကျေးရွာထဲဝင် လုံခြုံမှုအကာအကွယ်ပေးဖို့ တောင်းခံ ပါ တယ်။

ရွာခံတဦးက “ပင်လယ်ကို ဘယ်လောက်ကြာအောင် ဖြတ်ခဲ့သလဲဆိုတာ မသိရသေးဘူး၊ အစိုးရလက်ထဲပဲ လွှဲပေး ရမှာပါ၊ လူသားချင်းစာနာ အကူညီပေးရမယ့်ကိစ္စပဲ၊ ဒီက လက်မခံဘူးဆိုရင် သူတို့ ဘယ်သွားမလဲ” လို့ ပြောပါ တယ်။

ရိုဟင်ဂျာ တစ်ရာကျော် အင်ဒိုနီးရှားကို စက်လှေနဲ့ရောက်လာ

RFA
လွတ်လပ်တဲ့အာရှအသံ
၂၀၂၂-၀၃-၀၇ 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရောက်ရှိလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များကို ၂၀၂၂ မတ် ၆ ရက်နေ့က တွေ့ရစဉ်

မြန်မာနိုင်ငံက စက်လှေနဲ့လာတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်ရာကျော်ဟာ တနင်္ဂနွေနေ့ အစောပိုင်းမှာ အင်ဒိုနီးရှား နိုင်ငံ အာချေးပြည်နယ်က ပင်လယ်ကမ်းခြေကို ရောက်လာခဲ့တယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့တစ်ခုက ပြောတဲ့အ ကြောင်း Reuters သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။

ကလေးငယ် ၃၅ဦး အပါအဝင် ဒုက္ခသည် ၁၁၄ ဦးဟာ ပင်လယ်ထဲမှာ ဘယ်လောက် ကြာခဲ့သလဲဆိုတာ အင်ဒိုနီး ရှား အာဏာပိုင်တွေက အသေအချာ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ဒုက္ခသည်အချို့ကတော့ ကျန်းမာရေး အကူ အညီတွေ လိုအပ်နေတယ်လို့ အာချေးပြည်နယ်က စေတနာဝန်ထမ်း ကူညီသူ တစ်ဦးက ပြောပါတယ်။

 

Friday, December 31, 2021

အင်ဒိုနီးရှား ပင်လယ်ပြင်က ရိုဟင်ဂျာ ၁၂၀ ကမ်းကပ်ခွင့်ရ

VOA
31 ဒီဇင်ဘာ၊ 2021

အင်ဒိုနီးရှားနိုင်ငံ၊ Aceh ပြည်နယ်ကမ်းလွန်မှာ လှေပျက်သောင်တင်နေတဲ့ ရိုဟင်ဂျာ ၁၀၀ ကျော်အတွက် အင်ဒိုအစိုးရက စားနပ်ရိက္ခာပို့ပေးရန်ဆောင်ရွက်နေစဉ်။ (၁၂-၂၈-၂၀၂၁)

အင်ဒိုနီးရှားနိုင်ငံ မြောက်ဖက်စွန်း Aceh ပြည်နယ် Bireuen ကမ်းရိုးတန်းကနေ မိုင် ၅၀ ကျော်အကွာ ပင်လယ် ပြင်မှာ ရက်အတော်ကြာ မျောနေတဲ့ ရိုဟင်ဂျာ ၁၂၀ ကြာသပတေးနေ့ နောက်ပိုင်းမှာပဲ ကမ်းပေါ်ရောက်လာကြပါပြီ။ ရေဝင်ပြီး၊ အင်ဂျင်စက်လည်း ပျက်နေတဲ့ စက်လှေကို အင်ဒိုနီးရှားရေတပ်သင်္ဘောနဲ့ Krueng Geukueh ဆိပ် ကမ်းကို ဆွဲလာတာလို့လည်း အင်ဒိုနီးရှားရေတပ် ပြောခွင့်ရ ဗိုလ်မှူးကြီး La Ode M. Holib က ပြောပါတယ်။

ရာသီဥတုဆိုးဝါးပြီး လှိုင်းကြီးနေတာကြောင့် ရိုဟင်ဂျာလှေ တိမ်းမှောက်မသွားအောင် ရေတပ်သင်္ဘောဟာ တနာရီ ရေမိုင် ၆ မိုင်လောက်နဲ့ မောင်းနှင်ခဲ့ရပြီး သန်းကောင်အချိန်လောက်မှာ ကမ်းကပ်နိုငခဲ့တယ်လို့လည်း ပြောပါတယ်။ မိုးသည်းထန်နေတာကြောင့် ဒုက္ခသည်တွေကို ဆိပ်ကမ်းကနေ အနားက ကုန်လှောင်ရုံထဲ ဘတ်စကားတွေနဲ့ ခေါ် ဆောင်လာပြီး ယာယီနားခိုဖို့ စီစဉ်ပေးခဲ့ကြောင်းနဲ့ ကိုဗစ်ရောဂါပိုး ကူးစက်မှုရှိမရှိ စမ်းသပ်စစ်ဆေးမယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ကတော့ ဒီဒုက္ခသည်တွေ အတွက် ကိုဗစ်ပိုးကူးစက်မှုမရှိစေဖို့ quarantine လုပ်တဲ့အစီစဉ် လုပ်ပေးတာ အပါအဝင် သူတို့နဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရကိုရော ဒေသခံအသိုင်းဝိုင်းတွေ ကိုပါ အကူညီပေးဖို့ အသင့်ရှိကြောင်း ပြောပါတယ်။

ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ စက်လှေကိုတော့ တနင်္ဂနွေနေ့က ဒေသခံငါးဖမ်းသမားတွေက ကမ်းကနေ မိုင် ၆၀ လောက်အကွာမှာ စတွေ့ခဲ့တာဖြစ်ပြီး အမျိုးသမီး ၆၀ ကလေးငယ် ၅၁ ယောက်နဲ့ အမျိုးသား ၉ ယောက် လိုက်ပါ လာတာပါ။ သူတို့ဟာ လှေစက်မပျက်ခင်က ပင်လယ်ထဲ ၂၈ ရက်ကြာ နေခဲ့ရကြောင်းနဲ့ သူတို့မလေးရှားကို သွား ချင်ကြောင်းပြောကြပါတယ်။

အစောပိုင်းမှာတော့ ဒုက္ခသည်စက်လှေကို လက်ခံမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ကြပြီး၊ ပျက်စီးနေတဲ့ စက်လှေကို ပြင်ဆင်ပေးပြီး လိုအပ်တဲ့ အကူအညီတွေနဲ့ ပြန်ထွက်ခွာခိုင်းမယ်လို့ ပြောခဲ့ပေမဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ရက အခု နောက်ဆုံး ကမ်းကပ်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။


Link : Here

အင်ဒိုနီးရှား ပင်လယ်ပြင်က ရိုဟင်ဂျာ ၁၂၀ ကမ်းကပ်ခွင့်ရ

VOA
ဝင်းခန့်မောင်
31 ဒီဇင်ဘာ၊ 2021

 အစောပိုင်းမှာတော့ ဒုက္ခသည်စက်လှေကို လက်ခံမှာ မဟုတ်ကြောင်း ပြောခဲ့ပေမဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ရာက အခုနောက်ဆုံး အင်ဒိုနီးရှားအစိုးရက ကမ်းကပ်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

Link : Here

Wednesday, December 29, 2021

အင်ဒိုနီးရှားက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ပြည်ဝင် ခွင့် မပေးဘူး။

Harakadaily
ဒီဇင်ဘာ ၂၉၊ ၂၀၂၁


BIREUEN၊ ACEH - အင်ဒိုနီးရှား အာဏာပိုင်များသည် ဤနေရာတွင် ကမ်းခြေအနီးရှိ ရိုဟင်ဂျာဒုက္ခသည်များ တင်ဆောင်ထားသည့် ပျက်စီးနေသော လှေကို ပြုပြင်ရန် ကူညီမည်ဖြစ်သော်လည်း ဒုက္ခသည်များကို နိုင်ငံတွင်း ခိုလှုံခွင့်တောင်းခြင်း သို့မဟုတ် လှေကိုပင် မောင်းထုတ်ခြင်းမပြုပေ။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကမ်းခြေအနီးတွင် မျောပါလာသည့် ဒုက္ခသည် အမျိုးသား၊ အမျိုးသမီးနှင့် ကလေး ၁၂၀ ခန့်ကို ဒေသခံ ငါးဖမ်းသမားများက တွေ့ရှိခဲ့သည်။

“ရိုဟင်ဂျာတွေက အင်ဒိုနီးရှားတွေမဟုတ်ဘူး၊ ဒုက္ခသည်တွေဖြစ်ရင်တောင် သူတို့ကို ဒီကိုခေါ်လာလို့မရဘူး။ ဒါက အစိုးရပေါ်လစီနဲ့ အညီပါပဲ” ဟု အင်ဒိုနီးရှား ရေတပ်အရာရှိ Dian Suryansyah က ပြောကြားခဲ့သည်။

Tuesday, December 28, 2021

ရိုဟင်ဂျာ ၁၀၀ ကျော် တင်ဆောင်လာတဲ့ လှေတစီး အင်ဒိုနီးရှားမှာ သောင်တင်

VOA
ဗွီအိုအေ (မြန်မာဌာန)
28 ဒီဇင်ဘာ၊ 2021

 

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းက Aceh ပြည်နယ်ကမ်းလွန်မှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတစင်း သောင်တင်နေတာတွေ့ရတယ်လို့ ဒေသအာဏာပိုင်တွေနဲ့ လူ့အခွင့်ရေးအဖွဲ့တွေက တနင်္လာနေ့မှာ ပြောပါတယ်။

ဒီလှေကို တနင်္ဂနွေနေ့မှာ စတွေ့ခဲ့ပြီး သူတို့ကိုကယ်ဆယ်ဖို့အတွက် ဒေသအာဏာပိုင်တွေနဲ့ လက်တွဲလုပ်ဆောင်နေ တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ UNHCR ကပြောပါတယ်။

ဒေသတွင်းက ငါးဖမ်းသမားတွေရဲ့ ခေါင်းဆောင်ကတော့ လှေပေါ်မှာ လူ ၁၂၀ လောက်ပါပြီး သူတို့ကို အစားအစာ တွေ ပေးထားကြောင်းနဲ့ သူတို့ကို ကယ်ဆယ်ဖို့ပါ တာဝန်ရှိသူတွေကို ပန်ကြားထားကြောင်း ပြောတယ်လို့ အင်ဒိုနီး ရှားမှာရှိတဲ့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ခွဲက ပြောပါတယ်။ အန္တရာယ်ရှိတဲ့ ရေပြင်ကို ဖြတ်ပြီး အခုလို ဒုက္ခသည်တွေမလာအောင်လုပ်ဖို့ ဒေသတွင်းနိုင်ငံတွေမှာ တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေ အတွင်း အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာ ဒုက္ခသည် ရာနဲ့ချီ ရောက်လာတာ ဖြစ်ပါတယ်။

Link : Here

Friday, June 4, 2021

ရိုဟင်ဂျာဒုက္ခသည် ၈၀ နီးပါး အင်ဒိုနီးရှားကျွန်းတခုမှာ ရောက်သွား

VOA
ဗွီအိုအေ (မြန်မာဌာန)
04 ဇွန်၊ 2021
Indonesia Rohingya
အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစုပါဝင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၈၀ လောက် အင်ဒိုနီးရှားနိုင်ငံ ကမ်းရိုး တန်း က ကျွန်းတခုကို ဒီကနေ့ပဲ ရောက်လာခဲ့တဲ့အကြောင်း ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တချို့က ပြောပါတယ်။
ဒုက္ခသည်တွေစီးလာတဲ့ စက်လှေဟာ ကပ္ပလီပင်လယ်ပြင်မှာ စက်ပျက်ပြီး ပင်လယ်ထဲမှာ ရက်ပေါင်း ၁၁၃ ရက်ကြာ မျောနေခဲ့ပြီးတော့မှ ခုလို အင်ဒိုနီးရှားနိုင်ငံ ကမ်းခြေကို ရောက်လာတာလို့ ဒုက္ခသည်အရေး ဆောင် ရွက်နေသူတွေကို ကိုးကားပြီး AFP နဲ့ ရိုက်တာသတင်းတွေမှာ ဖော်ပြထားပါတယ်။

Tuesday, April 27, 2021

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အဖြစ် အင်ဒို နီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်းကို ဘရူနိုင်း အဆိုပြု ထား

ဧပြီ ၂၆၊ ၂၀၂၁
M-Media
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟာဆန် ဝီရာဂျူဒါ

-အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟာဆန် ဝီရာဂျူဒါကို ခန့်အပ်ဖို့ ဘရူးနိုင်းက စီစဉ်နေပါတယ်။

ဘရူနိုင်းဟာ လက်ရှိ အာဆီယံ ဥက္ကဌပါ။ စနေနေ့ ဂျကာတာမှာလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ဖြေရှင်းဖို့အတွက် အချက် ၅ ချက်ကို အဖွဲ့ဝင်နိုင်ငံတွေက သဘောတူခဲ့ကြပါတယ်။

အဲဒီ ၅ ချက်ထဲမှာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ပြီး မြန်မာနိုင်ငံကို စေလွှတ်ကာ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့လည်း ပါဝင်ပါတယ်။

Sunday, June 28, 2020

အင်ဒိုနီးရှားရောက် လှေစီးပြေးဒုက္ခသည်တွေကို COVID -19 ရောဂါရှိမရှိစစ်ဆေးနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
29 ဇွန်၊ 2020
ကိုဉာဏ်ဝင်းအောင်
  အင်ဒိုနီးရှားနိုင်ငံအထိ လှေစီးပြေး ရောက်လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် (၁၀၀)နီးပါးကို ဒေသခံ တံငါသည်  တွေ ကယ်တင်ခဲ့ပြီး လောလောဆယ် အာဏာပိုင်တေကွ နေစရာပေးစောင့်ရှောက်ထားသလို၊ ကိုဗစ်ရောဂါ ပိုးရှိမရှိ စစ်ဆေးပေးနတဲ့အကြောင်း AFP သတင်းကို အခြေခံပြီး ဉာဏ်ဝင်းအောင်ပါ ပြောပြပါလိမ့်မယ်။

Link : Here

အင်ဒိုနီးရှားရောက် လှေစီးပြေး ရိုဟင်ဂျာတွေကို COVID -19 စစ်ဆေး

VOA 
ဗွီအိုအေ (မြန်မာဌာန)
28 ဇွန်၊ 2020
ကိုဉာဏ်ဝင်းအောင်
အင်ဒိုနီးရှားရောက် လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်များ။ (ဇွန် ၂၅၊ ၂၀၂၀)

အင်ဒိုနီးရှားနိုင်ငံအထိ လှေစီးပြေး ရောက်လာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ နီးပါးကို ဒေသခံ တံငါ သည် တွေ ကယ်တင်ခဲ့ပြီး လောလောဆယ် အာဏာပိုင်တွေက နေစရာပေး စောင့်ရှောက်ထားသလို ကိုဗစ်ရောဂါ ပိုး ရှိမရှိ စစ်ဆေးနေတဲ့အကြောင်း AFP သတင်းကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

Thursday, June 25, 2020

Aceh ခရိုင်ကမ်းလွန်က ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာတွေထဲ ကလေးငယ် အယောက် ၃၀ ပါ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
25 ဇွန်၊ 2020
အင်ဒိုနီးရှားနိုင်ငံ Aceh ခရိုင် ကမ်းလွန်ပင်လယ်ပြင်ထဲကနေ ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (ဇွန် ၂၅၊ ၂၀၂၀)

အင်ဒိုနီးရှားနိုင်ငံ Aceh ခရိုင် ကမ်းလွန်ပင်လယ်ပြင်ထဲကနေ ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ နီးပါး ထဲမှာ ကလေးငယ် အယောက် ၃၀ ပါတယ်လို့ Aceh မြောက်ပိုင်းခရိုင် ရဲချုပ်ကပြောပါတယ်။

"အခုထိ ကယ်ဆယ်ထားတဲ့ သူတွေထဲ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၄၉ ဦး နဲ့ ကလေး အယောက် ၃၀ မှာ ယောကျ်ားလေး ၁၀ ယောက်နဲ့ မိန်းကလေး အယောက် ၂၀ ပါတယ်။" လို့ ရဲချုပ် Tri Hadiyanto ကပြောပါ တယ်။

Friday, January 10, 2020

အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ် အ ရေးဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
10 ဇန္နဝါရီ၊ 2020
                                            ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

အင်ဒိုနီရှားနိုင်ငံ ဂျကာတာမြို့တော်ကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် နိုင်ငံတကာရေးရာတွေကို ဆွေးနွေး ခဲ့ကြပါတယ်။

Monday, August 5, 2019

မြန်မာဆိုင်ရာ ကုလအချက်လက်ရှာအဖွဲ့ ဂျာကာတာ မှာ သတင်းစာရှင်းမည်

၂၀၁၈ စက်တင်ဘာ တုန်းက မြန်မာဆိုင်ရာ ကုလအချက်လက်ရှာအဖွဲ့ Geneva တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့က ထုတ်မယ့် မြန်မာ စစ်တပ်ရဲ့ စီးပွားရေး အကျိုးစီး ပွားတွေ အကြောင်း အစီရင်ခံစာ အပါအဝင် မြန်မာ့ အရေး အခုနောက်ဆုံး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး တနလာၤနေ့မှာ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ မြို့တော်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */