" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 5, 2022

ကပ္ပလီပင်လယ်ပြင်ကို စွန့်စားဖြတ်ကူးသူ ပိုမိုများပြားလာဟု UNHCR သတိပေး

DVB
5 December 2022

Photo-UN

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ ကပ္ပလီပင်လယ်ပြင်ကို စစ်လှေတွေနဲ့ စွန့်စားဖြတ်ကူးမှုတွေ ပိုမိုများ ပြားလာကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ဒီဇင်ဘာ ၂ ရက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။

အရှေ့တောင်အာရှ ရေလမ်းခရီးဟာ ကမ္ဘာ့အဆိုးရွားဆုံးရေလမ်းကြောင်းတစ်ခုဖြစ်ပြီး အခုနှစ် ဇန်နဝါရီလ နောက် ပိုင်းမှာ ကပ္ပလီပင်လယ်ပြင်ကို စက်လှေတွေနဲ့ ဖြတ်ကူးခဲ့သူပေါင်း ၁၉၀၀ ကျော်ရှိခဲ့ပြီလို့ အဲဒီ ထုတ်ပြန် ချက် ကဆိုပါတယ်။ ဒါဟာ ၂၀၂၀ ပြည့်နှစ်က ဖြတ်ကူးမှုတွေနဲ့ယှဉ်ရင် ၆ ဆ ပိုများတဲ့အရေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ကပ္ပလီပင်လယ်ကိုဖြတ်ကူးဖို့ ကြိုးစားသူ အများစုဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေဖြစ်ကြပြီး အသက်သေဆုံးတဲ့အထိဆိုးရွားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားခဲ့ကြရကြောင်းနဲ့ သူတို့ရည်ရွယ်တဲ့ ခရီးဆုံးပန်းတိုင်ဟာ အင်ဒိုနီးရှားဖြစ်တယ်လို့ဆိုပါတယ်။

“ဒီခရီးကိုသွားဖို့ ကြိုးစားခြင်းအားဖြင့် အသက်ဆုံးရှုံးရနိုင်တဲ့အထိ အကျိုးဆက်တွေ ရလာနိုင်မယ်ဆိုတာကို UNHCR က သတိပေးထုတ်ပြန်ထားပါတယ်”လို့ UNHCR ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှားဘီးယားမန်တူးက ပြော ကြား လိုက်ပြီး အခုနှစ်တစ်နှစ်တည်းမှာတင် ပျောက်ဆုံးနေတဲ့သူ ဒါမှမဟုတ် သေဆုံးခဲ့သူ စုစုပေါင်း ၁၁၉- ယောက် ရှိတယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စကို ဝိုင်းဝန်းကူညီကြဖို့ ဒေသတွင်းနိုင်ငံတွေက အစိုးရတွေကို UNHCR က အကူအညီတောင်းခံထားပြီး နောက်ဆုံးတစ်ခေါက် ဖြတ်ကူးခဲ့ကြသူ ၂၀၀ ကျော်ဟာ အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်အာချေးဒေသကို ရောက်ရှိခဲ့ ကြတယ်လို့ ဆိုပါတယ်။

ရောက်လာသူတွေကို ယာယီနေထိုင်စရာစီစဉ်ပေးထားတဲ့ အင်ဒိုနီးရှားအစိုးရရဲ့ ကူညီမှုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပြီး ကျေးဇူးတင်တယ်လို့ မစ္စမန်တူးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တနှစ်ပတ်က အင်ဒိုနီးရှားကမ်းရိုးတန်းကို လှေနှစ်စီးနဲ့ရောက်လာခဲ့ကြတဲ့ ဒုက္ခသည်တွေကို လော့ခ် စမာဝေမြို့က လူဝင်မှုကြီးကြပ်ရေးရုံးအဟောင်းမှာ လတ်တလော နေရာချထားပေးတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အေဂျင်စီ UNHCR၊ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်း(IOM) တို့အပြင် တခြားမိတ်ဘက်အဖွဲ့အစည်းတွေ အဲဒီနေရာမှာ ပူးပေါင်းကူညီဆောင်ရွက်နေကြ တယ်လို့ ကုလအေဂျင်စီ တာဝန်ရှိသူက ပြောပါတယ်။

“အခုရောက်နေတဲ့ ဒုက္ခသည်နှစ်ဖွဲ့ကို စာရင်းသွင်းတာကအစ သူတို့အတွက်လုံလောက်တဲ့အခြေခံလိုအပ်ချက်တွေ ရ ရှိနိုင် ရေးအတွက် ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ထောက်ပံ့ကူညီနိုင်ရေးကို ဆောင်ရွက်နေကြပါတယ်။”

အသက်ကယ်ဆယ်ရေးဆောင်ရွက်ပေးဖို့ လိုတဲ့အခြေအနေနဲ့ ပင်လယ်ထဲမှာမျောနေတဲ့ တခြားဒုက္ခသည်လှေတွေ လည်း ရှိနေကြောင်း အတည်ပြုနိုင်ခြင်းမရှိသေးတဲ့ သတင်းတွေအရ သိထားတယ်လို့လည်း မစ္စမန်တူးက ပြော ပါ တယ်။

မျှော်လင့်ချက်မဲ့၊ ခိုကိုးရာမဲ့တဲ့ အခြေအနေတွေကြောင့် အသက်သေဆုံးနိုင်လောက်တဲ့အထိ ဒီလိုကြမ်းတမ်းခက်ခဲ တဲ့ ခရီးကို အရဲစွန့်ထွက်ခွာလာတဲ့ ဒုက္ခသည်တွေ ပိုမိုများပြားလာတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် UNHCR နဲ့အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဘက်အဖွဲ့အစည်းတွေ ကနေ ဒေသ တွင်းကရော နိုင်ငံတကာကပါ ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြဖို့နဲ့ မျှဝေတာဝန်ယူပေးကြဖို့ ကုလသမဂ္ဂအေဂျင်စီ က တောင်းဆိုထားပါတယ်။

အခုလက်ရှိ အင်ဒိုနီးရှားကလက်ခံပေးထားတဲ့ ဒုက္ခသည်နဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်ခံထားသူ ၁၃၀၀၀ နီးပါးရှိပြီး အများစုဟာ အာဖဂန်နစ္စတန်၊ ဆိုမားလီးယားနဲ့ မြန်မာနိုင်ငံတို့ကဖြစ်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားတစ် နိုင်ငံ တည်းကနေ ပင်လယ်ပြင်မှာ မျောနေတဲ့ ဒုက္ခသည်တွေကို တာဝန်ယူပြီး ခေါ်ယူပေးထားရတာဟာလည်း မဖြစ် သင့်ဘူးလို့ မစ္စမန်တူးကပြောပါတယ်။

“ဒေသတွင်းကနိုင်ငံတွေဟာ ၂၀၀၅ ဘာလီအစည်းအဝေးမှာ သဘောတူညီ ကတိပေးခဲ့ကြတဲ့အတိုင်းဒီလိုအသက် စွန့် ထွက်ခွာမှုတွေ ပပျောက်ရေးအတွက် စုပေါင်းအဖြေရှာနိုင်ကြဖို့ အရေးကြီးတယ်။”

လူမှောင်ခိုကူးသူတွေကပစ်ထားခဲ့တာကြောင့် ကလေးတွေအပါအဝင်၊ လူပေါင်း ၅၀၀၀ ဟာ ကပ္ပလီပင်လယ်ထဲမှာ လနဲ့ချီအောင် လှေနဲ့ မျောနေခဲ့ပြီး ဆာလောင်မွတ်သိပ်၊ ဖျားနာနေကြတာကို တွေ့ရှိခဲ့ရပါတယ်။


ဒီနောက် ၂၀၁၆ ခုနှစ်မှာ အာရှ-ပစိဖိတ်ဒေသတွင်းက အစိုးရတွေဟာ ဒီလိုခရီးစဉ်တွေကနေ လူတွေသေဆုံးမှုကို ကာကွယ်ဖို့ ပိုမိုပူးပေါင်းဆောင်ရွက်ကြမယ်လို့ သဘောတူ ကတိပေးခဲ့ကြတာရှိကြောင်းကို ကုလသမဂ္ဂရဲ့ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။



Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */