" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ပေါက်တောပြင်. Show all posts
Showing posts with label ပေါက်တောပြင်. Show all posts

Monday, June 24, 2019

AA လို့ယူဆပြီးဖမ်းဆီးစစ်ဆေးနေသူထဲက တစ် ယောက်သေဆုံး

RFA
လွတ်လပ်တဲ့ အာရှအသံ 
2019-06-24
သေဆုံးသွားသူဖြစ်တဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင်ရွာသား ကိုနေမျိုးထွန်းကို တွေ့ရစဉ်

Photo: cincds.gov.mm
                                         
A အဖွဲ့ဝင်တွေလို့ ယူဆပြီး တပ်မတော်က ဖမ်းဆီးစစ်ဆေးနေသူတွေထဲက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင်ရွာသားတစ်ဦး ဒီနေ့ သေဆုံးသွားပါတယ်။

သေဆုံးသူဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာက အသက် ၂၃ နှစ်အရွယ် ကိုနေ မျိုးထွန်း ဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့က ဝေသာလီဘုရားကြီးကို ပြုပြင်ဖို့ လက်သမားအဖြစ် ဝေသာလီရွာကို ရောက်ရှိနေစဉ် ဖမ်းဆီးခံရတာဖြစ်ပါတယ်။

Tuesday, June 11, 2019

ပေါက်တောပြင် စစ်ရှောင်စခန်း လုံခြုံရေးတပ်ဖွဲ့ဝင် တွေ ၀င်ရောက်စစ်ဆေး

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
11 ဇွန်၊ 2019 

ပေါက်တောပြင် စစ်ရှောင်စခန်း လုံခြုံရေးတပ်ဖွဲ့ဝ ပေါက်တောပြင် စစ်ရှောင်စခန်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ၀င်ရောက် စစ်ဆေးနေပုံ (သတင်းဓာတ်ပုံ - စခန်းတာဝန်ခံဆရာတော် သဘာဝနဒီ) 
ဝိုင်းထားတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်ဒုက္ခသည်တွေ ခိုလှုံနေရာ ပေါက်တောပြင် ဘုန်း ကြီးကျောင်းမှာ အာဏာပိုင်တွေက ဒီကနေ့ ၀င်ရောက် စစ်ဆေးခဲ့ပြီးနောက် အခြေအနေတွေ ပုံမှန်ပြန် ဖြစ်နေပြီလို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ ရခိုင်တပ်မတော် AA နဲ့ ဆက်နွယ် သူတွေ ရှိနိုင်တယ်ဆိုတဲ့ သံသယနဲ့ ၀င်ရောက်ရှာဖွေဖို့ ပြီးခဲ့တဲ့ရက်တွေမှာ စစ်တပ်က ၀ိုင်းထားတဲ့အတွက် လုံခြုံရေး စိုးရိမ်တာကြောင့် စစ်ရှောင် ၁၀၀၀ ကျော်လောက်ကတော့ စခန်းကနေ ထွက်ခွာသွား တယ်လို့ လည်း စခန်းတာဝန်ခံတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာ ပိုင်း သတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ ထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */