" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, January 10, 2020

အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ် အ ရေးဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
10 ဇန္နဝါရီ၊ 2020
                                            ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

အင်ဒိုနီရှားနိုင်ငံ ဂျကာတာမြို့တော်ကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် နိုင်ငံတကာရေးရာတွေကို ဆွေးနွေး ခဲ့ကြပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ၂ ယောက်ဆွေးနွေးပွဲအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ အင်ဒိုနီးရှား နိုင်ငံခြား ရေး ဝန်ကြီး Retno Marsudi က သတင်းထောက်တွေကို ခုလိုပြောကြားခဲ့တာပါ။

“ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်နေတဲ့အခြေအနေ၊ တောင်တရုတ်ပင်လယ်ကိစ္စ၊ ရခိုင်ပြည်နယ်ကိစ္စနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အခြေအနေတွေကို ဆွေး နွေးဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ အခြေအနေတွေ ပိုဆိုးမလာအောင် သက်ဆိုင်သူအားလုံး ထိန်း ထိန်းသိမ်းသိမ်းလုပ်ကြဖို့ အင်ဒိုနီးရှားရော၊ ဂျပန်ကပါ မျှော်လင့်ပါတယ်” လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောကြားသွားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးနေကြတဲ့ နိုင်ငံတွေထဲမှာ ဂျပန်နဲ့ အင်ဒိုနီးရှားလည်းပါဝင်နေတာပါ။ တောင်တရုတ်ပင်လယ်ထဲက တရုတ်နဲ့အင်ဒိုနီးရှားကြား ရေနယ်နိမိတ် အငြင်းပွားနေတဲ့နေရာနားက ကျွန်းတွေမှာ ဂျပန်က ငါးလုပ်ငန်းနဲ့စွမ်းအင်လုပ်ငန်းတွေ ရင်းနှီးမြှပ်နှံဖို့ အ တွက် ဂျပန်နိုင်ငံ ခြားရေးဝန်ကြီးခရီးစဉ်အတွင်း အင်ဒိုနီးရှားက တိုက်တွန်းခဲ့ပါတယ်။

ဝန်ကြီး Toshimitsu Motegi နဲ့အင်ဒိုနီးရှားသမ္မတ Joko Widodo တို့ ဒီနေ့အစောပိုင်းက တွေ့ဆုံစဉ်အတွင်း Natuna ကျွန်းစုတွေမှာ ဂျပန်ရင်းနှီးမြှပ်နှံဖို့ သမ္မတ Widodo ကဖိတ်ခေါ်ခဲ့တာပါ။

Natuna ကျွန်းကြီးပေါ်မှာ ငါးဈေးတည်ဆောက်ဖို့ ဂျပန်က အင်ဒိုနီးရှားကို ဒေါ်လာ ၇ သန်းကျော်ပြီးခဲ့ တဲ့နှစ် က ကူညီခဲ့ပါတယ်။ ပထမအဆင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် ငါးလုပ်ငန်းဆိုင်ရာစင်တာနဲ့ ငါးဈေးတည် ဆောက်နေပြီး စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှပ်နှံမှုအပါအဝင် ဒုတိယအဆင့် ပူးပေါင်းဆောင်ရွက်မှုတွေကို အမြန် ဆုံးစဖို့ မျှော် လင့်တယ်လို့ အင်ဒိုနီးရှားသမ္မတက ဒီကနေ့ ပြောကြားခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အင်ဒိုနီးရှားခရီး စဉ်အတွင်း Natuna အပါအဝင် အင်ဒိုနီးရှားကျွန်းတွေမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဖို့ ဂျပန်နဲ့ အင်ဒိုနီးရှားတို့ သဘောတူခဲ့ကြပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */