RFA
2025.03.01
Showing posts with label ဦးကျော်မိုးထွန်း. Show all posts
Showing posts with label ဦးကျော်မိုးထွန်း. Show all posts
Saturday, March 1, 2025
မြန်မာ့အရေးဖြေရှင်းဖို့ နိုင်ငံတကာ ပူးပေါင်းမှုလိုအပ်ကြောင်း ဦးကျော်မိုးထွန်းပြော
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။Permanent Mission of Myanmar to the United Nations Photo
Sunday, November 17, 2024
မြန်မာ့အရေးကို အာရုံစိုက်ဖို့ နိုင်ငံတကာကို သံအမတ်ကြီး တိုက်တွန်း
RFA
RFA Burmese
2024.11.15
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ကျင်းပသည့် "အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ အစီအရင်ခံစာ" ဆွေးနွေးပွဲတက်ရောက်လာသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။Permanent Mission of Myanmar to the United Nations
စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စစ်ကောင်စီက ဆက်လက် ကျူးလွန်နေပြီး ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူတွေဟာ အသက်အိုးအိမ်စည်းစိမ်တွေ နေ့စဉ် စတေးနေရတယ်လို့ ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။
Monday, December 18, 2023
သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်း ဆောင်ခွင့်ရ
VOA
ဗွီအိုအေ (မြန်မာဌာန)
၁၉ ဒီဇင်ဘာ၊ ၂၀၂၃
စစ်အာဏာသိမ်းကောင်စီကို ကိုယ်စားမပြုကြောင်း ကုလအထွေထွေညီလာခံမှာ စတင်တရားဝင်အသိပေးခဲ့တဲ့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။ (ဖေဖေါ်ဝါရီ ၂၆၊ ၂၀၂၁)
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် နိုင်ငံကိုယ်စားပြုမှုအရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ စိစစ်ရွေးချယ်ရေးကော်မတီက ထပ်မံဆိုင်းငံလိုက်တဲ့အတွက် သံအမတ်ကြီး ဦးကျော်မိုး ထွန်းဟာ ကုလသမဂ္ဂဆိုင် ရာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။
Friday, November 17, 2023
ပြည်သူကို လေကြောင်းနှင့်လက်နက်ကြီးဖြင့် စစ်ကောင်စီ တပ် တိုးမြှင့် တိုက်ခိုက်နေကြောင်း သံအမတ်ကြီးဆို
MYANMAR PRESS AGENCY (MPA)
Nov 17, 2023
စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုနှင့် လက် နက်ကြီးဖြင့် ပစ်ခတ်မှုတို့အား အဆင်ခြင်မဲ့ တိုးမြှင့်လုပ်ဆောင်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုး ထွန်းက ကုလသမဂ္ဂအစည်းအဝေးတစ်ရပ်၌ ပြောကြားခဲ့သည်။
Monday, September 25, 2023
ကုလသမဂ္ဂ မြန်မာသံအမတ်အဖြစ် ဦးကျော်မိုးထွန်း ဆက် လက်တာဝန်ယူဖို့ ဆုံးဖြတ်၊ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက ၇၄ သန်း ထောက်ပံ့ဖို့ ကြေညာ
မိုးမခ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၃
၂၀၂၁ ခုနှစ် စက်တင်ဘာလ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ဆက်တာဝန်ယူဖို့ ကုလ ကိုယ်စားပြုမှု အတည်ပြုရေးကော်မတီက ဆုံးဖြတ်ခဲ့တဲ့ အတိုင်း ၂၀၂၃ ခုနှစ်မှာလည်း ဒုတိ ယအကြိမ်အဖြစ် ဆက်လက် အတည်ပြုဆုံးဖြတ်ခဲ့ကြတယ်လို့ ဒီနေ့ သတင်းတွေမှာ ဖေါ်ပြထားကြ ပါတယ်။ Credential Committee လို့ခေါ်ဆိုတဲ့ ကုလသမဂ္ဂမှာ ကိုယ်စားပြုတက်ရောက်ခွင့်ရှိတဲ့ အစိုးရတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ပေးတဲ့ ကော်မတီက နိုင်ငံအချို့ရဲ့ အငြင်း ပွားစရာ ကိုယ်စားပြု သံအမတ်ခန့်အပ်မှုနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ဆုံးဖြတ်ပေးခွင့်ရှိတာ ဖြစ်ပြီးမြန်မာ နိုင်ငံက စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာ အန်အယ်လ်ဒီအစိုးရလက်ထက်က ခန့်အပ်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ကာ စစ်ကောင်စီကို ကိုယ်စားမပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီးအဖြစ်နဲ့ ရပ်တည်ခဲ့တာ ခု ဆိုရင် ကာလအားဖြင့် ၂ နှစ်ခွဲကျော်၊ ကုလညီလာခံအနေနဲ့ တတိယအကြိမ်မြောက် ရှိပြီဖြစ်ပါ တယ်။
Saturday, September 23, 2023
လုံခြုံရေးကောင်စီကနေ စစ်တပ်ကိုအရေးယူဖို့ ဦးကျော်မိုးထွန်းတောင်းဆို
RFA
စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.09.22
၂ဝ၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေး တက်ရောက်လာ သည့် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား တွေ့ရစဉ်။
Permanent Mission of Myanmar to the United Nations
Permanent Mission of Myanmar to the United Nations
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပိုပြင်းထန်တဲ့ ဆုံးဖြတ်ချက်သစ် ချမှတ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
Wednesday, October 19, 2022
မြန်မာနိုင်ငံ ဒုက္ခသည်အခြေအနေ သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာတင်ပြ
VOA
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေအတွက် ကုလသမဂ္ဂအနေနဲ့ ကြေညာချက်တွေ ထုတ်ပြန်နေတာထက် လက်တွေ့ထိထိရောက်ရောက်အကာအကွယ်ပေးဖို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
အောက်တိုဘာလ (၁၇)ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီကို တင်သွင်းခဲ့တဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် အစီရင်ခံစာအပေါ် သံအမတ်ကြီးက တုံ့ပြန်ခဲ့တာပါ။
အင်ကြင်းနိုင်
၁၉ အောက်တိုဘာ၊ ၂၀၂၂
Ambassador U Kyaw Moe Tun presented the refugee situation in Myanmar at the UN. (October 17 2022)
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေအတွက် ကုလသမဂ္ဂအနေနဲ့ ကြေညာချက်တွေ ထုတ်ပြန်နေတာထက် လက်တွေ့ထိထိရောက်ရောက်အကာအကွယ်ပေးဖို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
အောက်တိုဘာလ (၁၇)ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီကို တင်သွင်းခဲ့တဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် အစီရင်ခံစာအပေါ် သံအမတ်ကြီးက တုံ့ပြန်ခဲ့တာပါ။
Wednesday, May 26, 2021
ကုလဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာကို အစားထိုးဖို့ စစ်ကောင်စီကြိုးပမ်း
Radio Free Asia ( RFA )
လွတ်လပ်တဲ့အာရှအသံ
2021-05-25
လွတ်လပ်တဲ့အာရှအသံ
2021-05-25
နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ နေရာကို အစားထိုးဖို့ မြန် မာစစ်ကောင်စီက ကြိုးပမ်းနေပါတယ်။ ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက စစ် သံမှူး ဗိုလ်မှူးကြီး ဦးအောင်သူရိန်ကို ဦးကျော်မိုးထွန်း ရဲ့ နေရာမှာ အစားထိုးတာဝန်ပေးခန့်အပ်တဲ့ စာတစောင် ကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ဝါရှင်တန်ဒီစီသံရုံးကို ပြီးခဲ့တဲ့အပတ်အတွင်းက ပေးပို့ခဲ့ တယ်လို့ ဝါရှင်တန်သံရုံးကနေ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် အလုပ်ထုတ် ပယ်ခံရတဲ့ တတိယအတွင်းဝန်ဟောင်း ဦးကျော်စွာထွန်း က RFA ကိုပြောပါတယ်။
Monday, May 10, 2021
အထူးအစီရင်ခံစာတင်သွင်းသူနှင့် အချက်အလက်ရှာဖွေ ရေးအဖွဲ့တို့နှင့် အပြန်အလှန် ဆွေးနွေးပွဲများ၌ မြန်မာအမြဲ တမ်းကိုယ်စားလှယ်က ပြန်လည်တုံ့ပြန်ပြောကြား
အထူးအစီရင်ခံစာတင်သွင်းသူနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့တို့နှင့် အပြန်အလှန် ဆွေးနွေးပွဲများ၌ မြန်မာ အမြဲတမ်းကိုယ်စားလှယ်က ပြန်လည်တုံ့ပြန်ပြောကြား(၁၉-၉-၂၀၁၉ ရက်၊ ဂျီနီဗာမြို့)
ဂျီနီဗာမြို့၊ ကုလသမဂ္ဂအဆောက်အဦ၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ (၄၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီ ရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုနှင့် လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေေ ရး အဖွဲ့(FFM)၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးပွဲတို့ကို ၁၆-၉-၂၀၁၉ ရက်နှင့် ၁၇-၉-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့ရာ၌ မြန်မာနိုင်ငံအပေါ် အထူးအစီရင်ခံစာတင်သွင်းသူ၏ အပြုသဘော မေ ဆာင်သည့် ဝေဖန်သုံးသပ် ပြောကြားမှုများနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့၏ မျှတမှုမရှိသည့် အစီရင်ခံစာ တို့နှင့်ပတ်သက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း က တုံ့ပြန်ပြောကြားခဲ့သည်။
ဂျီနီဗာမြို့၊ ကုလသမဂ္ဂအဆောက်အဦ၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ (၄၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီ ရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုနှင့် လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေေ ရး အဖွဲ့(FFM)၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးပွဲတို့ကို ၁၆-၉-၂၀၁၉ ရက်နှင့် ၁၇-၉-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့ရာ၌ မြန်မာနိုင်ငံအပေါ် အထူးအစီရင်ခံစာတင်သွင်းသူ၏ အပြုသဘော မေ ဆာင်သည့် ဝေဖန်သုံးသပ် ပြောကြားမှုများနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့၏ မျှတမှုမရှိသည့် အစီရင်ခံစာ တို့နှင့်ပတ်သက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း က တုံ့ပြန်ပြောကြားခဲ့သည်။
Monday, April 12, 2021
Wednesday, March 3, 2021
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊သူသာ ကုလဆိုင်ရာမြန်မာ သံဖြစ်ကြောင်း ဦးကျော်မိုးထွန်း တရားဝင်စာပို့
B B C
ဘီဘီစီမြန်မာပိုင်း3 မတ် 2021
အာဏာသိမ်းတဲ့ ရာဇဝတ်မှုကို ကျုးလွန်သူတွေက ဖျက်လို့ တရားဝင် သမ္မတတစ်ယောက်ရဲ့ အာဏာ ပျက်ပြယ်မသွားဘူး ဆိုပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့စာထဲ ရေးသား
Friday, February 26, 2021
အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဖို့ ကုလ သမဂ္ဂမှာ မြန်မာသံအမတ်ကြီးပြော
RFA
လွတ်လပ်တဲ့အာရှအသံ
2021-02-26
ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ဖေဖော်ဝါရီ ၂၆ ရက် ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း NLD အစိုးရကိုသာ ဆက်လက်ကိုယ်စားပြု
VOA
ဗွီအိုအေ (မြန်မာဌာန)
26 ဖေဖော်ဝါရီ၊ 2021
ဗွီအိုအေ (မြန်မာဌာန)
26 ဖေဖော်ဝါရီ၊ 2021
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒီကနေ့ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီ လာခံမှာ NLD အစိုးရကိုသာ ဆက်ပြီး ကိုယ်စားပြုကြောင်း ပြောသွားပါတယ်။ သံအမတ်ကြီးရဲ့ မြန်မာလိုပြော ဆိုချက် အပြည့်အစုံကတော့ -
Thursday, June 25, 2020
Tuesday, June 23, 2020
လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာကို ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်မျိုး လက်မခံ (ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး)
VOA
ဗွီအိုအေ (မြန်မာပိုင်း)
23 ဇွန်၊ 2020
ဗွီအိုအေ (မြန်မာပိုင်း)
23 ဇွန်၊ 2020
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း (Credit - Ministry of Foreign Affairs Myanmar)
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ချမှတ် လိုက်တဲ့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံဘက်က လက်မခံပယ်ချလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မှာ ဇွန်လ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၄၃ ကြိမ်မြောက် ပုံမှန်အစည်းအ ဝေးအတွင်း ဥရောပသမဂ္ဂ (EU) က တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်အဆိုကို လက်မခံကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက အခုလို ပြောပါတယ်။
Saturday, February 29, 2020
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီ ရင်ခံတင်ပြချက်အပေါ် မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောကြား
Ministry of Foreign Affairs
၂၈-၂-၂၀၂၀ ရက်
ဂျီနီဗာမြို့
၂၈-၂-၂၀၂၀ ရက်
ဂျီနီဗာမြို့
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးကာလအတွင်း “ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားလူနည်းစုတို့နှင့် စပ်လျဉ်း၍ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ” အပေါ် အပြန်အလှန် ဆွေးနွေးပွဲတို့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည်။
Subscribe to:
Posts (Atom)