" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 26, 2022

ရိုဟင်ဂျာလှေတစ်စီးကို အင်ဒိုနီးရှားကယ်ဆယ်

B B C 

ဘီဘီစီမြန်မာပိုင်း
2022-12-26

  ကယ်ဆယ်ထားတဲ့လှေကို ကြည့်နေတဲ့ဒေသခံတွေ

အင်ဒိုအစိုးရက အကူအညီပေးပြီးနောက် အရပ်ဘက်အဖွဲ့အစည်းတွေကလက်ခံစောင့်ရှောက်ထား

အစာရေစာပြတ်လပ်ပြီးအားနည်းနေတဲ့ ရိုဟင်ဂျာ ၅၈ယောက်ပါတဲ့ လှေအငယ်စားတစ်စီးဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးဘီဆာခရိုင်က အင်ဒရာပတ်ထရာ ကမ်းခြေကို မနေ့ ဒီဇင်ဘာ ၂၅ရက်က ကမ်းကပ်လာလို့ ဒေသခံရွာ သားတွေက ကယ်ဆယ်ခဲ့ကြပါတယ်။

ဒေသခံရွာသားတွေရဲ့ အပြောအရ သစ်သားလှေပေါ်မှာ မွတ်ဆလင်အမျိုးသားတွေပါလာတာကိုတွေ့လို့ သူတို့ ကို ကုန်းပေါ်‌ရောက်အောင် ကူညီပေးပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ကို သတင်းပို့ခဲ့တာလို့ဆိုပါတယ်။

“ သူတို့ မှာဆာလောင်မှုနဲ့ ရေဓာတ်ခန်းခြောက်မှုကြောင့် အလွန်အားနည်းနေပုံရပါတယ်။ သူတို့ထဲက တချို့က ပင်လယ်ပြင်မှာ ကြာရှည်စွာနဲ့ ပြင်းထန်စွာ ခရီးထွက်လာရလို့ ဖျားနာနေကြတယ်” လို့ အာချေးဘီဆာခရိုင်ကရဲ တာဝန်ရှိသူက ပြောပါတယ်။

ကယ်ဆယ်ပြီးနောက် သူတို့ထဲက အနည်းဆုံး ၃ယောက်ကို ဆေးကုသမှုပေးခဲ့ပြီးလူဝင်မှုကြီးကြပ်ရေးနှင့် ဒေသ ဆိုင်ရာ တာဝန်ရှိသူတွေထံက နောက်ထပ် ညွှန်ကြားချက်ကို စောင့်ဆိုင်းနေချိန်မှာပဲ ကယ်ဆယ်ခဲ့သူတွေ ကို အစာ‌နဲ့ ရေလို အာဟာရကျွေးမွေးတာတွေလုပ်ခဲ့တယ်လို့ အင်ဒိုနီးရှားကလာတဲ့သတင်းတွေကဖော်ပြပါတယ်။

လက်ရှိမှာ လှေပေါ်ပါ ရိုဟင်ဂျာ တွေကို အင်ဒိုနီးရှားအစိုးရက ကူညီကယ်ဆယ်ရေး လုပ်ထားပေးပြီးနောက် အင် ဒိုရှိ ကုလသမဂ္ဂရုံး နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ လက်ခံစောင့်ရှောက်ထားမယ်လို့ နားလည်ရ ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာအကြံပေးအဖွဲ့၀င်တစ်ဦးဖြစ်သူ ဦးအောင် ကျော်မိုးက သူနဲ့အဆက်အသွယ်ရရှိထားချက်တွေကို ကိုးကားကာ ဘီဘီစီကိုပြောပြပါတယ်။

ဒီဇင်ဘာ ၂၄ရက်ကပဲ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တောင်အာရှ ဌာနရဲ့ တွစ် တာ မှာ ဖော်ပြချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နိုဝင်ဘာလမှာထွက်ခွာလာပြီး၊ ပင်လယ်ပြင်မှာ သီတင်းပတ် တွေ နဲ့ချီ မျောနေခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၈၀ ထက်မနည်းဟာ အဆက်အသွယ်ပြတ်တောက်နေလို့ အခုအခါ သေဆုံးသွားလောက်ပြီလို့ ရေးသားထားပါတယ်။

ပင်လယ်ထဲဖြတ်နိုင်တဲ့အထိ ခိုင်ခန့်မှုမရှိတဲ့ စက်လှေငယ်ပျောက်ဆုံးနေပြီးပင်လယ်ပြင်မှာ နစ်မြုပ်သွားနိုင်တဲ့ အခြေအနေရှိတယ်လို့ အတည်မပြုနိုင်သေးတဲ့သတင်းတွေကို ကိုးကားပြီး ပြောဆိုထားတာပါ။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */