" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 26, 2022

လှေစီးပြေး ရိုဟင်ဂျာ ၅၈ဦး အင်ဒိုကယ်ဆယ်

VOA
ဗွီအိုအေမြန်မာပိုင်း
2022-12-26
MYANMAR-ROHINGYA/INDONESIA

အင်ဒိုနီးရှားနိုင်ငံ မြောက်ဖက်စွန်း အာချေးပြည်နယ်ထဲက ကမ်းခြေတခုမှာ အစာရေစာပြတ်လပ်ပြီးအားနည်းနေ တဲ့ ရိုဟင်ဂျာဆယ်ဂဏန်းလောက်ကို တနင်းနွေနေ့က တွေ့ရှိခဲ့တယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ပြောပါ တယ်။ သူတို့ဟာ ပင်လယ်ထဲ ရက်သတင်းပတ်အတန်ကြာခဲ့ပြီးနောက်၊ အာချေးကမ်းခြေကိုရောက်လာ တာလို့ ဆိုပါတယ်။ အမျိုးသား ၅၈ဦးပါ ဒီအစုဟာ အာချေးပြည်နယ် Ladong တံငါရွာက Indrapatra ကမ်းခြေကို တ နင်း နွေနေ့အစောပိုင်းက ရောက်ရှိလာကြတာလို့ ဒေသရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ သူတို့ထဲက သုံး ဦးက အခြေအနေအတော်ဆိုးနေပြီး၊ အများစုကတော့ ရေဓါတ်ခမ်းခြောက်တဲ့ဝေဒနာခံစားနေရတယ်လို့ ဆရာ ဝန်တဦးက အေပီသတင်းဌာနကို ပြောပါတယ်။

ကပ္ပလီပင်လယ်ပြင်ထဲမှာ သီတင်းပတ်အတန်ကြာမြောနေတဲ့ လှေတစင်းပေါ်က ရိုဟင်ဂျာဒုက္ခသည် ခန့်မှန်းချေ ၁၉၀ လောက်ကို ကယ်တင်ပေးကြဖို့ ပြီးခဲ့တဲ့သောကြာနေ့ကပဲ ကုလသမဂ္ဂက တောင်အာရှနိုင်ငံတွေကို မေတ္တာ ရပ်ခံခဲ့ပါတယ်။ ဒါပေမယ့် အခု ရောက်လာသူတွေဟာ အဲဒီအုပ်စုလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမရှိသေး ဘူး လို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ ဒါပေမယ့် ဒုက္ခသည်တဦးက​တော့ သူတို့ဟာ အလုပ်အကိုင်ရဖို့ ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းကနေ မလေးရှားနိုင်ငံကို ဦးတည်ထွက်လာတာဖြစ်ပြီး ပင်လယ်ထဲတလကျော်ကြာ ခဲ့တယ်လို့ မလေးစကားနဲ့ အေပီသတင်းဌာနကို ပြောပြပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဖြစ်ပြီးတဲ့နောက် ရိုဟင်ဂျာ ခုနှစ် သိန်းကျော် ဘင်္ဂလားဒေ့ရ်ှဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။ နှစ်အတော်ကြာတဲ့အထိ နေရပ်ပြန်ရေး အစီ အစဉ်တွေဖြစ်မလာသေးသလို၊ ဒုက္ခသည်စခန်းတွေမှာလည်း နေရေးထိုင်ရေးခက်ခဲလာမှုကြောင့် ရိုဟင်ဂျာဒုက္ခ သည်တွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် အရဲစွန့်ပြီး ပင်လယ်ပြင်ကတဆင့် တခြားတတိယနိုင်ငံတွေမှာ အခြေချဖို့ ကြိုးစားနေကြပါတယ်။ အများစုကတော့ မွတ်ဆလင်အများစုရှိတဲ့ မလေးရှားနိုင်ငံကို သွားရောက်ဖို့ ကြိုးစားနေ ကြတာပါ။ ဒါပေမယ့်လည်း မလေးရှားရောက်ရင်လည်း သူတို့မှာ တရားဝင်အထောက်အထားမရှိတာမို့ ဖမ်းဆီးခံ ရတာတွေ ရှိနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာကုလသဘောတူစာချုပ်ကို လက်မှတ်ထိုးထားခြင်းမရှိ ပေမယ့်လည်း၊ လှေစီးပြေးလာတဲ့ ဒုက္ခသည်တွေကို ကူညီမယ်ဆိုတဲ့ အစိုးရ သဘောထားရှိနေပါတယ်။ ပြီးခဲ့တဲ့ လ တုန်းကလည်း အာချေးမြောက်ပိုင်းက ကမ်းခြေကို ရောက်လာတဲ့ လှေနှစ်စင်းကနေ အမျိူးသမီး ၆၃ဦး က လေးငယ် ၄၀ဦးအပါအဝင် စုစုပေါင်း ရိုဟင်ဂျာဒုက္ခသည် ၂၁၉ ဦးကို ကယ်ဆယ်ခဲ့ဖူးပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */