" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အမြင့်ကျွန်း. Show all posts
Showing posts with label အမြင့်ကျွန်း. Show all posts

Thursday, June 11, 2020

စစ်တွေ အမြင့်ကျွန်းရွာထဲ ပစ်ခတ်ခံရလို့ အရပ်သားတစ်ဦး သေ၊ နှစ်ဦးဒဏ်ရာပြင်းထန်

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မြန်မာဌာန | သတင်းများ
2020-06-10



ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ မင်းချောင်းတံတားဘက်မှာဒီနေ့ မနက် ၁ နာရီလောက်က တပ်မတော်ရေယာဉ်ကို အေအေအဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကျေးရွာ သားတွေ က ပြောပါတယ်။

အဲဒီလိုတိုက်ခိုက်တာကြောင့် တပ်မတော်ရေယာဉ်ကနေ ပြန်လည်ပစ်ခတ်ရာမှာ အမြင့်ကျွန်း ကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေကျရောက်လို့ အသက် ၈၀ ကျော်အရွယ် အဘွားအိုတစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား တစ်ဦးတို့ အပြင်းအထန်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */