" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်ရှောင်. Show all posts
Showing posts with label စစ်ရှောင်. Show all posts

Tuesday, June 11, 2019

ပေါက်တောပြင် စစ်ရှောင်စခန်း လုံခြုံရေးတပ်ဖွဲ့ဝင် တွေ ၀င်ရောက်စစ်ဆေး

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
11 ဇွန်၊ 2019 

ပေါက်တောပြင် စစ်ရှောင်စခန်း လုံခြုံရေးတပ်ဖွဲ့ဝ ပေါက်တောပြင် စစ်ရှောင်စခန်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ၀င်ရောက် စစ်ဆေးနေပုံ (သတင်းဓာတ်ပုံ - စခန်းတာဝန်ခံဆရာတော် သဘာဝနဒီ) 
ဝိုင်းထားတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်ဒုက္ခသည်တွေ ခိုလှုံနေရာ ပေါက်တောပြင် ဘုန်း ကြီးကျောင်းမှာ အာဏာပိုင်တွေက ဒီကနေ့ ၀င်ရောက် စစ်ဆေးခဲ့ပြီးနောက် အခြေအနေတွေ ပုံမှန်ပြန် ဖြစ်နေပြီလို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ ရခိုင်တပ်မတော် AA နဲ့ ဆက်နွယ် သူတွေ ရှိနိုင်တယ်ဆိုတဲ့ သံသယနဲ့ ၀င်ရောက်ရှာဖွေဖို့ ပြီးခဲ့တဲ့ရက်တွေမှာ စစ်တပ်က ၀ိုင်းထားတဲ့အတွက် လုံခြုံရေး စိုးရိမ်တာကြောင့် စစ်ရှောင် ၁၀၀၀ ကျော်လောက်ကတော့ စခန်းကနေ ထွက်ခွာသွား တယ်လို့ လည်း စခန်းတာဝန်ခံတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာ ပိုင်း သတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ ထားပါတယ်။

Tuesday, April 16, 2019

သင်္ကြန်တွင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်လက် ဖြစ်ပွား

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
16 ဧပြီ၊ 2019 
 ရခိုင် မြောက်ဦး ရှေးဟောင်းဘုရားများ
မြန်မာနိုင်ငံတ၀ှမ်း ရိုးရာသင်္ကြန် ရေသဘင်ပွဲတော်တွေ ဆင်နွှဲနေကြတဲ့အချိန် ရခိုင်ပြည်နယ် မြောက်ဦးမြို့ နယ်ဘက်မှာတော့ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား ပါတယ်။ ဒီမနက် မြောက်ဦးနဲ့ မင်းပြားနယ်အစပ် ပန်းမြောင်းရှည်ချောင်းဘက်မှာ နှစ်ဘက်တိုက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တပ်မတော်ဘက်ကနေ လေကြောင်း အကူသုံး တိုက်ခိုက်တာတွေ ရှိတယ်လို့ AA တာဝန်ရှိ သူက ပြောပါတယ်။


Monday, April 8, 2019

ဘူးသီးတောင် စစ်ရှောင်အချို့ နေရပ်ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
 ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (photo-Rakhine Ethnics Congress)

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့ AA တို့အကြား စစ်ရေးတင်းမာမှုတွေကြောင့် နေရပ်ကနေ တိမ်း ရှောင် ထွက်ပြေးနေကြရတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင် ရွာသားတချို့နေရပ်ကို စ တင်ပြန်နေကြပေမဲ့လည်း စိုးရိမ်စိတ်ကြောင့် အားလုံး မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာကို စွန့်ခွါပြီး စစ်ရှောင်နေရတဲ့ အတွက် အိမ်တွင်း ပျက်စီးမှုတွေ များပြားနေတယ်လို့လည်း ဆိုပါ တယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထား ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */